သာသနာေတာ္ဆိုင္ရာအျမင့္ဆုံးဆု လူပုဂၢိဳလ္မ်ား ပထမအဆင့္ကို မိုးေကာင္းၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦး ခ်ီးျမႇင့္ခံရေၾကာင္း ၇၃ ႏွစ္ေျမာက္လြတ္လပ္ေရး ေန႔ က နိုင္ငံပိုင္သတင္းစာႏွင့္ ႐ုပ္ျမင္သံၾကားတို႔မွ ထုတ္ျပန္ေၾကျငာခဲ့သိရသည္ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ေနာင္ကိုင္ေတာ္ရပ္ကြက္ေန မေနာဧကရီႏွင့္ ၿမိဳ႕ျပေရႊျပည္ကုမၸဏီတို႔၏ မန္ေနဂ်င္းဒါရိုက္တာ ေဒၚခင္ျမင့္ဦးသည္ နိုင္ငံေတာ္မွ ခ်ီးျမႇင့္ သည့္ သာသနာေတာ္ဆိုင္ရာအျမင့္ဆုံးဆု လူပုဂၢိဳလ္မ်ား ပထမအဆင့္ အဂၢမဟာသီရိသုဓမၼသိဂႌဘြဲ႕ကို အပ္ႏွင္းဂုဏ္ျပဳျခင္းခံရေၾကာင္း ဇန္နဝါရီလ ၄ ရက္ေန႔က နိုင္ငံပိုင္သတင္းစာႏွင့္႐ုပ္ျမင္သံၾကားတို႔မွ ထုတ္ျပန္ေၾကျငာခဲ့သည္
အန္တီတို႔က ဘဝကို ေအာက္ေျခကစခဲ့ရတာ။ အိမ္ေထာင္ထူကာစက အန္တီ့အမ်ိဳးသားက ဆိုကၠားနင္းၿပီး အန္တီက ကုန္စိမ္းေရာင္းၿပီး ဘဝကိုစခဲ့ရတာ။တစ္ဆင့္ၿပီးတစ္ဆင့္ႀကိဳးစားရင္း ခုေတာ့ လုပ္ငန္းအမ်ားအျပားက ျမန္မာျပည္အႏွံ့ ေျခဆန႔္နိုင္ခဲ့ၿပီး ရလာတဲ့အျမတ္ေငြထဲက ေက်ာင္းေဆာက္၊ ဘုရားတည္ အ လႉ ဒါန အသီးသီးျပဳၾကတယ္။ ခုလိုဘြဲ႕ထူးခ်ီးျမႇင့္ခံရတာ အထူးအထူးပဲဝမ္းသာမိတယ္။ အရမ္းလဲေပ်ာ္ရပါတယ္၊ ပီတိမ်က္ရည္မ်ားလဲက်ခဲ့ရပါတယ္ တစ္မူးရလို႔တစ္ပဲလႉ ဒို႔ရွမ္းေတာင္သူ တူနိုင္ရိုးလား ဆိုတဲ့အတိုင္းဘဲ မိုးေပၚကက်လာတဲ့ မိုးေရေပါက္ေတြဟာ က်ပါမ်ားလာေတာ့ ေရပုံး၊ ေရအိုးထဲျပည့္လၽွံရ သ လို အလႉဒါန ေတြကလဲ တစ္ျဖည္းျဖည္း တစ္စိမ့္စိမ့္ လႉလာရင္းနဲ႔ ဒါနကုသိုလ္ေတြမ်ား လာခဲ့ရ တာပါ။ ဒီဘြဲ႕ဟာ အန္တီ့ဘဝရဲ့သမိုင္းမွတ္တမ္းမွတ္တိုင္ ေလးတစ္ခု ေလးျဖစ္ လို႔ အရမ္းအရမ္းေပ်ာ္တာေပါ့
သြားေလ သူႀကီးလဲ ေရာက္ရွိရာ ဘုံကေနအျပဳံးပီတိေတြနဲ႔ၾကည့္ေနမွာပါ၊ သိေနမွာပါဟု သာသနာေတာ္ဆိုင္ရာအျမင့္ဆုံးဆု လူပုဂၢိဳလ္မ်ား ပထမအဆင့္ အဂၢမ ဟာ သီရိသုဓမၼသိဂႌဘြဲ႕ရ ေဒၚခင္ျမင့္ဦးက ဆိုသည္ အဆိုပါ အလႉရွင္သည္ ေနရာဌာနအသီးသီးတြင္ ေငြက်ပ္သိန္းေပါင္းေလးေသာင္းေက်ာ္ လႉဒါန္းခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ၂၀၁၉ ခုႏွစ္ကလည္း သီဟသုဓမၼသိဂႌဘြဲ႕ ကို နိုင္ ငံေတာ္မွ ခ်ီးျမႇင့္ေပးအပ္ခဲ့ၿပီးေၾကာင္း သိရသည္
Unicode
သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု လူပုဂ္ဂိုလ်များ ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့်ခံရကြောင်း ၇၃ နှစ်မြောက်လွတ်လပ်ရေး နေ့ က နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့သိရသည် ကချင်ပြည်နယ် မိုးကောင်းမြို့နောင်ကိုင်တော်ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည်ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှ ချီးမြှင့် သည့် သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု လူပုဂ္ဂိုလ်များ ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်းဂုဏ်ပြုခြင်းခံရကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က နိုင်ငံပိုင်သတင်းစာနှင့်ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့သည်
အန်တီတို့က ဘဝကို အောက်ခြေကစခဲ့ရတာ။ အိမ်ထောင်ထူကာစက အန်တီ့အမျိုးသားက ဆိုက္ကားနင်းပြီး အန်တီက ကုန်စိမ်းရောင်းပြီး ဘဝကိုစခဲ့ရတာ။တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားရင်း ခုတော့ လုပ်ငန်းအများအပြားက မြန်မာပြည်အနှံ့ ခြေဆန့်နိုင်ခဲ့ပြီး ရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက်၊ ဘုရားတည် အ လှူ ဒါန အသီးသီးပြုကြတယ်။ ခုလိုဘွဲ့ထူးချီးမြှင့်ခံရတာ အထူးအထူးပဲဝမ်းသာမိတယ်။ အရမ်းလဲပျော်ရပါတယ်၊ ပီတိမျက်ရည်များလဲကျခဲ့ရပါတယ် တစ်မူးရလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတဲ့အတိုင်းဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက်တွေဟာ ကျပါများလာတော့ ရေပုံး၊ ရေအိုးထဲပြည့်လျှံရ သ လို အလှူဒါန တွေကလဲ တစ်ဖြည်းဖြည်း တစ်စိမ့်စိမ့် လှူလာရင်းနဲ့ ဒါနကုသိုလ်တွေများ လာခဲ့ရ တာပါ။ ဒီဘွဲ့ဟာ အန်တီ့ဘဝရဲ့သမိုင်းမှတ်တမ်းမှတ်တိုင် လေးတစ်ခု လေးဖြစ် လို့ အရမ်းအရမ်းပျော်တာပေါ့
သွားလေ သူကြီးလဲ ရောက်ရှိရာ ဘုံကနေအပြုံးပီတိတွေနဲ့ကြည့်နေမှာပါ၊ သိနေမှာပါဟု သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု လူပုဂ္ဂိုလ်များ ပထမအဆင့် အဂ္ဂမ ဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုသည် အဆိုပါ အလှူရှင်သည် နေရာဌာနအသီးသီးတွင် ငွေကျပ်သိန်းပေါင်းလေးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ ကို နိုင် ငံတော်မှ ချီးမြှင့်ပေးအပ်ခဲ့ပြီးကြောင်း သိရသည်