စီးပြားေရးနိမ့္က် ႏြမ္းပါး အဆင္မေျပျဖစ္ေနျခင္း၊ အေႂကြးမဆပ္နိုင္ျဖစ္ေနျခင္း၊ေငြေၾကးမစုနိုင္ျဖစ္ေနျခင္း မ်ားဆိုသူမ်ားအတြက္ ဤဂါထာေတာ္ကို ပုတီးစိပ္ရြတ္ဆို ၾကေစရန္ရည္ရြယ္ၿပီး မၽွေဝေပးျခင္းျဖစ္ပါတယ္။ဒီဂါထာေတာ္ကို ပုတီးမစိပ္မွီ ဘုရားကန္ေတာ့၊သီလယူ၊ ျမတ္စြာဘုရားရွင္ကို လႉဖြယ္တစ္ခုခုအနည္းဆုံးဘုရား ေသာက္ေတာ္ေရတစ္ခြက္ပဲျဖစ္ေစ ရိုေသစြာ ဆက္ကပ္လႉဒါန္းၿပီးမွသာမိမိအိမ္ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ထိုင္ၿပီး မနက္တစ္ပတ္၊ ညေနတစ္ပတ္ (၁၀၈)လုံး ပုတီးႏွင့္ စိပ္ရပါတယ္။ခ်က္ခ်င္းအဆင္ေျပပါတယ္။အိမ္ဘုရားေက်ာင္းေဆာင္ေရွ႕မွာထိုင္ၿပီးပုတီး မစိပ္ပါက ဝင္သမၽွေငြမျမဲတတ္ပါ။ မိမိအိမ္ဘုရားေရွ႕တြင္ စိပ္ဖို႔ရန္ အဆင္မေျပပါက ပုံမွန္ ပုတီးစိပ္ေနရာတစ္ခုကို မိမိဘုရားခန္းအျဖစ္ စိတ္ကသတ္မွတ္လို႔ရပါတယ္။ဤဂါထာေတာ္သည္ ပါဠိ၊သဒၵါ၊ဆန္းဂိုဏ္းေတြအရ အျဖတ္အေတာက္ သိပ္အေရးႀကီးပါတယ္။
ေရွ႕ကစာလုံးမ်ား အားလုံးကို ပီပီသသရြတ္ရပါတယ္။“ရ”ကိုေတြ႕တိုင္း(ra)ဟူ၍အသံထြက္ရပါမယ္။ ဂါထာရြတ္ဖတ္ရာ၌ မမွားၾကေစရန္ အသံအျဖတ္အေတာက္ ကိုေအာက္တြင္ အေသးစိတ္ေရးထားပါတယ္။“အရဟံ ဗဟိ အႏၲ ဇယံ၊ သုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံ၊ အ,တုလံ စရဏံ တိဘဝူ,ပ,သမံ၊ ယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။”ဤဂါထာေတာ္၏ထူးျခားခ်က္မ်ားမွာ စိတ္ၿငိမ္ၿငိမ္ထားၿပီး အသံထြက္မွန္မွန္ ဆယ္ႀကိမ္ေလာက္ရြတ္မိရင္ကိုပဲ စိတ္ၾကည္ႏူးလန္းဆန္းလာတာပါ။ဤဂါထာေတာ္ကို ရိုေသစြာ ပုံမွန္ပုတီးစိပ္ေနသူမ်ားက စီးပြားေရးနိမ့္က် ႏြမ္းပါးေနပါေစ၊တစ္ေန႔တျခား စီးပြားလာဘ္လာဘတက္ လာၿပီး ဘုရားဒကာ၊ေက်ာင္းဒကာျဖစ္ခြင့္ရလာပါတယ္။
Unicode
စီးပွားရေးနိမ့်ကျ နွမ်းပါး အဆင်မပြေဖြစ်နေခြင်း၊ အကြွေးမဆပ်နိုင်ဖြစ်နေခြင်း၊ငွေကြေးမစုနိုင်ဖြစ်နေခြင်း များဆိုသူများအတွက် ဤဂါထာတော်ကို ပုတီးစိပ်ရွတ်ဆို ကြစေရန်ရည်ရွယ်ပြီး မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီဂါထာတော်ကို ပုတီးမစိပ်မှီ ဘုရားကန်တော့၊သီလယူ၊ မြတ်စွာဘုရားရှင်ကို လှူဖွယ်တစ်ခုခုအနည်းဆုံးဘုရား သောက်တော်ရေတစ်ခွက်ပဲဖြစ်စေ ရိုသေစွာ ဆက်ကပ်လှူဒါန်းပြီးမှသာမိမိအိမ်ဘုရားကျောင်းဆောင်ရှေ့တွင်ထိုင်ပြီး မနက်တစ်ပတ်၊ ညနေတစ်ပတ် (၁၀၈)လုံး ပုတီးနှင့် စိပ်ရပါတယ်။ချက်ချင်းအဆင်ပြေပါတယ်။အိမ်ဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီးပုတီး မစိပ်ပါက ဝင်သမျှငွေမမြဲတတ်ပါ။ မိမိအိမ်ဘုရားရှေ့တွင် စိပ်ဖို့ရန် အဆင်မပြေပါက ပုံမှန် ပုတီးစိပ်နေရာတစ်ခုကို မိမိဘုရားခန်းအဖြစ် စိတ်ကသတ်မှတ်လို့ရပါတယ်။ဤဂါထာတော်သည် ပါဠိ၊သဒ္ဒါ၊ဆန်းဂိုဏ်းတွေအရ အဖြတ်အတောက် သိပ်အရေးကြီးပါတယ်။
ရှေ့ကစာလုံးများ အားလုံးကို ပီပီသသရွတ်ရပါတယ်။“ရ”ကိုတွေ့တိုင်း(ra)ဟူ၍အသံထွက်ရပါမယ်။ ဂါထာရွတ်ဖတ်ရာ၌ မမှားကြစေရန် အသံအဖြတ်အတောက် ကိုအောက်တွင် အသေးစိတ်ရေးထားပါတယ်။“အရဟံ ဗဟိ အန္တ ဇယံ၊ သုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံ၊ အ,တုလံ စရဏံ တိဘဝူ,ပ,သမံ၊ ယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။”ဤဂါထာတော်၏ထူးခြားချက်များမှာ စိတ်ငြိမ်ငြိမ်ထားပြီး အသံထွက်မှန်မှန် ဆယ်ကြိမ်လောက်ရွတ်မိရင်ကိုပဲ စိတ်ကြည်နူးလန်းဆန်းလာတာပါ။ဤဂါထာတော်ကို ရိုသေစွာ ပုံမှန်ပုတီးစိပ်နေသူများက စီးပွားရေးနိမ့်ကျ နွမ်းပါးနေပါစေ၊တစ်နေ့တခြား စီးပွားလာဘ်လာဘတက် လာပြီး ဘုရားဒကာ၊ကျောင်းဒကာဖြစ်ခွင့်ရလာပါတယ်။