Zawgyi
လမ်းတောင် မလျှောက်နိုင်အောင် နာနေတဲ့ ဒူးကျီးပေါင်း ကိုယ်တွေ့ပျောက်ကင်းစေတဲ့နည်း
လွန်ခဲ့တဲ့ ၄ လလောက်ထဲကလမ်းတောင်မလျှောက်နိုင်အောင် နာနေတဲ့ ဒူးကျီးပေါင်းတက်တာအထူးကုနဲ့ပြ/ဆေးမျိုးစုံသောက်/စက်တွေနဲ့လေ့ကျင့်ခန်းလုပ် မပျောက်လို့စိတ်ညစ်နေတာ
Unicode
လမ်းတောင် မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်း ကိုယ်တွေ့ပျောက်ကင်းစေတဲ့နည်း
ကိုယ်တွေ့မို့ မျှဝေပါရစေ
လွန်ခဲ့တဲ့ ၄ လလောက်ထဲကလမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်းတက်တာအထူးကုနဲ့ပြ/ဆေးမျိုးစုံသောက်/စက်တွေနဲ့လေ့ကျင့်ခန်းလုပ် မပျောက်လို့စိတ်ညစ်နေတာ
သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီးသူ့ကိုယ်တွေ့ဆိုပြီးညွန်းလို့ မယုံပေမဲ့စမ်းကြည့်လိုက်တာ တပတ်အတွင်းလုံးဝနီးပါးပျောက်သလောက်ဖြစ်သွားလို့ ပြန်လည်မျှဝေပါတယ် ။
မူရင်းတင်သူက သူငယ်ချင်း ကိုဇော်ဦးပါ ကိုယ်တွေ့မို့ စမ်းကြည့်စေချင်တယ် ။
သူငယ်ချင်း ကိုဇော်ဦးပို့စ်
သေချာလို့ကြေငြာပါရစေ ၂၀၀၅ကစလို့ဒူးနာခဲ့တာ ၂၀၀၈မှာဒူးထဲမှာ ချောတဲ့လမ်းကြောင်းသိပ်မရှိတော့ဘူး လမ်းတောင်သိပ်မလျောက်ပါနဲ့လို့ prof ကပြောတယ် ။
၆/ ၈ / ၂၀၁၈ ရက်နေ့က မတွေ့တာနှစ်ပေါင်း၄ဝကျော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းသင်္ချာပါမောက္ခကိုဝင်းဆွေ(အငြိမ်းစား)ပေးတဲ့ဆေးနည်း ၆/၈/၁၈နေ့မှာဘဲစလိမ်းတာကနေ့ ၇၅%လောက်ကောင်းနေပါ ။
ပြီ သူငယ်ချင်းကတော့လည်ပင်း ကြီးပေါင်းဇက်လိမ်နေတဲ့အဆင့်ကို ၄ /၅ ရက်နဲ့ပျောက်ခဲ့တယ်လို့ နုတ်ပြောလေးနဲ့မျှဝေလို့ ၃. ၄ ဦးလောက်လဲအဆင်ပြေနေကြပြီ ။
ဝေဒနာရှိနေရင်ကောင်းစေချင်လို့ထပ်ဆင့်ဖြန့်ဝေတာပါ ။ဆေးနည်းက အရမ်းဈေးသက်သာပါတယ် သုံးကြည့်ပါရက်ရှည်အကြိမ်များများလိမ်းဖို့တော့လိုပါတယ် ။
ကွမ်းစားတဲ့ထုံးနဲ့ အုန်းဆီကိုသမအောင်ရောစပ်ပြီး လိမ်းတဲ့နေရာထုံးဖွေးနေဖို့လဲမလိုဘူးထုံးများသွားရင်လဲ ထုံးကအဖတ်လိုက်ကွာထွက်ပါတယ် ။အုန်းဆီများသွားရင်လဲ အဝတ်အစားတွေဆီပေပါတယ် ချိန်ဆပြီးရောပါအချိုးအစားအစဉ်ပြေသွားရင် ခြောက်သွားပါတယ် ။
ထုံးမကြီးသီးစေ့ ၅ စေ့စာလောက်ကို အုန်းဆီ ၆ စက်/၇ စက် လောက် ထည့်ရင် အတော်ပါဘဲ နှစ်ခုစပ်ပြီးရင် ဖြစ်တဲ့နေရာကိုအတော်ကြာပွတ်ပေးဖို့တော့လိုပါတယ် ။
ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါ ။
ကိုယ်တွေ့ပါ စမ်းကြည့်လိုက်ပါ အဆင်ပြေလို့ ကောင်းပါတယ်ဆိုရင်နောက်လူတွေထပ်ညွန်းပေးပါ ။
အားလုံးသက်သာပျောက်ကင်းကြပါစေ …
ကိုဝင်းဆွေ ကိုကျေးဇူးတင်စွာဖြင့် မူရင်းတင်သူU Zaw Oo