သမီးေလး ေမြးၿပီး ၃ ႏွစ္ ၾကာေလာက္မွ မဂၤလာေဆာင္ေတာ့မယ္ ဆိုတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထားရၿပီျဖစ္ပါတယ္ သူမ ဗိုက္ထဲက ကေလးေလးကလည္း သမီးေလးပဲလို႔ သိရပါတယ္။ ဒီရင္ေသြးေလးကိုေတာ့ အီတလီနိုင္ငံမွာ ေမြးဖြားမယ္လို႔ ေျပာပါတယ္ ခ်မ္းခ်မ္းဟာ ဒုတိယေျမာက္သမီးေလးကို ဧၿပီလထဲမွာ ေမြးဖြားမွာပဲျဖစ္ပါတယ္။

ခ်မ္းခ်မ္းက အီတလီမွာ ကေလးသြားေမြးမဲ့အေၾကာင္းကို ဒုတိယ ကိုယ္ဝန္က ၅ လ ေက်ာ္ပါၿပီ။ အာထရာေဆာင္း ရိုက္ၾကည့္ေတာ့ သမီးေလး ပါ။ ဂဂၤါေလးကေမာင္ေလး၊ ညီမေလး တစ္ေယာက္ လိုခ်င္တယ္ ေျပာသလို၊ ကိုဗစ္ကာလမွာ အလုပ္ေတြ အားေနေတာ့ အသက္ ၃၅ ႏွစ္ မတိုင္ခင္မွာ ကိုယ္ဝန္ ယူလိုက္တာပါ။ေယာကၡမေတြ နဲ႔ ရင္းႏွီးေအာင္ ကေလးကို အီတလီမွာ သြားေမြးမွာပါ။ ခင္ပြန္း နဲ႔ လက္မထပ္ ထားရေသးေပမယ့္ ေစ့စပ္ထားၿပီး သားပါ လို႔ ေျပာလာခဲ့ပါတယ္။

ခ်စ္သူနဲ႔ ကေလးယူၿပီး သုံးႏွစ္ေလာက္ေနမွ လက္ထပ္မဲ့ အေၾကာင္းေလးလဲ ေျပာခဲ့ပါေသးတယ္။ ခ်မ္းခ်မ္းက ခ်စ္သူ နိုင္ငံျခားသား နဲ႔ လက္မထပ္ရေသးပါဘူး။ႏွစ္ဖက္မိဘေတြ သေဘာတူ ေစ့စပ္ထားၾကတာပါ။ ေယာကၡမေတြ ကလည္း အသက္ႀကီး ေနၿပီ၊ ဂဂၤါေလး ကလည္း ကိုဗစ္ ကာလမွာ တစ္ေယာက္တည္း အထီးက်န္ေနတယ္ ဆိုေတာ့ မဂၤလာ မေဆာင္ေသးဘဲ ကေလး ယူလိုက္တာပါ။ မဂၤလာေဆာင္ၿပီး ၿပီလို႔ မလိမ္ခ်င္ဘူး သမီးေလး ေမြးၿပီး ၃ ႏွစ္ ေလာက္ၾကာမွာ မဂၤလာေဆာင္မွာပါ။ မဂၤလာပြဲ မွာ သမီးေလးေတြကို ပန္းၾကဲခိုင္းမယ္ လို႔ ေျပာခဲ့ပါေသးတယ္။

ခရက္ဒစ္ စြယ္စုံသတင္း

Unicode

အဆိုတော် ချမ်းချမ်းကတော့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ် သူမ ဗိုက်ထဲက ကလေးလေးကလည်း သမီးလေးပဲလို့ သိရပါတယ်။ ဒီရင်သွေးလေးကိုတော့ အီတလီနိုင်ငံမှာ မွေးဖွားမယ်လို့ ပြောပါတယ် ချမ်းချမ်းဟာ ဒုတိယမြောက်သမီးလေးကို ဧပြီလထဲမှာ မွေးဖွားမှာပဲဖြစ်ပါတယ်။

ချမ်းချမ်းက အီတလီမှာ ကလေးသွားမွေးမဲ့အကြောင်းကို ဒုတိယ ကိုယ်ဝန်က ၅ လ ကျော်ပါပြီ။ အာထရာဆောင်း ရိုက်ကြည့်တော့ သမီးလေး ပါ။ ဂင်္ဂါလေးကမောင်လေး၊ ညီမလေး တစ်ယောက် လိုချင်တယ် ပြောသလို၊ ကိုဗစ်ကာလမှာ အလုပ်တွေ အားနေတော့ အသက် ၃၅ နှစ် မတိုင်ခင်မှာ ကိုယ်ဝန် ယူလိုက်တာပါ။ယောက္ခမတွေ နဲ့ ရင်းနှီးအောင် ကလေးကို အီတလီမှာ သွားမွေးမှာပါ။ ခင်ပွန်း နဲ့ လက်မထပ် ထားရသေးပေမယ့် စေ့စပ်ထားပြီး သားပါ လို့ ပြောလာခဲ့ပါတယ်။

ချစ်သူနဲ့ ကလေးယူပြီး သုံးနှစ်လောက်နေမှ လက်ထပ်မဲ့ အကြောင်းလေးလဲ ပြောခဲ့ပါသေးတယ်။ ချမ်းချမ်းက ချစ်သူ နိုင်ငံခြားသား နဲ့ လက်မထပ်ရသေးပါဘူး။နှစ်ဖက်မိဘတွေ သဘောတူ စေ့စပ်ထားကြတာပါ။ ယောက္ခမတွေ ကလည်း အသက်ကြီး နေပြီ၊ ဂင်္ဂါလေး ကလည်း ကိုဗစ် ကာလမှာ တစ်ယောက်တည်း အထီးကျန်နေတယ် ဆိုတော့ မင်္ဂလာ မဆောင်သေးဘဲ ကလေး ယူလိုက်တာပါ။ မင်္ဂလာဆောင်ပြီး ပြီလို့ မလိမ်ချင်ဘူး သမီးလေး မွေးပြီး ၃ နှစ် လောက်ကြာမှာ မင်္ဂလာဆောင်မှာပါ။ မင်္ဂလာပွဲ မှာ သမီးလေးတွေကို ပန်းကြဲခိုင်းမယ် လို့ ပြောခဲ့ပါသေးတယ်။

ခရက်ဒစ် စွယ်စုံသတင်း