သမီးတွေဆိုတာ ဖခင်တိုင်းအတွက်တော့ တုနှိုင်းမဲ့ရတနာတွေပါ။ သမီးရှင်တစ်ဦးဖြစ်တဲ့ရန်ကျော်ကလည်း ဒီနေ့ခေတ်အဖြစ်အပျက်တွေမြင်ပြီး သမီးလေးတစ်ခုခုမှားယွင်းသွားမှာစိုးရိမ်မိတယ်လို့ သမီးနဲ့ပတ်သတ်ပြီး ရင်တွင်းခံစားချက်တွေကို အင်တာဗျူးမှာ မျက်ရည်ဝဲရင်းဖြေဆိုထားပါတယ်
သရုပ်ဆောင်ရန်ကျော်ကတော့ သမီးလေးနဲ့ပတ်သတ်ပြီး သမီးကလိမ္မာတယ် ပြောတဲ့အချိန်မှာပြောတဲ့အရာလေးရင်ထဲမရောက်သွားရင် ငိုချင်တယ် အဲ့ဒါကို ဖေ့ဘွက်မှာ ပို့စ်တင်မိတာပေါ့နော် အခုအင်တာဗျူးမှာဆယ်လီဖြစ်ချင်လို့ ငိုတာမဟုတ်ဘူး
တစ်ချို့မိဘတွေတော်တော်များများက ပိုက်ဆံရှိတယ်ဆိုရင် သားသမီးတွေကိုမေ့နေကြတယ် သမီးတွေက အဖေရဲ့မေတ္တာကိုလိုချင်ကြတယ် ကျွန်တော့်သမီးနဲ့ကျွန်တော်လည်းမောင်နှမလိုနေတာ သမီးကလည်း အဖေသူ့ကိုချစ်တာသိတယ် လို့ဆိုထားပါတယ်။ ရန်ကျော်ကတော့ ကျွန်တော်လည်းကျွန်တော့်မိဘတွေရှိကတည်းက ကျွန်တော့်မိန်းမနောက်လိုက်ခဲ့တာပဲ ကျွန်တော်တို့အိမ်ထောင်သက်တမ်း၃၅နှစ်ရှိပြီ မင်္ဂတောင်မဆောင်ခဲ့ဘူး ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီး ပြီးသွားတာ ဘာနှစ်ပတ်လည်မှလည်းမလုပ်ခဲ့ဘူး အဓိကက ကိုယ့်မိသားစုပျော်နေတယ် အကြွေးကင်းတယ်ဗျာ
ကျွန်တော်တို့ချမ်းသာတယ်မဟုတ်ပါဘူး ယောက္ခမခြံမှာနေတယ် မငယ်က နင်ဆင်းဆိုရင်တော့ ဘုန်းကြီးကျောင်းသွားလည်း ပိုက်ဆံပါမှရမှာလေ မဟုတ်ရင် ဘယ်သူမှလက်မခံဘူး ကျွန်တော့်သမီးကိုကျွန်တော်အရမ်းချစ်တယ် တစ်နေ့ကျရင် အိမ်ထောင်ပြုမှာပဲ မှားသွားမှာကိုကြောက်တယ် ယောက်ျားဆိုတာ ပိုက်ဆံချမ်းသာတဲ့ယောက်ျားကိုရမှမဟုတ်ဘူး အခုကျွန်တော်ကြည့်နေတာ ယောကျာ်းတွေတော်တော်များများက ပိုက်ဆံရှိရင် လွတ်သွားကြတာကများတယ် ကိုယ့်ရဲ့ပထမဆုံးဟာကိုမေ့သွားကြတယ် ကျွန်တော့်သမီးလေးကို အဲဒီ့လိုမေ့သွားမှာစိုးရိမ်တာပေါ့ သေသွားရင်တော့မသိရတော့ဘူးပေါ့ တွေ့နေရရင်တော့ စိုးရိမ်တာပေါ့ လို့ သမီးနဲ့ပတ်သတ်ပြီးစိုးရိမ်တာတွေကိုရင်ဖွင့်ထားတာပါ
ကျွန်တော်တချို့အဖေတွေကိုတွေ့နေရတယ် လုပ်ချင်တာလုပ်တယ် သမီးလေးရဲ့ခံစားချက်ကို မစဉ်းစားပေးဘူး ကျွန်တော်ကတော့ကျွန်တော့်သမီးဆီကအသံတစ်ခုခုကြားရင်တောင်ချောင်းကြည့်ရတယ် ဘာလို့လဲ ဘာဖြစ်လို့လဲဆိုပြီး ယောက်ျားယူတာကတော့ ၁၀ယောက်ပဲယူယူ ကွဲပြီး အဖေ့ရင်ခွင်ဆီပြန်လာရင် အဖေကတော့ အပျိုပဲ ကလေးပဲထင်နေမှာပဲ အဲ့ဒါပြောပြဖို့ကခက်တယ်ဗျ ကျွန်တော့်သမီးလေးဆိုရင် သူGym သွားရင်တောင် ကျွန်တော်ကလိုက်ပို့ချင်တယ် သူကအရွယ်ရောက်တော့ အပို့မခံချင်တော့ဘူးလေ သမီးကိုပြောတယ် အဖေဘာကြောင့်မိန်းမမရှုပ်သလဲ သမီးမျက်နှာကြောင့် ရှုပ်ချင်ရင် ပိုက်ဆံရှိရင် အရာရာရှုပ်လို့ရတယ် ဒါခဏတာပဲလေ ကိုယ့်မိသားစုမေတ္တာပဲအေးချမ်းတယ် လို့ သူ့ရင်ထဲမှာရှိတဲ့သမီးအတွက်မေတ္တာကိုအခုလိုပဲရင်ဖွင့်ပြောပြခဲ့တာပါ crd Shwe Yaung Myanmar