ရုရှားက ကျင်းပသည့် ပြိုင်ပွဲတွင် မြန်မာ ၈ တန်းကျောင်းသူ ဒုတိယဆုရရှိ
Unicode
ရုရှားနိုင်ငံကကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုစတာပြိုင်ပွဲတွင် မြန်မာနိုင်ငံက အဋ္ဌမတန်းကျောင်းသူက ဒုတိယဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသောအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးပိုစတာနှင့် ဗီဒီယိုကြော်ငြာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သူ ရန်ကုန်မြို့ အ.ထ.က ၂ စမ်းချောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်းကျောင်းသူ မအိမ့်မျက်ခြယ် သည် ဒုတိယဆုရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲကို နိုင်ငံတကာမှ အသက် ၁၄ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး မအိမ့်မျက်ခြယ် သည် ဒုတိယဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်း အမှတ်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ ပါတယ်။crd TNO