စစ္တမ္းမ်ားအရ လူေတြရဲ့၁ဝရာခိုင္ႏႈန္းမွာ ဇက္ေၾကာတက္ျခင္းျဖစ္ေပၚေနတတ္ၿပီး ၆၅ရာခိုင္ႏႈန္းေက်ာ္ေလာက္က ဘဝမွာတစ္ခါေတာ့ခံစားဖူးၾကတယ္လို႔ဆိုပါတယ္။ ဇက္ေၾကာတက္ျခင္းျဖစ္ေစေသာ အေျခခံအေၾကာင္းရင္းေတြကေတာ့ ေလ့က်င့္ခန္းအလုပ္မ်ားျခင္း၊ အိပ္စက္ပုံထိုင္ပုံ မမွန္ျခင္း၊ ပုံစံတစ္ခုတည္းတြင္အထိုင္မ်ားျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္းတို႔ ျဖစ္ပါတယ္။
ဇက္ေၾကာတက္ျခင္းကိုသက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ားကေတာ့ (၁)ေရခဲကပ္ျခင္း လတ္တေလာနာက်င္ျခင္းအတြက္ ေရခဲအိတ္ကို ဇက္ေၾကာေပၚတြင္ ၂၅မိနစ္ခန႔္ကပ္ေပးပါ။ ေလာေလာလတ္လတ္နာက်င္ျခင္းကိုသက္သာေစတဲ့အျပင္ေသြးေၾကာေတြကိုက်ဥ္းေစတဲ့အတြက္ အေယာင္က်ေစပါတယ္။ ဒါေပမယ့္ေရခဲကို တိုက္ရိုက္မကပ္ပဲ အိတ္တစ္ခုထဲထည့္ၿပီးမွ ကပ္ဖို႔မေမ့ပါနဲ႔။
(၂)အပူကပ္ပါ နာတာရွည္နာက်င္ျခင္းအတြက္ ဆန္ သို႔ ဂ်ဳံကို အိတ္အေသးထဲတြင္ထည့္ၿပီးအပူေပးပါ။ ေရေႏြးအိတ္ကိုလဲသုံးနိုင္ပါတယ္ ထိုအိတ္ကိုဇက္ေပၚသို႔ ၁၅မိနစ္ကပ္ေပးပါ။ မနက္အိပ္ရာထနဲ႔ ေလ့က်င့္ခန္းမျပဳလုပ္ခင္ကပ္ေပးပါက ပိုထိေရာက္ပါတယ္။ ေရေႏြးနဲ႔ေရခ်ိဴးျခင္းကိုလဲ ျပဳလုပ္နိုင္ပါတယ္။ေရခ်ိဴးတဲ့အခါ ဆားခါးထည့္ခ်ိဴးပါ။ ဆားခါးတြင္ပါေသာ မက္နီဆီယမ္က ႂကြက္သားေတြကို ေျပေလ်ာ့ေစပါတယ္။
(၃)ဗီတာမင္ ဘီ၁၂ပါေသာအစာမ်ားစားပါ။ သင့္အာ႐ုံေၾကာေတြကို ကာကြယ္ထားေသာ အလႊာကိုအားေကာင္းေစၿပီး နာက်င္ျခင္းကိုသက္သာေစပါတယ္။
(၄)နႏြင္းစားပါ။ဟင္းထဲ နႏြင္းထည့္ခ်က္ျခင္း၊ ေရေႏြးထဲနႏြင္းနဲ႔ပ်ားရည္ခပ္ေသာက္ျခင္းတို႔ ျပဳလုပ္နိုင္ပါတယ္။
(၅)လည္ပင္းေလ့က်င့္ခန္း။ ဇက္ေၾကာနာက်င္ျခင္းကိုသက္သာေစတဲ့အျပင္ လည္ပင္းႂကြက္သားမ်ားကိုသန္မာေစပါတယ္။လည္ပင္းကိုစက္ဝိုင္းပုံလွည့္ပါ။ ၃ႀကိမ္ျပဳလုပ္ပါ။ လည္ပင္းကို ဘယ္ဘက္သို႔တတ္န္ုင္သမၽွလွည့္ပါ။ထို႔ေနာက္ညာဘက္ကိုလွည့္ပါ။ ၃ႀကိမ္စီျပဳလုပ္ပါ။ လည္ပင္းကို အေပၚ ေအာက္ ၃ႀကိမ္စီ လွည့္ပါ။
ေဒါက္တာ ဂ်ဴး(Dr Jue)
Unicode
စစ်တမ်းများအရ လူတွေရဲ့၁ဝရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။ ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊ အိပ်စက်ပုံထိုင်ပုံ မမှန်ခြင်း၊ ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။
ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ (၁)ရေခဲကပ်ခြင်း လတ်တလောနာကျင်ခြင်းအတွက် ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။ လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင်သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ ဒါပေမယ့်ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြီးမှ ကပ်ဖို့မမေ့ပါနဲ့။
(၂)အပူကပ်ပါ နာတာရှည်နာကျင်ခြင်းအတွက် ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ် ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။ မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။
(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ။ သင့်အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်။
(၄)နနွင်းစားပါ။ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
(၅)လည်ပင်းလေ့ကျင့်ခန်း။ ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်။လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။ ၃ကြိမ်ပြုလုပ်ပါ။ လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။ ၃ကြိမ်စီပြုလုပ်ပါ။ လည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။
ဒေါက်တာ ဂျူး(Dr Jue)