



သာသနာ့ဘောင်ထဲ ဝင်ခဲ့တာ ၇နှစ် ရှိပါပြီ.. စစ်အုပ်စုက အာဏာသိမ်းလို့သာ ရဟန်းဘဝကို စွန့်ပြီး စစ်သင်တန်း သွားတက်ခဲ့တာ.. အခု PDF ထဲ ဝင်ပြီး အာဏာရှင်ကို တော်လှန်ဖို့ သေနတ်ကိုင်နေတာပါ.. တဲ့



Local PDF အဖွဲ့တွေထဲမှာ အဖွဲ့တဖွဲ့ရဲ့ ဆက်သွယ်ပုံကို ပြောပြလာတဲ့ ပိုးဖြူသန့်ပိုး တို့ ပံ့ပိုးနေတဲ့ Local PDF အဖွဲ့တွေထဲမှာ တဖွဲ့ရဲ့ ဆက်သွယ်ပုံက ဒီလို

ပိုးနဲ့ သိခဲ့ဖူးတဲ့ ကောင်လေးပါပဲ.. လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွတဲ့၊ စာတော်တဲ့၊ ကလေးချစ်တဲ့ တက္ကသိုလ်ကျောင်းသားလေးအဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်က သိခဲ့တာ..

ခုကျမှ အဆက်အသွယ် ပြန်ရတော့ သူ့ကိုယ်သူ မိတ်ပြန်ဆက်တယ်.. မြေပြင်အခြေအနေတွေအရ ကျတော်တို့အဖွဲ့ကို ကူပါလို့ ပြောတယ်.. ထူးခြားတာကအဆက်အသွယ်ပြတ်နေတဲ့ ဒီနှစ်တွေမှာ သူ ရဟန်းဝတ်နေခဲ့တာတဲ့

သာသနာ့ဘောင်ထဲ ဝင်ခဲ့တာ ရနှစ် ရှိပါပြီ.. စစ်အုပ်စုက အာဏာသိမ်းလို့သာ ရဟန်းဘဝကို စွန့်ပြီး စစ်သင်တန်း သွားတက်ခဲ့တာ.. အခု PDF ထဲ ဝင်ပြီး အာဏာရှင်ကိုတော်လှန်ဖို့ သေနတ်ကိုင်နေတာပါ.. တဲ့

အဲ့ခဏမှာ အမ ကူနိုင်သမျှ ကူမယ်နော်.. ဆိုတာအပြင် ဘာပြန်ပြောရမှန်းကို မသိပါဘူး.. လူငယ်တွေဟာ အသက်တွေ၊ အနာဂတ်တွေကို ရဲရဲကြီး စွန့်ပြီးကိုအာဏာရှင်ကို တော်လှန်နေကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ

တချို့လူတွေများကျ ဒီလိုကာလမှာတောင် ဘုရားဖူး၊ ရဟန္တာဖူးနဲ့ ခရီးတွေ မလိုအပ်ဘဲ သွားလာ၊ တရားထူးရမှာလိုလိုနဲ့ ပိုက်ဆံတွေ သုံးနေလိုက်ကြတာ.. တရားအကြောင်းပြ အတ္တကြီးပြီး လူ့လောကအတွက် မသိတတ်သူတွေလို့ပဲ မြင်တယ်.. တကယ့်ကိုမှ ဂျန်အီးဂျန်-ီးတွေပါပဲ မှတ်ချက်၊ အဲ့ဒီ local pdf အဖွဲ့ကို သိန်းဆယ်ဂဏန်း လစဉ်ထောက်ပံ့မယ့် စာရင်းထဲ ထည့်ထားပါတယ်

1 thought on “Local PDF အဖွဲ့တွေထဲမှာ အဖွဲ့တဖွဲ့ရဲ့ ဆက်သွယ်ပုံကို ပြောပြလာတဲ့ ပိုးဖြူသန့်”

  1. ဂျီဖတ်အတု အိုက်စဂိုး အတု နက်။
    မင်းတို့ တော်တော် ငွေရမှာပဲဟ။

Comments are closed.