အေမြရတဲ့ ပိုက္ဆံေတြရယ္ တသက္လုံး ရွာလို႔ရသမၽွ ပိုက္ဆံပါ အကုန္လႉတဲ့ ရွားပါး ကုသိုလ္ရွင္ႀကီး

လူဆိုမွလူ…စက္ေရတြင္း အငွားလိုက္တူးေပးၿပီး ေရတြင္းတူးခမ်ား ရတာကို ၿခိဳးၿခံေခၽြတာ စားေသာက္ေနထိုင္ၿပီး ျခစ္ျခစ္ကုပ္ကုပ္ စုေဆာင္းထားရွိၿပီး စုေဆာင္းရရွိေငြ ၄,၅၀၂,၀၀ဝိ/ ေလးဆယ့္ငါးသိန္း ႏွစ္ေထာင္က်ပ္ ရရွိလာေသာအခါ ၂၀၀ဝိ/ က်ပ္ကို သုံးစြဲရန္ ခ်န္ထားၿပီး ေလးဆယ့္ငါးသိန္းက်ပ္ကို စလင္းၿမိဳ႕သံဃာေတာ္မ်ား အ႐ုဏ္ဆြမ္းမခက္ခဲေစရန္ စလင္းၿမိဳ႕ သာသနဟိတ ေန႔စဥ္အ႐ုဏ္ဆြမ္းေလာင္းအသင္းႀကီးသို႔ ရာသက္ပန္ ေငြပင္ေငြရင္း ပေဒသာပင္အျဖစ္ စိုက္ထူလႉဒါန္းလိုက္ပါေသာ ကုသိုလ္ရွင္ႀကီး ျဖစ္ပါတယ္

ယခင္ကလည္း အေမြဆိုင္ ဝိုင္းေရာင္းရေငြမွ မိမိေဝစုရေသာ ၂,၁၀၀,၀၀ဝိ/ ႏွစ္ဆယ့္တစ္သိန္းက်ပ္ကို ဘခင္ႀကီးဦးရာဆယ္၊ မိခင္ႀကီးေဒၚႏွင္း အမ ေဒၚလွေလး တို႔အား ရည္စူး၍ ရာသက္ပန္ ေငြပင္ေငြရင္း ဆြမ္းပေဒသာပင္ စိုက္ထူလႉဒါန္းထားတာ အခုလႉတာနဲ႔ဆိုရင္ ပေဒသာပင္တန္ဖိုး ၆,၆၀၀,၀၀၀ိ/ ေျခာက္ဆယ့္ေျခာက္သိန္း စိုက္ထူထားတဲ့ ထာဝရအလႉရွင္ႀကီးလည္း ျဖစ္သြားပါၿပီ. ဆြမ္းေလာင္းသင္းႀကီးကို လစဥ္အလႉေငြ ၁၀၀ဝိ/ က်ပ္ႏႈန္းနဲ႔ တစ္ႏွစ္ပါတ္လုံး ႏွစ္စဥ္မပ်က္ လႉဒါန္းေနတဲ့ အာစိဏၰကံ အလႉရွင္ႀကီးလည္း ျဖစ္ပါတယ္.. စလင္းၿမိဳ႕ သာသနဟိတ ေန႔စဥ္ အ႐ုဏ္ဆြမ္းေလာင္းအသင္းႀကီးမွာ ရာသက္ပန္ဆြမ္းပေဒသာပင္ စိုက္ထူလႉဒါန္းထားၾကတဲ့ အလႉေငြမ်ားကို ဘဏ္မွာ စနစ္တက် အပ္ႏွံထားၿပီး အရင္းကို မေလ်ာ့ပါးေစဘဲ ရရွိလာတဲ့ အတိုးအညြန႔္မ်ားကိုသာ ဆြမ္းေလာင္းလႉတဲ့ ကိစၥမ်ားမွာသာ သုံးစြဲတာျဖစ္လို႔ အလႉရွင္မ်ား မရွိေတာ့သည့္တိုင္ေအာင္ သားစဥ္ေျမးဆက္ အျမဲကုသိုလ္ရေနမယ့္ အလႉ ျဖစ္ပါတယ္ခင္ဗ်ား..

ဆြမ္းပေဒသာပင္အလႉရွင္မ်ား ေသခ်ာ နားလည္ သေဘာေပါက္နိုင္ၾကေစရန္ အလၽွင္းသင့္လို႔ တင္ျပရျခင္း ျဖစ္ပါတယ္ခင္ဗ်ား.. ကေန႔ ထူးထူးျခားျခား လႉဒါန္းသြားတဲ့ သဒၶါတရား ေကာင္းလြန္းလွၿပီး စိတ္ဓာတ္ခိုင္မာ ျပတ္သားလွပါေသာ ဒါနသူရဲေကာင္းႀကီး ဦးသန္းစိန္ရဲ့ ေစတနာသဒၶါတရားကို ေလးစားစြာ ခ်ီးက်ဴးဂုဏ္ျပဳ သာဓုအႏုေမာဒနာ ေခၚဆို လိုက္ရေၾကာင္းပါ ခင္ဗ်ာ.. UPho Thar

Unicode

လူဆိုမှလူ…စက်ရေတွင်း အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄,၅၀၂,ဝဝဝိ/ လေးဆယ့်ငါးသိန်း နှစ်ထောင်ကျပ် ရရှိလာသောအခါ ၂ဝဝဝိ ကျပ်ကို သုံးစွဲရန် ချန်ထားပြီး လေးဆယ့်ငါးသိန်းကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန် စလင်းမြို့ သာသနဟိတ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသော ကုသိုလ်ရှင်ကြီး ဖြစ်ပါတယ်.. ယခင်ကလည်း အမွေဆိုင် ဝိုင်းရောင်းရငွေမှ မိမိဝေစုရသော ၂,၁၀၀,ဝဝဝိ နှစ်ဆယ့်တစ်သိန်းကျပ်ကို ဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အား ရည်စူး၍ ရာသက်ပန် ငွေပင်ငွေရင်း ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆,၆၀၀,၀၀၀ိ ခြောက်ဆယ့်ခြောက်သိန်း စိုက်ထူထားတဲ့ ထာဝရအလှူရှင်ကြီးလည်း ဖြစ်သွားပါပြီ..

ဆွမ်းလောင်းသင်းကြီးကို လစဉ်အလှူငွေ ၁ဝဝဝိ ကျပ်နှုန်းနဲ့ တစ်နှစ်ပါတ်လုံး နှစ်စဉ်မပျက် လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်း ဖြစ်ပါတယ်.. စလင်းမြို့ သာသနဟိတ နေ့စဉ် အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာ ရာသက်ပန်ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို ဘဏ်မှာ စနစ်တကျ အပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ ရရှိလာတဲ့ အတိုးအညွန့်များကိုသာ ဆွမ်းလောင်းလှူတဲ့ ကိစ္စများမှာသာ သုံးစွဲတာဖြစ်လို့ အလှူရှင်များ မရှိတော့သည့်တိုင်အောင် သားစဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့် အလှူ ဖြစ်ပါတယ်ခင်ဗျား.. ဆွမ်းပဒေသာပင်အလှူရှင်များ သေချာ နားလည် သဘောပေါက်နိုင်ကြစေရန် အလျှင်းသင့်လို့ တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျား.. ကနေ့ ထူးထူးခြားခြား လှူဒါန်းသွားတဲ့ သဒ္ဓါတရား ကောင်းလွန်းလှပြီး စိတ်ဓာတ်ခိုင်မာ ပြတ်သားလှပါသော ဒါနသူရဲကောင်းကြီး ဦးသန်းစိန်ရဲ့ စေတနာသဒ္ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာ ခေါ်ဆို လိုက်ရကြောင်းပါ ခင်ဗျာ.. UPho Thar