အသက္(၄၆) ႏွစ္ျပည့္ေမြးေန႔မွာ ျပင္ဦးလြင္ၿမိဳ႕က ေျမ(၁)ဧကကို သာသနာ့နယ္ေျမအျဖစ္ လႉဒါန္းခဲ့တဲ့ ကိုေပါက္

ပည္သူခ်စ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုေပါက္ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ကေန အႏုပညာပညာရပ္ေတြကို ေလ့လာဆည္းပူးၿပီး နိုင္ငံေက်ာ္ဒါရိုက္တာတစ္ေယာက္ ျဖစ္လာသူပါ။ အႏုပညာမွာလည္း ထူးခၽြန္သလို စိတ္သေဘာထားလည္း ေကာင္းမြန္တဲ့ ကိုေပါက္က ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိထားသလို လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ မေန႔က ဇန္နဝါရီလ (၅) ရက္ေန႔က ကိုေပါက္ရဲ့ ေမြးေန႔ေလးျဖစ္ၿပီး ကိုေပါက္က သူ႔ရဲ့ ေမြးေန႔မွာ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“၄၆ ႏွစ္ျပည့္ ေမြးေန႔အလႉ ေက်းဇူးရွင္မိဘႏွစ္ပါးကို ဦးထိပ္တင္လၽွက္ ဘုရား တရား သံဃာ နဲ႔ ခင္ပြန္းႀကီး ၁၀ ပါးကိုရိုေသစြာကန္ေတာ့ပါတယ္။ အရင္ႏွစ္ေတြက ဒီေန႔ဆ္ိုရင္ လမ္းထဲမွာ စတုဒီသာ ထမင္း/ဟင္း ေကၽြးၿပီးခဲ့ၿပီေပါ့။ ကိုဗစ္ေၾကာင့္ လူစုေဝးရမွာေၾကာက္လို႔ လူနည္းနည္းနဲ႔ အလႉလုပ္ျဖစ္ခဲ့ပါတယ္။ အျမန္လမ္း ၁၁၆မိုင္ ၆ဖာလုံ ကမၻာၿငိမ္းေအးေစတီတစ္ေထာင္ဆရာေတာ္ စမဘုန္းဘုန္းကို ျပင္ဦးလြင္ ေအာင္ခ်မ္းသာေက်းရြာအုပ္စု၊အင္သာေက်းရြာရွိ ေၿမ (၁)ဧက ကို စမဘုန္းဘုန္းသာသနာျပဳရာတြင္ လိုအပ္သလိုအသုံးျပဳနိုင္ရန္ ရည္ရြယ္၍ လႉဒါန္းခဲ့ပါသည္။🙏🙏🙏”

“ယခုျပဳရ ေသာဒါန သီလ ဘာဝနာ ကုသိုလ္အစုစုတြက္ နတ္ လူ သာဓု ေခၚေစေသာ္.. အားလုံး အမၽွ အမၽွ အမၽွ ရၾကပါေစ။🙏🙏🙏 (အထူးသျဖင့္ ခ်စ္ရတဲ့ဇနီး ၊ဘဝခရီေဖာ္ ၊လက္တြဲေဖာ္၊လမ္းျပၾကယ္ ခ်စ္ဇနီးအသည္းေလးမမနီနီ ကို အထူးေက်းဇူးတင္ပါတယ္။ သူသာမရွိရင္ ကၽြန္ ေတာ္အခုလိုေအာင္ျမင္လာဖို႔မလြယ္ပါဘူး။ အျမဲတမ္းသည္းခံနားလည္ ေပးတဲ့အတြက္ အရမ္ေက်းဇူးတင္ရပါတယ္။ေနာက္ၿပီး သူ႔ရဲ့ေနာက္ကမိသားစု ဝင္မ်ားအားလုံးေက်းဇူးပါ။) ေမြးေန႔ဆုေတာင္းေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကိုအထူးေက်းဇူးတင္ပါသည္။ စာျပန္မေရးနိုင္တာ ခြင့္လႊတ္ပါေနာ္” ဆိုၿပီး သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ဆယ္လီကြန္နက္ရွင္

Unicode

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ အနုပညာပညာရပ်တွေကို လေ့လာဆည်းပူးပြီး နိုင်ငံကျော်ဒါရိုက်တာတစ်ယောက် ဖြစ်လာသူပါ။ အနုပညာမှာလည်း ထူးချွန်သလို စိတ်သဘောထားလည်း ကောင်းမွန်တဲ့ ကိုပေါက်က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူချစ်လူခင်ပေါများသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ မနေ့က ဇန်နဝါရီလ (၅) ရက်နေ့က ကိုပေါက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ကိုပေါက်က သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“၄၆ နှစ်ပြည့် မွေးနေ့အလှူ ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်တင်လျှက် ဘုရား တရား သံဃာ နဲ့ ခင်ပွန်းကြီး ၁၀ ပါးကိုရိုသေစွာကန်တော့ပါတယ်။ အရင်နှစ်တွေက ဒီနေ့ဆ်ိုရင် လမ်းထဲမှာ စတုဒီသာ ထမင်း/ဟင်း ကျွေးပြီးခဲ့ပြီပေါ့။ ကိုဗစ်ကြောင့် လူစုဝေးရမှာကြောက်လို့ လူနည်းနည်းနဲ့ အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အမြန်လမ်း ၁၁၆မိုင် ၆ဖာလုံ ကမ္ဘာငြိမ်းအေးစေတီတစ်ထောင်ဆရာတော် စမဘုန်းဘုန်းကို ပြင်ဦးလွင် အောင်ချမ်းသာကျေးရွာအုပ်စု၊အင်သာကျေးရွာရှိ မြေ (၁)ဧက ကို စမဘုန်းဘုန်းသာသနာပြုရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါသည်။🙏🙏🙏”

“ယခုပြုရ သောဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတွက် နတ် လူ သာဓု ခေါ်စေသော်.. အားလုံး အမျှ အမျှ အမျှ ရကြပါစေ။🙏🙏🙏 (အထူးသဖြင့် ချစ်ရတဲ့ဇနီး ၊ဘဝခရီဖော် ၊လက်တွဲဖော်၊လမ်းပြကြယ် ချစ်ဇနီးအသည်းလေးမမနီနီ ကို အထူးကျေးဇူးတင်ပါတယ်။ သူသာမရှိရင် ကျွန် တော်အခုလိုအောင်မြင်လာဖို့မလွယ်ပါဘူး။ အမြဲတမ်းသည်းခံနားလည် ပေးတဲ့အတွက် အရမ်ကျေးဇူးတင်ရပါတယ်။နောက်ပြီး သူ့ရဲ့နောက်ကမိသားစု ဝင်များအားလုံးကျေးဇူးပါ။) မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။ စာပြန်မရေးနိုင်တာ ခွင့်လွှတ်ပါနော်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဆယ်လီကွန်နက်ရှင်