လူတိုင်းမှာ ချစ်သူရှိရမယ်လို့ ဘယ်သူမှ မဆိုထားပါဘူး။ တစ်ယောက်တည်းသီးသန့်နေတဲ့သူတွေ ရှိသလို ချစ်သူနဲ့ အတူရှိတတ်တဲ့သူတွေလည်း ရှိကြပါတယ်။ ကိုယ့်မှာချစ်သူရှိလို့လည်း ချစ်သူမရှိကို နှိမ်တာမျိုးလုပ်လို့ မရပါဘူး။ ဘယ်သူမဆို သူတို့ရဲ့ အားနည်းချက်ကို ပြောတာမျိုးမကြိုက်ကြပါဘူး။ ဒါကြောင့် အခုပြောပြချင်တာကတော့ ဆင်ဂယ် Friends တွေကို မမေးသင့်မပြောသင့်တဲ့စကားလေးတွေကို ပြောပြလိုက်ပါတယ်နော်
၁။ ဘာကြောင့် ရည်းစားနဲ့ ပြတ်သွားတာလည်း-လူတစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားတိုက်ဆိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် သူတို့စိတ်ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး မေးတာမျိုးမလုပ်ပါနဲ့။ သူတို့ ဘာသာ ဘယ်လို အကြောင်းအရာကြောင့်ပြတ်ပါစေ ဘာကြောင့်လဲဆိုတာကို မမေးပါနဲ့
၂။ လိန်တူချစ်သူလား-သူငယ်ချင်းနဲ့ အတူတူ သွားလာတာများလာရင်လူတွေက သူတို့က အချင်းချင်းတွဲနေကြတာလားဆိုပြီးတော့ မေးတတ်ကြပါတယ်။ ပုံမှန်ထက်ပိုပြီးခင်တဲ့သူတွေကို အကောင်းဆုံးသူငယ်ချင်းလို့ ခေါ်တတ်ကြပါတယ်။ ဒီလိုပဲ အကောင်းဆုံးသူငယ်ချင်းတွေ တွဲသွားတွဲလာ လုပ်တာများလာရင် သူတို့က လိန်တူချစ်သူတွေလားဆိုပြီးတော့ သံသယဝင်တတ်ကြပါတယ်။ ဒါ့အပြင် သိချင်တဲ့စိတ်ကြောင့် မေးလိုက်တာမျိုးဖြစ်လာတဲ့အခါမှာ တစ်ပါးသူကို စိတ်ညစ်သွားစေနိုင်ပါတယ် ဒါကြောင့် ဒါက မမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်
၃။ ကလေးမမွေးနိုင်လို့ ယောက်ျားမယူတာလား-လူတွေက သူတို့အိမ်ထောင်ပြုလိုက်တိုင်း အရွယ်ရောက်တဲ့သူတိုင်းအိမ်ထောင်ပြုရမယ်လို့တွေးတတ်ကြပါတယ်။ ဒါအပြင် သူတို့မှာ အားနည်းချက်ရှိလို့ တစ်ယောက်တည်းနေတာဆိုပြီးတော့လည်း လုပ်တတ်ကြပါတယ်။ နောက်ဆုံး ကလေးမမွေးနိုင်လို့ ယောက်ျားမယူတာလားဆိုတဲ့အထိတောင် ပြောတတ်ကြပါတယ်။ ဘယ်လိုအကြောင်းအရာကြောင်ပဲ ဖြစ်ပါစေ ဒါက မမေးသင့်ပါဘူးနော်
၎။ ဇီဇာကြောင်လိုက်တာ-ကိုယ့်မှာ ရည်းစားမရှိဘူးလို့ ပြောလိုက်တာနဲ့ လူတိုင်းက ထင်တတ်ကြပါတယ်။ ဇီဇာကြောင်လို့ ရည်းစားမရတာလား။ ဒါက လူတိုင်းအလွယ်တကူ တွေးလိုက်တဲ့အရာပါပဲ။ သူတို့ မိတ်ဆက်ပေးတဲ့သူနဲ့ အဆင်မပြေရင်လည်း သူက ဇီဇာကြောင်လို့ အဲ့လိုဖြစ်နေတာဆိုပြီးတော့လည်း အတင်းပြန်တုတ်တတ်ကြပါတယ်
အခုပြောပြခဲ့တာတွေကတော့ ဆင်ဂယ် Friends တွေ ကို မမေးသင့်တဲ့စကားတွေပဲဖြစ်ပါတယ်။ တစ်ချို့တွေက ဆင်ဂယ် နေရတာကို သဘောကျတဲ့သူရှိသလို တစ်ချို့တွေကျတော့လည်း စိတ်ကုန်သွားလို့ Single နေကြတာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်ပါစေ ဘယ်တော့မှ ဆင်ဂယ် Friends တွေကို မမေးတာအကောင်းဆုံးဖြစ်ပါတယ်။ ခရက်ဒစ် မြန်မာ့ပလက်ဖောင်း