မုန္ညင္းဆီ ေဆးဖက္အသုံးဝင္ပုံမ်ား စုစည္းထားပါသည္
ေစ်းႏႈန္းလည္း ခ်ိဳသာပါတယ္ ပရေဆးဆိုင္မွာအလြယ္တကူ ဝယ္ယူရရွိနိုင္တဲ့ အတြက္ အိမ္တိုင္း ေဆာင္ထားသင့္ပါတယ္ ။
အက်ိဳးေက်းဇူး
ျမန္မာေဆးက်မ္းမ်ား အလိုအရ မုန္ညင္းသည္ စပ္ခါးေသာအရသာရွိ၍ ပူေသာသတၱိရွိ၏ ထက္ျမက္၏
ဝမ္းမီးကို ေတာက္ေစ၏သလိပ္တို႔ကို ကင္းၿငိမ္းေစ၏ေသြးအန္၊ ေသြးက်၊ ႏူနာ ယားယံျခင္းကို ေပ်ာက္ကင္းေစ၏ ။
ေဆးဖက္အသုံးဝင္ပုံမ်ား
အဆစ္ေရာင္ျခင္း
မုန္ညင္းေစ့ကို ကြမ္းစားဂမုန္းႏွင့္ေသြးၿပီး အဆစ္ေရာင္ေသာ ေနရာမ်ားအား လိမ္းေပးပါကေပ်ာက္ကင္း၏ ။
နားနာ နားကိုက္
အေအးလြန္၍ ကိုက္ေသာ နားနာ၊ နားကိုက္ျခင္းအတြက္ မုန္ညင္းဆီ အနည္းငယ္မၽွ နားအတြင္းသို႔ ခပ္၍ေပးပါက ေပ်ာက္ကင္း၏
ေပြးနာ ယားနာ
မုန္ညင္းဆီ၊ မရိုးရြက္သတၱဳရည္၊ နႏြင္းတက္ ထို(၃) မ်ိဳး ေရာခ်က္၍ ရရွိေသာအဆီအား စစ္ယူၿပီး အနာမ်ားသို႔ လိမ္းက်ံေပးပါက သက္သာေပ်ာက္ကင္း၏
ဗိုက္နာျခင္း၊အဆုပ္အေအးမိျခင္း၊ႏွာေစးေခ်ာင္းဆိုးျခင္း
ကေလး၊ လူႀကီးမ်ားအတြက္ မုန္ညင္းဆီကို ပ႐ုတ္ႏွင့္ ခ်က္၍ အပူေပး၍ ဗိုက္နာပါက ဝမ္းဗိုက္ေနရာကို စိမ့္ဝင္ေအာင္ လိမ္းေပးပါ။
အဆုပ္အေအးမိျခင္း၊ ပန္းနာရင္ၾကပ္ျခင္း၊ႏွာေစးေခ်ာင္းဆိုးျခင္း ျဖစ္ပါကရင္ဘတ္၊ ေက်ာကုန္း ေနရာမ်ားကို စိမ့္ဝင္ေနေအာင္လိမ္းေပးၿပီး ႏြးေႏြးေထြးေထြး ေနေပးပါက ခၽြဲ၊ သလိပ္မ်ား ေပ်ာ္ၿပီးထြက္က်ေစပါသည္ ။
ေဘလုံးေရာဂါ ေသြးဖ်ဥ္း ျမင္းသရိုက္ေရာဂါ ေလထိုးေလေအာင္းျခင္း
ထိုေရာဂါမ်ားကို မုန္ညင္းဆီကို အနည္းငယ္ေသာက္ေပးျခင္း ေရာဂါျဖစ္ရာေနရာသို႔ လိမ္းက်ံေပးပါက သက္သာေပ်ာက္ကင္းေစပါသည္ ။
ထိပ္ကပ္နာ
ညအိပ္ရာဝင္ခ်ိန္တြင္ ႏွာေခါင္းအတြင္းသို႔ မုန္ညင္းဆီအနည္းငယ္ ထည့္ေပးပါ ။
ေန႔စဥ္ေဆာင္ရြက္ပါက ေပ်ာက္ကင္းေစ၏
မက္ခ႐ုနာ
ကေလးမ်ား လၽွာ၌ မကၡ႐ုနာ ေပါက္လၽွင္ မုန္ညင္းဆီ လိမ္းေပးပါ ။
မကၡ႐ုနာမ်ား ေႂကြက်ေပ်ာက္ကင္း၏
၃ ခါမၽွလိမ္းေပး႐ုံျဖင့္ေပ်ာက္ကင္းတယ္လို႔ ဆိုပါတယ္
ေခါင္းအုံ ၊ ေခါင္းကိုက္ျခင္း
ဦးေခါင္းတြင္ မုန္ညင္းဆီ အနည္းငယ္ ထည့္လိမ္းေပးပါ ။
ဇက္ေၾကာတက္ မ်က္ရိုးကိုက္ျခင္း
တက္ေသာေနရာ ကိုက္ေသာေနရာမ်ားသို႔ မုန္ညင္းဆီ လိမ္းေပးပါ ။
သက္သာ ေပ်ာက္ကင္းေစပါသည္
ထုံက်င္ကိုက္ခဲျခင္း ခ်ိနဲ႔ျခင္း အေၾကာဆြဲ လက္ကပ္ေျခကပ္ျခင္း
ထိုေရာဂါမ်ားအတြက္ မုန္ညင္းဆီ ၁ ဆႏွမ္းဆီ ၁ ဆကို ေတာင္ဆိတ္ဆီ သို႔ ေတာဆိတ္ဆီႏွင့္ ေရာစပ္၍ လိမ္းေပးပါက ေပ်ာက္ကင္း၏
လည္ပင္းႀကီးေရာဂါ
မုန္ညင္းဆီ ၁ ဆ ႏွမ္းဆီ ၁ ဆကို စပါးႀကီးသည္းေျခႏွင့္ ေရာစပ္၍ ထိုအရည္ကို လည္ပင္းတြင္ စုတ္ႏွင့္ထိုးၿပီး ဖရဲသီးကို အေျခာက္လွန္း၍ ေသြးလိမ္းေပးပါ။
ကၽြမ္းက်င္ေသာ ဆရာသမားမ်ား၏ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ပါရန္
အနာပ်က္ အနာေဆြး
ထိုအနာမ်ားေပၚသို႔ မုန္ညင္းဆီ လိမ္းေပးပါ။
ေပ်ာက္ကင္း၏
အမ်ိဳးသားေရာဂါ အူက်ျခင္းအတြက္
မုန္ညင္းဆီႏွင့္
ႏွိပ္နယ္လိမ္းေပးပါက ေပ်ာက္ကင္း၏
လူေကာင္းမ်ား ခႏၶာကိုယ္မွာလိမ္းၿပီး အိပ္ပါကလည္းဝဲနာ ယားနာ ႏူနာ ေလနာမ်ားမွ ကင္းေဝးေစပါသည္ ။
အားလုံးပဲ အသက္ရွည္ က်န္းမာၾကပါေစခင္ဗ်ာ
Unicode
မုန်ညင်းဆီ ဆေးဖက်အသုံးဝင်ပုံများ စုစည်းထားပါသည်
စျေးနှုန်းလည်း ချိုသာပါတယ် ပရဆေးဆိုင်မှာအလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အတွက် အိမ်တိုင်း ဆောင်ထားသင့်ပါတယ် ။
အကျိုးကျေးဇူး
မြန်မာဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ်ခါးသောအရသာရှိ၍ ပူသောသတ္တိရှိ၏ ထက်မြက်၏
ဝမ်းမီးကို တောက်စေ၏သလိပ်တို့ကို ကင်းငြိမ်းစေ၏သွေးအန်၊ သွေးကျ၊ နူနာ ယားယံခြင်းကို ပျောက်ကင်းစေ၏ ။
ဆေးဖက်အသုံးဝင်ပုံများ
အဆစ်ရောင်ခြင်း
မုန်ညင်းစေ့ကို ကွမ်းစားဂမုန်းနှင့်သွေးပြီး အဆစ်ရောင်သော နေရာများအား လိမ်းပေးပါကပျောက်ကင်း၏ ။
နားနာ နားကိုက်
အအေးလွန်၍ ကိုက်သော နားနာ၊ နားကိုက်ခြင်းအတွက် မုန်ညင်းဆီ အနည်းငယ်မျှ နားအတွင်းသို့ ခပ်၍ပေးပါက ပျောက်ကင်း၏
ပွေးနာ ယားနာ
မုန်ညင်းဆီ၊ မရိုးရွက်သတ္တုရည်၊ နနွင်းတက် ထို(၃) မျိုး ရောချက်၍ ရရှိသောအဆီအား စစ်ယူပြီး အနာများသို့ လိမ်းကျံပေးပါက သက်သာပျောက်ကင်း၏
ဗိုက်နာခြင်း၊အဆုပ်အအေးမိခြင်း၊နှာစေးချောင်းဆိုးခြင်း
ကလေး၊ လူကြီးများအတွက် မုန်ညင်းဆီကို ပရုတ်နှင့် ချက်၍ အပူပေး၍ ဗိုက်နာပါက ဝမ်းဗိုက်နေရာကို စိမ့်ဝင်အောင် လိမ်းပေးပါ။
အဆုပ်အအေးမိခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊နှာစေးချောင်းဆိုးခြင်း ဖြစ်ပါကရင်ဘတ်၊ ကျောကုန်း နေရာများကို စိမ့်ဝင်နေအောင်လိမ်းပေးပြီး နွးနွေးထွေးထွေး နေပေးပါက ချွဲ၊ သလိပ်များ ပျော်ပြီးထွက်ကျစေပါသည် ။
ဘေလုံးရောဂါ သွေးဖျဉ်း မြင်းသရိုက်ရောဂါ လေထိုးလေအောင်းခြင်း
ထိုရောဂါများကို မုန်ညင်းဆီကို အနည်းငယ်သောက်ပေးခြင်း ရောဂါဖြစ်ရာနေရာသို့ လိမ်းကျံပေးပါက သက်သာပျောက်ကင်းစေပါသည် ။
ထိပ်ကပ်နာ
ညအိပ်ရာဝင်ချိန်တွင် နှာခေါင်းအတွင်းသို့ မုန်ညင်းဆီအနည်းငယ် ထည့်ပေးပါ ။
နေ့စဉ်ဆောင်ရွက်ပါက ပျောက်ကင်းစေ၏
မက်ခရုနာ
ကလေးများ လျှာ၌ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ လိမ်းပေးပါ ။
မက္ခရုနာများ ကြွေကျပျောက်ကင်း၏
၃ ခါမျှလိမ်းပေးရုံဖြင့်ပျောက်ကင်းတယ်လို့ ဆိုပါတယ်
ခေါင်းအုံ ၊ ခေါင်းကိုက်ခြင်း
ဦးခေါင်းတွင် မုန်ညင်းဆီ အနည်းငယ် ထည့်လိမ်းပေးပါ ။
ဇက်ကြောတက် မျက်ရိုးကိုက်ခြင်း
တက်သောနေရာ ကိုက်သောနေရာများသို့ မုန်ညင်းဆီ လိမ်းပေးပါ ။
သက်သာ ပျောက်ကင်းစေပါသည်
ထုံကျင်ကိုက်ခဲခြင်း ချိနဲ့ခြင်း အကြောဆွဲ လက်ကပ်ခြေကပ်ခြင်း
ထိုရောဂါများအတွက် မုန်ညင်းဆီ ၁ ဆနှမ်းဆီ ၁ ဆကို တောင်ဆိတ်ဆီ သို့ တောဆိတ်ဆီနှင့် ရောစပ်၍ လိမ်းပေးပါက ပျောက်ကင်း၏
လည်ပင်းကြီးရောဂါ
မုန်ညင်းဆီ ၁ ဆ နှမ်းဆီ ၁ ဆကို စပါးကြီးသည်းခြေနှင့် ရောစပ်၍ ထိုအရည်ကို လည်ပင်းတွင် စုတ်နှင့်ထိုးပြီး ဖရဲသီးကို အခြောက်လှန်း၍ သွေးလိမ်းပေးပါ။
ကျွမ်းကျင်သော ဆရာသမားများ၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါရန်
အနာပျက် အနာဆွေး
ထိုအနာများပေါ်သို့ မုန်ညင်းဆီ လိမ်းပေးပါ။
ပျောက်ကင်း၏
အမျိုးသားရောဂါ အူကျခြင်းအတွက်
မုန်ညင်းဆီနှင့်
နှိပ်နယ်လိမ်းပေးပါက ပျောက်ကင်း၏
လူကောင်းများ ခန္ဓာကိုယ်မှာလိမ်းပြီး အိပ်ပါကလည်းဝဲနာ ယားနာ နူနာ လေနာများမှ ကင်းဝေးစေပါသည် ။
အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေခင်ဗျာ