လၽွပ္စစ္ရထားေျပးဆြဲဖို႔ အခ်ိန္တစ္ခုတြက္ၿပီး ေၾကညာမယ္လို႔ စစ္ေကာင္စီဥကၠဌဆို

လၽွပ္စစ္ရထားလမ္းနဲ႔လၽွပ္စစ္ကားေတြေျပးဆြဲဖို႔ မူဝါဒေတြတြက္ခ်က္ၿပီးရင္ေၾကညာမယ္လို႔စစ္ေကာင္စီဥကၠ႒​ထပ္မံေျပာလာ

ျပည္တြင္း က အမ်ားျပည္သူသုံးသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြအားလုံးမွာ လၽွပ္စစ္ကိုေျပာင္းဖို႔ႀကိဳးစားဖို႔လိုသလို ဒါနဲ႔ပတ္သက္တဲ့ မူဝါဒေတြအတြက္အခ်ိန္တစ္ခုတြက္ခ်က္ၿပီးေၾကညာသြားမယ္လို႔စစ္ေကာင္စီဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာဆိုလိုက္ပါတယ္။

အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီးလက္ရွိ မီးရထားနဲ႔ၿမိဳ႕ပတ္ရထားလမ္းေတြကိုလည္း အရႈံးခံေျပးဆြဲေနတာျဖစ္ေၾကာင္း မေန႔ေအာက္တိုဘာ ၂၅ရက္ေန႔ကေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ေထာင္စုအစိုးရအစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ

Public Transportation လုပ္ငန္းေတြကိုကၽြန္ေတာ္တို႔အားေပးဖို႔လိုတယ္။အဲ့ဒီ Transportation မွာလၽွပ္စစ္ကိုရေအာင္ေျပာင္ေျပာင္းနိုင္လို႔ရွိရင္ ဒီထက္ပိုအက်ိဳးရွိမယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို႔လၽွပ္စစ္ဓါတ္အားထုတ္လုပ္ေရးအတြက္ တြန္းအားေပးေနျခင္းျဖစ္ပါတယ္

တစ္နိုင္ငံလုံး လၽွပ္စစ္ရထားလမ္းနဲ႔ဆြဲရပါလိမ့္မယ္။ တစ္နိုင္ငံလုံးလၽွပ္စစ္ရထားနဲ႔ေျပးရပါလိမ့္မယ္။ တစ္နိုင္ငံလုံးၿမိဳ႕ပတ္ရထားလမ္းဆို ၿမိဳ႕ပတ္ရထားလမ္းအတိုင္းသြားမယ္ ၿမိဳ႕ေပၚေတြမွာသုံးတဲ့ကားေတြကလၽွပ္စစ္ကားေတြျဖစ္ရမယ္

ဒီမူဝါဒကိုတြက္ေနပါတယ္။ အခ်ိန္ေလးတစ္ခုတြက္လို႔ၿပီးလို႔ရွိရင္ ကၽြန္ေတာ္တို႔ေၾကညာပါ့မယ္။ ဘယ္ႏွစ္မွာေတာ့ လၽွပ္စစ္ကားသုံးတဲ့စနစ္ကိုဘယ္အဆင့္မွာေျပာင္းၿပီးသားျဖစ္ရမယ္ Private use ေတြေပါ့ဗ်ာ

ကိုယ္ပိုင္ကားေတြကားငယ္ေလးေတြဆိုလို႔ရွိရင္လုပ္ငန္းခြင္သုံးတဲ့ကားႀကီးေတြကေတာ့ျဖစ္ေကာင္းျဖစ္နိုင္ မွာေပါ့ေလ။နည္းပညာေတြအရတစ္ျခားနိုင္ငံေတြမွာျဖစ္ေနတဲ့အေျခအေနေတြကို ကၽြန္ေတာ္တို႔ၾကည့္ရဦးမယ္

အခုနေျပာတဲ့လူစီးကားကေတာ့ ျဖစ္တယ္။ဘတ္စ္ကားေတြျဖစ္နိုင္တယ္။ ဒီဟာေတြဟာ ဘယ္ႏွစ္မွာ လၽွပ္စစ္စနစ္ကိုေျပာင္းရမယ္ဆိုၿပီး ကၽြန္ေတာ္တို႔လုပ္ရမယ္ ဒါမွမလုပ္ရင္လည္း ကၽြန္ေတာ္တို႔က်န္ခဲ့လိမ့္မယ္

ဆီဖိုးနဲ႔မြဲလိမ့္မယ္လို႔ စစ္ေကာင္စီဥကၠ႒ ရဲ့ေျပာဆိုခ်က္ကိုစစ္ေကာင္စီက ထုတ္တဲ့နိုင္ငံပိုင္သတင္းစာေတြမွာထည့္သြင္းေဖာ္ျပသြားပါတယ္။ ျပည္တြင္းမွာ အခုလို လၽွပ္စစ္ဘတ္စ္ကားေတြ၊ လၽွပ္စစ္ရထားလမ္းေတြေျပးဆြဲေတာ့မယ့္ အေၾကာင္းအရာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ဥကၠ႒ေျပာဆို လာတာဆိုရင္ ၃ ႀကိမ္ဝန္းက်င္ေလာက္ ရွိေနၿပီျဖစ္ပါတယ္

လျှပ်စစ်ရထားလမ်းနဲ့လျှပ်စစ်ကားတွေပြေးဆွဲဖို့ မူဝါဒတွေတွက်ချက်ပြီးရင်ကြေညာမယ်လို့စစ်ကောင်စီဥက္ကဋ္ဌ​ထပ်မံပြောလာ

ပြည်တွင်း က အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးမှာ လျှပ်စစ်ကိုပြောင်းဖို့ကြိုးစားဖို့လိုသလို ဒါနဲ့ပတ်သက်တဲ့ မူဝါဒတွေအတွက်အချိန်တစ်ခုတွက်ချက်ပြီးကြေညာသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလက်ရှိ မီးရထားနဲ့မြို့ပတ်ရထားလမ်းတွေကိုလည်း အရှုံးခံပြေးဆွဲနေတာဖြစ်ကြောင်း မနေ့အောက်တိုဘာ ၂၅ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ ပြောကြားခဲ့တာပါ

Public Transportation လုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါကြောင့် ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်

တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်ရထားလမ်းအတိုင်းသွားမယ် မြို့ပေါ်တွေမှာသုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်

ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခုတွက်လို့ပြီးလို့ရှိရင် ကျွန်တော်တို့ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကိုဘယ်အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ် Private use တွေပေါ့ဗျာ

ကိုယ်ပိုင်ကားတွေကားငယ်လေးတွေဆိုလို့ရှိရင်လုပ်ငန်းခွင်သုံးတဲ့ကားကြီးတွေကတော့ဖြစ်ကောင်းဖြစ်နိုင် မှာပေါ့လေ။နည်းပညာတွေအရတစ်ခြားနိုင်ငံတွေမှာဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကြည့်ရဦးမယ်

အခုနပြောတဲ့လူစီးကားကတော့ ဖြစ်တယ်။ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့လုပ်ရမယ် ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်

ဆီဖိုးနဲ့မွဲလိမ့်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ရဲ့ပြောဆိုချက်ကိုစစ်ကောင်စီက ထုတ်တဲ့နိုင်ငံပိုင်သတင်းစာတွေမှာထည့်သွင်းဖော်ပြသွားပါတယ်။ ပြည်တွင်းမှာ အခုလိုလျှပ်စစ်ဘတ်စ်ကားတွေ၊ လျှပ်စစ်ရထားလမ်းတွေပြေးဆွဲတော့မယ့် အကြောင်းအရာနဲ့ပတ်သက်လို့ စစ်ကောင်စီ ဥက္ကဋ္ဌပြောဆို လာတာဆိုရင် ၃ ကြိမ်ဝန်းကျင်လောက် ရှိနေပြီဖြစ်ပါတယ်