အဝလြန္သူမ်ား၊ ဗိုက္ေခါက္ထူၿပီး လာေသာ အမ်ိဳးသမီးမ်ား အတြက္ ပထမဦးစြာ ေရွာက္ရြက္ ၾကမ္းမ်ားကို ရွာထားပါ။ ပုလင္း တစ္လုံးစီတြင္ ရိုးရိုး သၾကားသုံးဇြန္း ဟင္းစားဇြန္း စီထည့္ ရပါမည္။ ပုလင္းမ်ား တစ္လုံးစီတြင္ ေရွာက္၉ရြက္ စီထည့္ေပးပါ။
ေရက်က္ေအးမ်ား ပုလင္းထဲသို႔ အျပည့္ ထည့္ၿပီး အဆို႔ပိတ္လ်က္ ေနပူတြင္ ကိုးရက္ လွန္းေပးပါ။ ကိုးရက္ေစ့လၽွင္ ေဆးဝါးအျဖစ္ သုံးနိုင္ၿပီ။ နံနက္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ အဆိုပါ ေရွာက္ရြက္ ေဆးရည္ပုလင္းကို လႈပ္ၿပီး လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ကို မွန္မွန္ ေသာက္သုံး သြားေပးပါ။
တစ္လႏွစ္လ ရွိေသာအခါ အမ်ိဳးသမီးမ်ား ခါးေသးရင္ခ်ီၿပီး အဆီပို ဗိုက္ရႊဲမႈမ်ား က်သြား၍ အသားအေရ စစ္သြားပါမည္။ အဆီက် ဓာတ္စာေဆးမ်ား စားျခင္းထက္ စိတ္ခ်ရေသာ ရိုးရာ ေဆးနည္း ျဖစ္ပါသည္။ မွန္မွန္ ေသာက္သုံးျခင္းျဖင့္ အသည္း အဆီဖုံးျခင္းႏွင့္ ႏွလုံးအဆီ ပိတ္ျခင္း တို႔မွလည္း သက္သာ ေပ်ာက္ကင္း ေစပါသည္။
လစဥ္ ျမန္မာ လဆန္း တစ္ရက္ေန႔၌ ေရွာက္ရြက္ ႏွစ္ရြက္၊ သုံးရြက္ ကိုရွာၿပီး စားျဖစ္ေအာင္ စားထားရန္ အမွာရွိသည္။ ထို႔သို႔ စားေပးျခင္းျဖင့္ ေလေရာဂါမ်ား မဝင္ေရာက္နိုင္၊ ေလ ထိုး၊ ေလေအာင့္၊ ေလငန္းေရာဂါမ်ား မဝင္ေရာက္နိုင္။ ေလငန္း ေရာဂါရွင္မ်ား ေရွာက္ရြက္၊ င႐ုတ္ေကာင္းႏွင့္ ၾကက္သြန္ျဖဴတို႔ျဖင့္ ဟင္းခါးခ်က္ ကာ ေန႔စဥ္ ေသာက္သုံး ေပးျခင္းျဖင့္ ေလငန္း ေရာဂါမွ သက္သာ ေပ်ာက္ကင္း ေစသည္။ Crd KyawBo
Unicode
အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။ ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း ဟင်းစားဇွန်း စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။
ရေကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။
တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေ ထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။ Crd KyawBo