ျမတ္စြာဘုရား ေဟာထားတာကေတာ့ ေလာကမွာ စီးပြားေရးပ်က္ရာ ၊ပစၥည္းဥစၥာေတြရဲ့ ယို ေပါက္ႀကီး (၆) ခုဆိုတာ ပစၥည္းဥစၥာဟာ ဘယ္ေတာ့မွ မတည္ဘူးတဲ့ …။ျမန္မာေတြကေတာ့ ေျပာၾကတယ္“လူမိုက္နဲ႔ေငြ” အတူမေနဘူးတဲ့ ၊ ပစၥည္းဥစၥာဟာ ေပ်ာက္သြားတယ္ …။ျမတ္ စြာဘုရားက ဘာကိုေဟာသလဲဆိုရင္…နံပါတ္(၁)က အာလသ် – လူပ်င္းနဲ႔ဆိုရင္ ေငြဟာ အတူမေနဘူးတဲ့ …။ပ်င္းရိလို႔ရွိရင္ ပ်င္းတယ္ဆိုတာ ပူလြန္းတယ္၊ ေအးလြန္းတယ္၊ မိုးခ်ဳပ္လြန္းတယ္၊ ဆာေနေသးတယ္၊မစားရေသးဘူး၊ စားၿပီးၿပီ၊ ဗိုက္ေလးတယ္ ဆိုတဲ့ အ ခ်က္ေတြကို အေၾကာင္း ျပၿပီး အလုပ္မလုပ္ဘဲနဲ႔ ေနတာကို ပ်င္းတယ္လို႔ေျပာတာပါ …။အဲဒီလိုပ်င္းရိမႈဟာလည္း ပစၥည္းဥစၥာရဲ့ယိုက်ဖို႔ရာ အေပါက္တစ္ခု ျဖစ္ပါတယ္တဲ့ …။ေနာက္ နံပါတ္(၂)ကေတာ့ ပမာဒတဲ့ – အေပ်ာ္အပါးေတြဘက္ပဲ စိတ္ဝင္စားတယ္။ ေကာင္းက်ိဳးခ်မ္းသာျဖစ္ဖို႔ စိတ္မဝင္စားဘူး …။လုပ္ငန္းကိုလည္း စိတ္မဝင္စားဘူး။ အေပ်ာ္အပါးေတြကို အျမဲတမ္း စိတ္ဝင္စားေနရင္လည္း ပ်က္စီးနိုင္တယ္ …။နံပါတ္(၃)က အႏု႒ာန – လုပ္ငန္းတစ္ခုကို လုပ္တဲ့အခါမွာ တက္တက္ႂကြႂကြ မရွိဘူး။ ဝတ္ေက်တမ္းေက်ပဲ လုပ္တယ္ …။ေျဖးေျဖးေဆးေဆးပဲ။ slow ေပ့ါ…။ သြက္ သြက္လက္လက္ လုပ္ရမယ့္ဟာကို သြက္သြက္လက္လက္ မလုပ္ဘူး …။ပ်င္းပ်င္းရိရိလုပ္တယ္၊ အဲဒီလိုဟာမ်ိဳး မျဖစ္ရဘူးတဲ့။ ႀကိဳးႀကိဳးစားစား လုပ္ရပါမယ္ …။
နံပါတ္(၄)က ကာမဂုဏ္အာ႐ုံေတြထဲမွာ စိတ္ကိုလႊတ္ထားၿပီးေတာ့ ေပ်ာ္ပါးျခင္းဟာလည္း ပစၥည္းဥစၥာရဲ့ယိုက်တဲ့ အေပါက္တစ္ခုတဲ့ …။နံပါတ္(၅)က မေစာင့္စည္းျခင္း၊ ကိုယ့္စိတ္ကိုလည္း အေစာင့္စည္းဘူး။ ကာယကံ ဝစီကံကိုလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး …။ကိုယ္ က်င့္တရားကိုလည္း မထိန္းသိမ္းမေစာင့္ေရွာက္ဘူး။ အဲဒါဟာ စီးပြားေရးယိုေပါက္တစ္ခုပါပဲ …။နံပါတ္(၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္အိပ္တာပဲ။ အအိပ္မ်ားေနတယ္၊ အဲဒီဟာလည္းပဲ ပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ …။ခုနကေျပာခဲ့တဲ့ အာလသ်နဲ႔ တႏၵီမွာ… အာလသ်ပ်င္းရိတယ္ ဆိုတဲ့ ေနရာမွာ ဘာအလုပ္မွ မလုပ္ဘဲေနတာမ်ိဳး …၊တႏၵီက်ေတာ့ ျဖစ္ေပၚလာတဲ့ အခ်ိန္ကိုေရႊ႕တာ အျမဲ တမ္းအခ်ိန္ကိုေရႊ႕ခ်င္တယ္။ေစာေသးတယ္၊ အခ်ိန္ေရႊ႕လိုက္တယ္။၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး …။၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း ၁၀-နာရီက်မွာ သြားေတာ့မယ္။ ဒီလိုအခ်ိန္ေတြကို ေရႊ႕ေရႊ႕သြားတာမ်ိဳးကို ဆိုလိုပါတယ္ …။အဲဒီအေပါက္ ၆ ေပါက္ကို ပိတ္နိုင္မွတဲ့။ မပိတ္နိုင္လို႔ရွိရင္ ပစၥည္းဥစၥာဟာ လူေတြနဲ႔အတူ မရွိနိုင္ဘူးလို႔ ဒီလို ျမတ္စြာဘုရားက ေဟာၾကားေတာ္ မူတယ္ …။အဲဒီလိုေဟာတာေတြဟာ ကိုယ့္အတြက္ပစၥဳပၸန္ဘဝမွာ ေကာင္းက်ိဳးရနိုင္သလို သံသရာအတြက္လည္း ေကာင္းက်ိဳးရနိုင္တယ္ …။မေကာင္းတဲ့ အခ်က္အလက္ေတြကို ေရွာင္ၿပီးေတာ့ေကာင္းတဲ့ အခ်က္အလက္ေတြကို ကိုယ့္သႏၲာန္မွာ က်င့္ေဆာင္ဖို႔အေရးႀကီးတယ္ …။ယိုေပါက္ႀကီးေတြပိတ္ၿပီး စီးပြားလာဘ္လာဘေတြ တိုးတက္ၾကပါေစ …။ crd ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
Unicode
မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယို ပေါက်ကြီး (၆) ခုဆိုတာ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့ …။မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ ၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ် …။မြတ် စွာဘုရားက ဘာကိုဟောသလဲဆိုရင်…နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့ …။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အ ချက်တွေကို အကြောင်း ပြပြီး အလုပ်မလုပ်ဘဲနဲ့ နေတာကို ပျင်းတယ်လို့ပြောတာပါ …။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခု ဖြစ်ပါတယ်တဲ့ …။နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး …။လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ် …။နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲ လုပ်တယ် …။ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။ သွက် သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက် မလုပ်ဘူး …။ပျင်းပျင်းရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့။ ကြိုးကြိုးစားစား လုပ်ရပါမယ် …။
နံပါတ်(၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကိုလွှတ်ထားပြီးတော့ ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့ အပေါက်တစ်ခုတဲ့ …။နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး။ ကာယကံ ဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး …။ကိုယ် ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး။ အဲဒါဟာ စီးပွားရေးယိုပေါက်တစ်ခုပါပဲ …။နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။ အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ …။ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ… အာလသျပျင်းရိတယ် ဆိုတဲ့ နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး …၊တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ အမြဲ တမ်းအချိန်ကိုရွှေ့ချင်တယ်။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး …။၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း ၁၀-နာရီကျမှာ သွားတော့မယ်။ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုပါတယ် …။အဲဒီအပေါက် ၆ ပေါက်ကို ပိတ်နိုင်မှတဲ့။ မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောကြားတော် မူတယ် …။အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုးရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ် …။မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့အရေးကြီးတယ် …။ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေ …။ crd ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး