အိမ္ေတာင္လူမိုက္ ဗူးမစိုက္နဲ႔ ဆိုတဲ့ စကားပုံ၏အဓိပၸါယ္
သည္စကားပုံေလး ငယ္စဥ္ကပင္ ၾကားဖူးခဲ့ပါ၏။ သို႔ေသာ္ ဆိုလိုရင္းကို ေဝဝါးစြာပင္ အိမ္ေထာင္က်ၿပီး ဗူးစိုက္ရင္ လူမိုက္လား လူလိမၼာ မွ စိုက္ရမည္လား စသျဖင့္ အမွတ္မထင္ ဆရာႀကီး စစ္ကိုင္းဦးဖိုးသင္ ၏ ေဆာင္းပါးကို ဖတ္မိ၍ ဆိုလိုရင္း အမွန္ကို သိရေတာ့သည္
ဗူးပင္ကို အိမ္ဝင္းမ်ားအတြင္း မိုးအခါ စိုက္ပ်ိဳးတတ္သည္ ။ ေဆာင္းအခါေတာ့ ကိုင္းဗူးေပါ့မိုးတြင္း ေလတိုက္ခတ္ရာ အရပ္မွာ ေတာင္ေလ၊ အေနာက္ေတာင္ေလမ်ား တိုက္ခတ္ပါသည္
ဗူးပင္သည္ ေန႔အခါ နိုက္ထရိုဂ်င္ကို ရႉသြင္းၿပီး ေအာက္စီဂ်င္ကို ထုတ္ပါသည္ ။ ည အခါတြင္မေတာ့ ေအာက္စီဂ်င္ကို ရႉသြင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ထုတ္လႊတ္ပါသတဲ့
ကာဗြန္ဒိုင္ေအာက္ဆိုဒ္သည္ အဆိပ္ဓါတ္ ထို႔ေၾကာင့္ အိမ္ေတာင္ဘက္တြင္ ဗူးပင္ စိုက္မိလၽွင္ ညအခါ ဗူးပင္မွလာေသာေလသည္ ေလဆိုး အဆိပ္ဓာတ္ပါပဲ
ၾကာေသာအခါ က်န္းမာေရးထိခိုက္ ေရာဂါမ်ိဳးစုံ ဝင္နိုင္ပါသတဲ့ သည္အေၾကာင္းေၾကာင့္ပင္ မိမိအိမ္တြင္ ဗူးပင္စိုက္ပ်ိဳးပါက အိမ္၏ေတာင္ဘက္အရပ္တြင္ ဗူးပင္ မစိုက္ပ်ိဳးသင့္ေၾကာင္းကို အိမ္ေတာင္လူမိုက္ ဗူးမစိုက္ႏွင့္ ဟူေသာ စာခ်ိဳးျဖင့္ ေရွးပညာရွိမ်ားက ဆုံးမခဲ့ပါေၾကာင္း
Unicode
အိမ်တောင်လူမိုက် ဗူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏အဓိပ္ပါယ်
သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင် အိမ်ထောင်ကျပြီး ဗူးစိုက်ရင် လူမိုက်လား လူလိမ္မာ မှ စိုက်ရမည်လား စသဖြင့်အမှတ်မထင် ဆရာကြီး စစ်ကိုင်းဦးဖိုးသင် ၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည်
ဗူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ဆောင်းအခါတော့ ကိုင်းဗူးပေါ့ မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည်
ဗူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည် ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။ ထို့ကြောင့် အိမ်တောင်ဘက်တွင် ဗူးပင် စိုက်မိလျှင် ညအခါ ဗူးပင်မှလာသောလေသည် လေဆိုး အဆိပ်ဓာတ်ပါပဲ
ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသတဲ့ ။ သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင် ဗူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဗူးပင် မစိုက်ပျိုးသင့်ကြောင်းကို အိမ်တောင်လူမိုက် ဗူးမစိုက်နှင့် ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း