အသည္းေရာင္ အသားဝါ၊ အဆစ္အျမစ္ေရာင္၊ ေရယုံ၊ ေသြးတိုးနဲ႔ ငုပင္အစြမ္း

ပဥၥငါးပါးအား ေသြးလိမ္းေပးပါက ေပြး၊ ဝဲ၊ ယားနာတို႔ကို သက္သာေပ်ာက္ကင္းေစပါသည္။ ငုရြက္အရည္ကို လိမ္းေပးပါက ေရယုံနာကို သက္သာေပ်ာက္ကင္းေစပါသည္။ ငုရြက္ကို အပူေပး၍ ၾကပ္ထုပ္ထိုးေပးပါက အဆစ္ေရာင္ကို သက္သာေပ်ာက္ကင္းေစပါသည္။ အရြက္ႏုမ်ားကို ဟင္းခ်ိဳလုပ္ေသာက္ပါက ဝမ္းကိုသက္ေစပါ၏။

ငုသီးအႏွစ္အား ခ်က္ကိုေနလည္ခင္းလိမ္းေပးပါက ဆီးေဆာင့္၊ ဆီးခ်ဳပ္၊ ဆီးေသြးပါျခင္းတို႔ကို သက္သာေစပါသည္။ ငုႏွစ္ျပဳတ္ေရအား နားတြင္ခပ္ေပး ၾကပ္ေပးပါက နားႏွင့္ပတ္ သက္ေသာ ေဝဒနာမ်ား ေပ်ာက္ကင္းေစပါသည္။ ငုျမစ္ကို ႏြားနို႔ႏွင့္ ျပဳတ္ေသာက္ေပးပါက ေလႏွင့္ပတ္သက္ေသာေရာဂါမ်ား သက္သာေပ်ာက္ကင္းေစပါသည္။ ငုျမစ္အား ေရျဖင့္ သုံးပုံတစ္ပုံ က်န္ေအာင္ျပဳတ္၍ တေန႔အၾကမ္းပုဂံတစ္လုံး၊ သုံးၾကမ္ေသာက္ေပးပါက အသားဝါ၊အသည္းေရာင္ေရာဂါတို႔ကို ေပ်ာက္ကင္းေစပါသည္။

ဆင္တုန္းမႏြယ္၊ ဥႏၷဲျမစ္၊ ငုႏွစ္၊ ၁.က်ပ္သားစီ။ နႏြင္း.၉.က်ပ္သား တို႔အား အမႈန႔္ျပဳ၊ ပ်ားရည္ႏွင့္ေတ၍ ညအိပ္ရာဝင္ခ်ိန္ ေကာ္ဖီဇြန္တစ္ဇြန္းမၽွ ပုံမွန္စားေပးပါက ေသြးတိုးေရာ ဂါကို သက္သာေစပါသည္။ ေသြးတိုးသမားမ်ား ေသြးတိုးအား ထိန္းသည့္အေနျဖင့္ေန႔စဥ္ေသာက္ေပးသင့္ပါသည္။

ကိုယ္ေတြ႕ ေဆးနည္းတိုေလးေတြပါ သတၱဝါအားလုံး.က်န္းမာ.ခ်မ္းသာ.လန္းျဖာၾကပါေစ

Crd-Din Din B.A.Hist.Dip-T-Med တိုင္းရင္းေဆးပညာဒီပလိုမာ

Unicode

ပဥ္စငါးပါးအား သွေးလိမ်းပေးပါက ပွေး၊ ဝဲ၊ ယားနာတို့ကို သက်သာပျောက်ကင်းစေပါသည်။ ငုရွက်အရည်ကို လိမ်းပေးပါက ရေယုံနာကို သက်သာပျောက်ကင်းစေပါသည်။ ငုရွက်ကို အပူပေး၍ ကြပ်ထုပ်ထိုးပေးပါက အဆစ်ရောင်ကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုများကို ဟင်းချိုလုပ်သောက်ပါက ဝမ်းကိုသက်စေပါ၏။

ငုသီးအနှစ်အား ချက်ကိုနေလည်ခင်းလိမ်းပေးပါက ဆီးဆောင့်၊ ဆီးချုပ်၊ ဆီးသွေးပါခြင်းတို့ကို သက်သာစေပါသည်။ ငုနှစ်ပြုတ်ရေအား နားတွင်ခပ်ပေး ကြပ်ပေးပါက နားနှင့်ပတ် သက်သော ဝေဒနာများ ပျောက်ကင်းစေပါသည်။ ငုမြစ်ကို နွားနို့နှင့် ပြုတ်သောက်ပေးပါက လေနှင့်ပတ်သက်သောရောဂါများ သက်သာပျောက်ကင်းစေပါသည်။ ငုမြစ်အား ရေဖြင့် သုံးပုံတစ်ပုံ ကျန်အောင်ပြုတ်၍ တနေ့အကြမ်းပုဂံတစ်လုံး၊ သုံးကြမ်သောက်ပေးပါက အသားဝါ၊အသည်းရောင်ရောဂါတို့ကို ပျောက်ကင်းစေပါသည်။

ဆင်တုန်းမနွယ်၊ ဥန္နဲမြစ်၊ ငုနှစ်၊ ၁.ကျပ်သားစီ။ နနွင်း.၉.ကျပ်သား တို့အား အမှုန့်ပြု၊ ပျားရည်နှင့်တေ၍ ညအိပ်ရာဝင်ချိန် ကော်ဖီဇွန်တစ်ဇွန်းမျှ ပုံမှန်စားပေးပါက သွေးတိုးရော ဂါကို သက်သာစေပါသည်။ သွေးတိုးသမားများ သွေးတိုးအား ထိန်းသည့်အနေဖြင့်နေ့စဉ်သောက်ပေးသင့်ပါသည်။

ကိုယ်တွေ့ ဆေးနည်းတိုလေးတွေပါ သတ္တဝါအားလုံး.ကျန်းမာ.ချမ်းသာ.လန်းဖြာကြပါစေ

Crd-Din Din B.A.Hist.Dip-T-Med တိုင်းရင်းဆေးပညာဒီပလိုမာ