အေမရိကန္သမၼတ ဘိုင္ဒန္က ျမန္မာေက်ာင္းသူ ကေလးငယ္ကိုျပန္စာပို႔

အေမရိကန္သမၼတက ျမန္မာေက်ာင္းသူ ကေလးငယ္ကိုျပန္စာပို႔ အေမရိကန္နိုင္ငံ၊ ကယ္လီဖိုးနီးယား ျပည္နယ္တြင္ ေနထိုင္သည့္ ျမန္မာေက်ာင္းသူ ကေလးငယ္ တစ္ဦး ေရးသားခဲ့ေသာ ျမန္မာ့အေရးႏွင့္ ပတ္သက္သည့္စာကို ေအာက္တိုဘာ ၂၆ ရက္တြင္ သမၼတဂ်ိဳးဘိုင္ဒင္က ျပန္စာ ပို႔ခဲ့သည္

အိမ္ျဖဴေတာ္ တံဆိပ္ ပါဝင္သည့္ စာတစ္ေစာင္ကို သမၼတဂ်ိဳးဘိုင္ဒင္က ၎၏ ဓာတ္ပုံႏွင့္တကြ ျပန္စာ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ကေလးငယ္၏ မိခင္ျဖစ္သူက လူမႈကြန္ရက္တြင္ မၽွေဝထားျခင္း ျဖစ္သည္

ေဒါရိယက္ Doreas အမည္ရွိ ကေလးငယ္သည္ စစ္ေကာင္စီက ျမန္မာ ျပည္သူလူထုကို မတရားႏွိပ္စက္သည့္ ဗီ‌ဒီယိုႏွင့္ ဓါတ္ပုံမ်ားကို ေတြ႕ရွိၿပီးေနာက္ စိတ္မေကာင္း ျဖစ္ခဲ့ေၾကာင္း ဆိုထားသည္

သူ႔ခံစားခ်က္ေလးေတြကို အေမကို ေျပာျပၿပီး သမၼတ ဂ်ိဳးဘိုင္ဒင္ကို စာပို႔မလို႔ လိပ္စာ ရွာေပးပါ ေျပာလို႔ Google မွာရွာ ၿပီး ျပလိုက္တယ္။ သူစာၾကမ္းေရးၿပီး အေမကိုျပတယ္ ၾကည့္လိုက္တယ္

သူ႔ခံစားခ်က္ ေတာ္ေတာ္ျပင္းတာပဲ သမီး ေသခ်ာျပန္ေရးလို႔ေတာ့ ေျပာလိုက္တယ္။ ေနာက္ေန႔ၾကေတာ့ သမီးအိမ္ျဖဴေတာ္ကို စာပို႔လိုက္ၿပီတဲ့ ဟု မိခင္ျဖစ္သူက လူမႈကြန္ရက္တြင္ ေရးသားထားသည္

ကေလးငယ္သည္ ျမန္မာနိုင္ငံရွိ စစ္ေဘးေရွာင္မ်ားႏွင့္ သူ၏အဖြား၊ ေဆြမ်ိဳးမ်ားအတြက္ စိတ္မေကာင္း ျဖစ္ခဲ့ေၾကာင္း၊ ထို႔အျပင္ ၎အရြယ္ကေလးမ်ား ေတာထဲတြင္လုံျခဳံမႈမရွိ၊ အစားေကာင္းေကာင္း မစားရျခင္းမ်ားကို စာနာ သနားေနခဲ့ေၾကာင္းလည္း မိခင္ျဖစ္သူက ဆိုသည္

မင္းဆီက အေတြးအျမင္ ခံစားမႈေတြ ကၽြန္ေတာ္တို႔ကို သိခြင့္ေပးတဲ့ အတြက္ ေက်းဇူးအထူး တင္ပါတယ္။ ဒုသမၼတနဲ႔ ကၽြန္ေတာ္က ေက်ာင္းသားေတြ ဆီက ဒီလို အေတြးေတြကို နားေထာင္ရတာကို ႏွစ္သက္ပါတယ္

အသက္ငယ္ေပမယ့္ မင္းဆီမွာ အနာဂတ္ကို ေျပာင္းလဲနိုင္ၿပီး သမိုင္းတြင္နိုင္မယ့္ လုပ္ေဆာင္နိုင္မႈေတြ ရွိေနပါတယ္ ဟုလည္း ျပန္စာတြင္ ပါရွိခဲ့သည္ အိမ္ျဖဴေတာ္မွ ေအာက္တိုဘာ ၂၀ ရက္ ေန႔စြဲျဖင့္ ေပးပို႔လာသည့္စာကို ေအာက္တိုဘာ ၂၆ ရက္တြင္ လက္ခံ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သည့် မြန်မာကျောင်းသူ ကလေးငယ် တစ်ဦး ရေးသားခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့်စာကို အောက်တိုဘာ ၂၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ပြန်စာ ပို့ခဲ့သည်

အိမ်ဖြူတော် တံဆိပ် ပါဝင်သည့် စာတစ်စောင်ကို သမ္မတဂျိုးဘိုင်ဒင်က ၎င်း၏ ဓာတ်ပုံနှင့်တကွ ပြန်စာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက လူမှုကွန်ရက်တွင် မျှဝေထားခြင်း ဖြစ်သည်

ဒေါရိယက် Doreas အမည်ရှိ ကလေးငယ်သည် စစ်ကောင်စီက မြန်မာ ပြည်သူလူထုကို မတရားနှိပ်စက်သည့် ဗီ‌ဒီယိုနှင့် ဓါတ်ပုံများကို တွေ့ရှိပြီးနောက် စိတ်မကောင်း ဖြစ်ခဲ့ကြောင်း ဆိုထားသည်

သူ့ခံစားချက်လေးတွေကို အမေကို ပြောပြပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို စာပို့မလို့ လိပ်စာ ရှာပေးပါ ပြောလို့ Google မှာရှာ ပြီး ပြလိုက်တယ်။ သူစာကြမ်းရေးပြီး အမေကိုပြတယ် ကြည့်လိုက်တယ်။ သူ့ခံစားချက် တော်တော်ပြင်းတာပဲ။ သမီး သေချာပြန်ရေးလို့တော့ ပြောလိုက်တယ်။ နောက်နေ့ကြတော့ သမီးအိမ်ဖြူတော်ကို စာပို့လိုက်ပြီတဲ့ ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်

ကလေးငယ်သည် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များနှင့် သူ၏အဖွား၊ ဆွေမျိုးများအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းအရွယ်ကလေးများ တောထဲတွင်လုံခြုံမှုမရှိ၊ အစားကောင်းကောင်း မစားရခြင်းများကို စာနာ သနားနေခဲ့ကြောင်းလည်း မိခင်ဖြစ်သူက ဆိုသည်

မင်းဆီက အတွေးအမြင် ခံစားမှုတွေ ကျွန်တော်တို့ကို သိခွင့်ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဒုသမ္မတနဲ့ ကျွန်တော်က ကျောင်းသားတွေ ဆီက ဒီလို အတွေးတွေကို နားထောင်ရတာကို နှစ်သက်ပါတယ်

အသက်ငယ်ပေမယ့် မင်းဆီမှာ အနာဂတ်ကို ပြောင်းလဲနိုင်ပြီး သမိုင်းတွင်နိုင်မယ့် လုပ်ဆောင်နိုင်မှုတွေ ရှိနေပါတယ် ဟုလည်း ပြန်စာတွင် ပါရှိခဲ့သည် အိမ်ဖြူတော်မှ အောက်တိုဘာ ၂၀ ရက် နေ့စွဲဖြင့် ပေးပို့လာသည့်စာကို အောက်တိုဘာ ၂၆ ရက်တွင် လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်