(၁ဝ)ရက္မွ တစ္ခါ ေရခ်ိဳးတဲ့ခင္ပြန္းနဲ႔ အတူဆက္မေနနိုင္ေတာ့လို႔ ကြာရွင္းဖို႔ အမႈဖြင့္ခဲ့တဲ့ အမ်ိဳးသမီး

အိႏၵိယနိုင္ငံရွိ အမ်ိဳးသမီးတစ္ဦးဟာ ထူးဆန္းတဲ့အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းဖို႔လုပ္ခဲ့ၿပီးေနာက္ နိုင္ငံ့ေခါင္းႀကီးပိုင္းသတင္းမွာ ေဖာ္ျပခံခဲ့ရပါတယ္။ Bihar ျပည္နယ္ Vaishali ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၂၀ ႏွစ္အရြယ္ Soni Devi အမည္ရွိအဆိုပါအမ်ိဳးသမီးဟာ ခင္ပြန္းျဖစ္သူ အသက္ ၂၃ႏွစ္အရြယ္ Manish Ram က ေရမခ်ိဳးလို႔ သူ႔နဲ႔ဆက္ၿပီး ၾကာၾကာေပါင္းသင္းမေနထိုင္နိုင္ေတာ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။ သတင္းအရ အသနားခံလႊာတင္ထားတဲ့ Soni က သူမခင္ပြန္းဟာ ႏႈတ္ခမ္းေမြးမရိတ္ျခင္း ၊ ေရမခ်ိဳးျခင္း သို႔မဟုတ္ သြားပုံမွန္မတိုက္ျခင္းျဖင့္ အမႈဖြင့္တိုင္တန္းထားခဲ့ပါတယ္။အဆိုပါအမႈအတြက္ ျပည္နယ္အမ်ိဳးသမီးေရးရာဌာန SWC က ခင္ပြန္း Manish အား သူ႔ရဲ့အက်င့္စရိုက္ကို ျပင္ရန္ သို႔မဟုတ္ ဥပေဒေရးရာအက်ိဳးဆက္မ်ားကို ရင္ဆိုင္ရန္ အခ်ိန္ ၂လ ေပးထားခဲ့ပါတယ္။

SWC မွ ေျပာေရးဆိုခြင့္ရွိတဲ့ Pratima Sinha က သူမအေနနဲ႔ ကြာရွင္းျပတ္စဲျခင္းကို ဘာေၾကာင့္လိုလားေၾကာင္းတိုင္ၾကားသူရဲ့ ထူးဆန္းလြန္းတဲ့အေၾကာင္းျပခ်က္ေၾကာင့္ သူမ အံ့အားသင့္သြားခဲ့ရေၾကာင္း ဆိုခဲ့ပါတယ္။အဆိုပါ စုံတြဲက ၂၀၁၇ ခုႏွစ္ကတည္းကလက္ထပ္ခဲ့ၾကတာပါ။Soni က ျဖစ္သလိုေနတတ္တဲ့ခင္ပြန္း Manish က ၁၀ ရက္ၾကာတစ္ခါမွ ႏႈတ္ခမ္းေမြးရိတ္ ၊ ေရခ်ိဳးတတ္ၿပီး ၎အခ်က္ေတြေၾကာင့္ သူမကို အရွက္ရေစၿပီး ပတ္ဝန္းက်င္အတြက္လည္း ေျပာစရာျဖစ္ေနေၾကာင္း ၊ ျဖစ္နိုင္ရင္ တစ္သီးတစ္ျခားစီ ခြဲေနခ်င္ၿပီျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္

သို႔ေပမဲ့ Manish က သူဟာ ကြာရွင္းျပတ္စဲျခင္းကို မလိုလားသလို ေရွ႕ေလ်ာက္ Soniရဲ့အမိန႔္အတိုင္း သူ႔ရဲ့ဘဝပုံစံကို တိုးတက္ေျပာင္းလဲလာေအာင္ အတတ္နိုင္ဆုံးႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ျငင္းဆိုေျပာၾကားခဲ့ပါတယ္။၎ျဖစ္ရပ္ကို အခ်ိဳ႕အင္တာနက္အသုံးျပဳသူေတြက ကြာရွင္းမႈရဲ့အေၾကာင္းျပခ်က္က အေသးအဖြဲသာသာျဖစ္တယ္လို႔ဆိုေနခဲ့ၾကေပမဲ့ အခ်ိဳ႕ကလည္း သူမရဲ့ဆုံးျဖတ္ခ်က္ေတြကို အျပစ္တင္ ေဝဖန္ျခင္းမလုပ္သင့္ေၾကာင္း ေျပာဆိုေနခဲ့ၾကပါတယ္။အမ်ိဳးသမီးတစ္ေယာက္က သူမလည္း ၎အျဖစ္လိုၾကဳံလာခဲ့ရင္ ကြာရွင္းဖို႔ တြန႔္ဆုတ္ေနမွာမဟုတ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါေသးတယ္။သူမရဲ့အျဖစ္ကလည္း စာနာခ်င္စရာႀကီးပါ ၊ ဘယ္ေလာက္ဘဲ ခ်စ္ခ်စ္ တစ္ကိုယ္ေရသန႔္ရွင္းေရးေတာ့ လုပ္သင့္တာေတာ့ အမွန္ပါဘဲေလ crd Mia Mckzone Daily,elitereadersz

Unicode

အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့အကြောင်းပြချက်တစ်ခုကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့လုပ်ခဲ့ပြီးနောက် နိုင်ငံ့ခေါင်းကြီးပိုင်းသတင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ Bihar ပြည်နယ် Vaishali မြို့မှာ နေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် Soni Devi အမည်ရှိအဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ အသက် ၂၃နှစ်အရွယ် Manish Ram က ရေမချိုးလို့ သူ့နဲ့ဆက်ပြီး ကြာကြာပေါင်းသင်းမနေထိုင်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ် ။ သတင်းအရ အသနားခံလွှာတင်ထားတဲ့ Soni က သူမခင်ပွန်းဟာ နှုတ်ခမ်းမွေးမရိတ်ခြင်း ၊ ရေမချိုးခြင်း သို့မဟုတ် သွားပုံမှန်မတိုက်ခြင်းဖြင့် အမှုဖွင့်တိုင်တန်းထားခဲ့ပါတယ်။အဆိုပါအမှုအတွက် ပြည်နယ်အမျိုးသမီးရေးရာဌာန SWC က ခင်ပွန်း Manish အား သူ့ရဲ့အကျင့်စရိုက်ကို ပြင်ရန် သို့မဟုတ် ဥပဒေရေးရာအကျိုးဆက်များကို ရင်ဆိုင်ရန် အချိန် ၂လ ပေးထားခဲ့ပါတယ်။

SWC မှ ပြောရေးဆိုခွင့်ရှိတဲ့ Pratima Sinha က သူမအနေနဲ့ ကွာရှင်းပြတ်စဲခြင်းကို ဘာကြောင့်လိုလားကြောင်းတိုင်ကြားသူရဲ့ ထူးဆန်းလွန်းတဲ့အကြောင်းပြချက်ကြောင့် သူမ အံ့အားသင့်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။အဆိုပါ စုံတွဲက ၂၀၁၇ ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြတာပါ။Soni က ဖြစ်သလိုနေတတ်တဲ့ခင်ပွန်း Manish က ၁၀ ရက်ကြာတစ်ခါမှ နှုတ်ခမ်းမွေးရိတ် ၊ ရေချိုးတတ်ပြီး ၎င်းအချက်တွေကြောင့် သူမကို အရှက်ရစေပြီး ပတ်ဝန်းကျင်အတွက်လည်း ပြောစရာဖြစ်နေကြောင်း ၊ ဖြစ်နိုင်ရင် တစ်သီးတစ်ခြားစီ ခွဲနေချင်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်

သို့ပေမဲ့ Manish က သူဟာ ကွာရှင်းပြတ်စဲခြင်းကို မလိုလားသလို ရှေ့လျောက် Soniရဲ့အမိန့်အတိုင်း သူ့ရဲ့ဘဝပုံစံကို တိုးတက်ပြောင်းလဲလာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ငြင်းဆိုပြောကြားခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို အချို့အင်တာနက်အသုံးပြုသူတွေက ကွာရှင်းမှုရဲ့အကြောင်းပြချက်က အသေးအဖွဲသာသာဖြစ်တယ်လို့ဆိုနေခဲ့ကြပေမဲ့ အချို့ကလည်း သူမရဲ့ဆုံးဖြတ်ချက်တွေကို အပြစ်တင် ဝေဖန်ခြင်းမလုပ်သင့်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။အမျိုးသမီးတစ်ယောက်က သူမလည်း ၎င်းအဖြစ်လိုကြုံလာခဲ့ရင် ကွာရှင်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။သူမရဲ့အဖြစ်ကလည်း စာနာချင်စရာကြီးပါ ၊ ဘယ်လောက်ဘဲ ချစ်ချစ် တစ်ကိုယ်ရေသန့်ရှင်းရေးတော့ လုပ်သင့်တာတော့ အမှန်ပါဘဲလေ crd Mia Mckzone Daily,elitereadersz