ေဖာေရာင္ျခင္း၊ အေရျပားေရာဂါ၊ ေက်ာက္ေရာဂါတို႔အတြက္ ေဆးဖက္ဝင္တဲ့ ကနေဖာ့ပင္

ကနေဖာ့သည္ ငန္ေအးခါး အရသာ ရွိ၏ ။ သည္းေၿခ ၊ သလိပ္ကိုနိုင္၏ ။ ေဖာေရာင္ျခင္း ၊ ႏူနာ ၊ အေရျပားေရာဂါ ၊ ေခ်ာင္းဆိုးေရာဂါ စသည္တို႔မွ ကင္းေဝး၏။ အရြက္အသုံးျပဳပုံ – ၁။ အရြက္ကိုႀကိတ္၍ ဦးေခါင္းတြင္ အုံေပးျခင္းျဖင့္ ဦးေႏွာက္ ပူျခင္းကို ေအးေစသည္။ အေရျပားႏွင့္ အေၾကာေရာဂါမ်ား အတြက္လည္း သုံးသည္။၂။ အရြက္ရည္ကို ႏြားနို႔ႏွင့္ ျဖစ္ေစ ၊ ဆိတ္နို႔ႏွင့္ ျဖစ္ေစ ေသာက္သုံးျခင္းျဖင့္ ဆီးပူေညာင္းက်နာကို ေပ်ာက္ေစသည္။ ၃။ ကနေဖာ့ရြက္ကို ၾကက္အသည္းအျမစ္ႏွင့္ခ်က္စားပါကသည္းေျခပ်က္ေရာဂါေပ်ာက္ကင္း သည္

ပဥၥငါးပါးအသုံးျပဳပုံ – ၁။ ကနေဖာ့ကို ျပဳတ္၍ တို႔စားခဲ့ေသာ္လည္းေကာင္း ၊ ျပဳတ္ရည္ျဖင့္ ေခၽြးေအာင္းခဲ့ေသာ္လည္းေကာင္း ေဖာေရာင္ျခင္း ေပ်ာက္ ၏။၂။ ကနေဖာ့ ပဥၥငါးပါးရည္ အနည္းငယ္မၽွ ေသာက္ေသာ္ ေက်ာက္ျဖဴေပါက္ေသာေရာဂါ ၊ အေရျပားေရာဂါ ၊ ျခင္ဆီကို တိုးေသာေရာဂါမ်ား ေပ်ာက္ ကင္း၏။၃။ကနေဖာ့ရည္ကို ပ်ားရည္ႏွင့္ ေရာေသာက္ေသာ္ ေက်ာက္ေရာဂါ ေပ်ာက္ကင္း၏။၄။ ကနေဖာ့ တစ္ပင္လုံးအား ဆန္ေဆးရည္ ၊ မုန္ညင္းဆီထည့္၍ျပဳတ္ၿပီး ဆားအနည္းငယ္ ထည့္ေသာက္ျခင္းျဖင့္ အသည္း အားနည္း ေသာေရာဂါကို ေပ်ာက္ကင္းေစ၏

Unicode

ကနဖော့သည် ငန်အေးခါး အရသာ ရှိ၏ ။ သည်းခြေ ၊ သလိပ်ကိုနိုင်၏ ။ ဖောရောင်ခြင်း ၊ နူနာ ၊ အရေပြားရောဂါ ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေး၏။ အရွက်အသုံးပြုပုံ – ၁။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။၂။ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။ ၃။ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်း သည်

ပဉ္စငါးပါးအသုံးပြုပုံ – ၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက် ၏။၂။ ကနဖော့ ပဥ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက် ကင်း၏။၃။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။၄။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏