ကမ္ဘောဇဘဏ်သူဌေးကြီးက ကိုဗစ် ကာကွယ်ဆေးဝယ်ယူရန် ငွေကျပ်သန်း ၃၀၀၀ လှူဒါန်း



Unicode

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်သူဌေးကြီးက ငွေကျပ်သန်း ၃၀၀၀ လှူဒါန်း

ဇန်နဝါရီ ၁၀ ကမ္ဘောဇဘဏ်က ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ကိုဗစ် Vaccination Fund သို့ ကိုဗစ် ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ ငွေကျပ် ၃ ဘီလီယံ ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရပါတယ်

ကမ္ဘောဇဘဏ်အနေဖြင့် ယခု ကိုဗစ်၁၉ ကာကွယ်ဆေးလှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ဖေဖော်ဝါရီလ ၂၀၂၀ မှ စတင်ကာ ယနေ့အထိ ငွေကျပ် ၁၄.၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရပါတယ် crd မြန်မာ့ ပလက်ဖောင်း