သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး ထောင်ထဲမှာ သားယောကျာ်းလေး မွေးဖွား(ရုပ်သံ)




Video ကြည့်ရန်

မူရင်း Swelosne News

Unicode

အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလေ့ရှိပြီး ကြမ်းကြမ်းရမ်းရမ်အိုက်တတ်ခန်းတွေမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူ အမျိုးသမီးငယ်လေးကို အပြင်းအထန်နာကျင်စေမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတာပဲဖြစ်ပါတယ် ။ ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာတို့ ဇနီးမောင်နှံရဲ့ အမှုဟာ မပြီးသေးပဲ ထောင်ထဲမှာနေရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ကြီးနဲ့ မင်းရာဇာရဲ့ မိန်းမကတော့ ထောင်ထဲမှာကလေးမွေးဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မင်းရာဇာ မိန်းမ ထောင်ထဲမှာ သားယောကျာ်းလေးမွေးတာကိုသရုပ်ဆောင်မင်းဇော်က ပြောပြလာခဲ့ပါတယ်။ မင်းဇော်က  မင်းရာဇာ ရဲ့ မိန်းမ က ထောင်ထဲမှာ ကလေး မွေးသွားပြီ ကြားတယ်။ ကြာသပတေးသား ယောက်ျားလေး ပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းက မင်းရာဇာ နဲ့ သွားတွေ့ဖြစ်တယ်။ သူ့ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ရောလုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ပါ တတ်နိုင်သမျှ ကူညီပေးသွားမယ် လို့ ပြောလာခဲ့ပါတယ်။

အားလုံး ပြီးသွားရင်တော့ အနုပညာ အတူတူ ပြန်လုပ်ကြဖို့ အားပေး ချင်တယ် လို့လဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် သရုပ်ဆောင် မင်းဇောရဲ့ interviewဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

မူရင်း Swelosne News