ကေလးအတက္ေရာဂါေပ်ာက္ေစတဲ့ ျမန္မာေဆးနည္းတိုတစ္ခု(ရွဉ့္မတက္ဥ)

ျမန္မာေဆးက်မ္းမ်ား အလိုအရ ရွဉ့္မတက္သည္ ခ်ိဳဆိမ့္၏၊ ခါး ၏၊ ခြန္အားကိုျဖစ္ေစ၏။ ဝမ္းမီးကို ေတာက္ေစကာ ၀ ၿဖိဳးေစ၏။ သုက္၊နို႔ရည္ကိုပြားမ်ားေစ၏။ ႏွလုံး ေရာဂါ၊ေသြးအန္၊ ေသြးက်၊ အဆုတ္နာတို႔ကို ေပ်ာက္ေစ၏ သလိပ္သည္းေျခကိုနိုင္၏။

ေသြးလုံးေလလုံး ေရာဂါ၊ ေဖါေရာင္ျခင္း၊ မ်က္စိေရာဂါ၊ အဖ်ားေရာ ဂါတို႔ကို ပယ္၏။ ရွဉ့္မတက္၏ စြမ္းရည္သည္ တစ္ကိုယ္လုံးကိုပ်ံ႕ႏွံ့ေစကာ အက်ိဳးကိုျပဳသည္။ အသက္ ကိုလည္းရွည္ေစသည္ဟု ညႊန္းဆိုထားသည္။ဓါတ္သေဘာအရ သီတေတေဇာ ဓာတ္ စာ၊ ဆီးမ်ား၊ ေလသက္ဟု မွတ္ေလသည္။

ရွဉ့္မတက္ ရဲ့ ေဆးနည္းတိုအသုံးဝင္ပုံမ်ားတစ္ခုကို စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္၊ ဟဲစင္းရြာ ဘုန္ေတာ္ႀကီး၊ ဦးကလ်ာဏ ကေလာင္အမည္ ဖုန္းၿမိဳင္ ဆရာေတာ္ႏွင့္ ျမန္မာ့ေဆးအေၾကာင္းကို ေဆြးေႏြးရင္း ရွဉ့္မတက္ဥႏွင့္ ကေလးအတက္ေရာဂါ အေၾကာင္းကို ဆရာေတာ္ မိန႔္ဖူးပါတယ္။

စာေရးသူဟာ ဆရာေတာ္ႏွင့္ ေတြ႕ၿပီးေနာက္ ေရာက္တတ္ရာရာ ေဆးပင္ဝါးပင္ကို သတိထားတတ္သူပီပီ ရွဉ့္မတက္ဥ ကို အျမဲလိုေဆာင္ထားတတ္ပါတယ္။

စာေရးသူရဲ့လက္ေတြ႕မ်ာ. စာေရးသူသည္ ငါးႀကိမ္တိုင္တိုင္ ရွဉ့္မတက္ဥ ႏွင့္ ကေလးအတက္ေရာဂါကို အနိုင္ယူခဲ့ပါတယ္။

အသုံးျပဳပုံ ကေလးမ်ား အဘယ္ေၾကာင့္ပဲ တက္တက္ ရွဉ့္မတက္ဥ ကိုယူ၊ ေရစင္စင္ေဆးၿပီး အိမ္သုံးဆား အနည္းငယ္ႏွင့္ ေက်ာက္ပ်ဥ္ေပၚတြင္ ခပ္ပ်စ္ပ်စ္ေသြးၿပီး ေကာ္ဖီဇြန္း တစ္ဇြန္းစာကို တက္ေနတဲ့ ကေလးပါးစပ္သို႔ ဝင္ေအာင္တိုက္ပါက အတက္ေရာဂါကို ခဏခ်င္း သက္သာေပ်ာက္ကင္းသြားေစပါတယ္။ေနာက္ထပ္သုံးႀကိမ္ေလာက္ ဆက္တိုက္ပါက ၎ကေလး အတက္ေရာဂါ တစ္သက္လုံးမွာ သက္သာသြားပါေၾကာင္း စာေရးသူ လက္ေတြ႕ေဆးနည္းမ်ား က႑တြင္ ေဖာ္ျပလိုက္ပါသည္။

နကၡတၱေရာင္ျခည္ မဂၢဇင္း မာန္ ပုသိမ္ တိုင္းရင္းေဆး

Unicode

မြန်မာဆေးကျမ်းများ အလိုအရ ရှဉ့်မတက်သည် ချိုဆိမ့်၏၊ ခါး ၏၊ ခွန်အားကိုဖြစ်စေ၏။ ဝမ်းမီးကို တောက်စေကာ ၀ ဖြိုးစေ၏။ သုက်၊နို့ရည်ကိုပွားများစေ၏။ နှလုံး ရောဂါ၊သွေးအန်၊ သွေးကျ၊ အဆုတ်နာတို့ကို ပျောက်စေ၏ သလိပ်သည်းခြေကိုနိုင်၏။

သွေးလုံးလေလုံး ရောဂါ၊ ဖေါရောင်ခြင်း၊ မျက်စိရောဂါ၊ အဖျားရော ဂါတို့ကို ပယ်၏။ ရှဉ့်မတက်၏ စွမ်းရည်သည် တစ်ကိုယ်လုံးကိုပျံ့နှံ့စေကာ အကျိုးကိုပြုသည်။ အသက် ကိုလည်းရှည်စေသည်ဟု ညွှန်းဆိုထားသည်။ဓါတ်သဘောအရ သီတတေဇော ဓာတ် စာ၊ ဆီးများ၊ လေသက်ဟု မှတ်လေသည်။

ရှဉ့်မတက် ရဲ့ ဆေးနည်းတိုအသုံးဝင်ပုံများတစ်ခုကို စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဟဲစင်းရွာ ဘုန်တော်ကြီး၊ ဦးကလျာဏ ကလောင်အမည် ဖုန်းမြိုင် ဆရာတော်နှင့် မြန်မာ့ဆေးအကြောင်းကို ဆွေးနွေးရင်း ရှဉ့်မတက်ဥနှင့် ကလေးအတက်ရောဂါ အကြောင်းကို ဆရာတော် မိန့်ဖူးပါတယ်။

စာရေးသူဟာ ဆရာတော်နှင့် တွေ့ပြီးနောက် ရောက်တတ်ရာရာ ဆေးပင်ဝါးပင်ကို သတိထားတတ်သူပီပီ ရှဉ့်မတက်ဥ ကို အမြဲလိုဆောင်ထားတတ်ပါတယ်။

စာရေးသူရဲ့လက်တွေ့မျာ. စာရေးသူသည် ငါးကြိမ်တိုင်တိုင် ရှဉ့်မတက်ဥ နှင့် ကလေးအတက်ရောဂါကို အနိုင်ယူခဲ့ပါတယ်။

အသုံးပြုပုံ ကလေးများ အဘယ်ကြောင့်ပဲ တက်တက် ရှဉ့်မတက်ဥ ကိုယူ၊ ရေစင်စင်ဆေးပြီး အိမ်သုံးဆား အနည်းငယ်နှင့် ကျောက်ပျဉ်ပေါ်တွင် ခပ်ပျစ်ပျစ်သွေးပြီး ကော်ဖီဇွန်း တစ်ဇွန်းစာကို တက်နေတဲ့ ကလေးပါးစပ်သို့ ဝင်အောင်တိုက်ပါက အတက်ရောဂါကို ခဏချင်း သက်သာပျောက်ကင်းသွားစေပါတယ်။နောက်ထပ်သုံးကြိမ်လောက် ဆက်တိုက်ပါက ၎င်းကလေး အတက်ရောဂါ တစ်သက်လုံးမှာ သက်သာသွားပါကြောင်း စာရေးသူ လက်တွေ့ဆေးနည်းများ ကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်း မာန် ပုသိမ် တိုင်းရင်းဆေး