လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္ ကူးစက္ေရာဂါ နဲ႔ ပတ္သက္ၿပီး ကာကြယ္ေဆးေတြ ထြက္ေပၚလာၿပီျဖစ္ပါတယ္။ ဒီ ကာကြယ္ေဆးေတြကို လုံလုံေလာက္ေလာက္ ဝယ္ယူနိုင္ဖို႔အတြက္ နာေရးကူညီမႈအသင္း ရန္ကုန္ ဥကၠဌ ဦးေက်ာ္သူက က်ပ္သိန္း ၁၀၀ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ကိုဗစ္ကာကြယ္ေရးေဆး အတြက္ နာေရးကူညီမႈအသင္း ရန္ကုန္ မွေနျပည္ေတာ္ သို႔ က်ပ္သိန္းတစ္ရာ ၁ဝဝဝဝဝဝဝ လႉဒါန္းျခင္း။ နတ္လူသာဓုေခၚေစေသာ္ ဆိုၿပီးေတာ့ ဇန္နဝါရီလ ၉ ရက္ေန႔ ညေန ၅ နာရီေက်ာ္က ဦးေက်ာ္သူရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္
ဦးေက်ာ္သူ ကိုယ္တိုင္ကလည္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရဖူးသူျဖစ္ပါတယ္။ သူဟာ ေအာက္တိုဘာလ ၂၁ ရက္ေန႔တုန္းက ေဆးစစ္ခ်က္အရ ကိုဗစ္ပိုးေတြ႕ရွိခဲ့ရတာေၾကာင့္ ေဝဘာဂီေဆး႐ုံႀကီးမွာေဆးကုသမႈ ခံယူခဲ့တာျဖစ္ၿပီး နိုဝင္ဘာလ ၇ ရက္ေန႔မွာ ကိုဗစ္ေရာဂါပိုး ကင္းစင္သြားခဲ့တာျဖစ္ပါတယ္။ သူဟာ ႏွလုံးခြဲစိတ္ခံထားရသူလည္းျဖစ္သလို ဆီးခ်ိဳ ေရာဂါ အခံရွိတာေၾကာင့္ ကိုဗစ္ေရာဂါ ကူးစက္ခံလိုက္ရတဲ့ အခ်ိန္မွာ ပရိသတ္ေတြသာမက ၊ အႏုပညာရွင္ေတြကလည္း စိုးရိမ္ေပးခဲ့ၾကပါေသးတယ္
ဦးေက်ာ္သူဦးေဆာင္တဲ့ နာေရးကူညီမႈအသင္းဟာ ကိုဗစ္ ကာလမွာ ဈာပနပို႔ေဆာင္ျခင္း၊ ေရာဂါပိုးကာကြယ္ေရးအတြက္ ေဆးျဖန္းျခင္း၊ မီးေဘးအႏၲရာယ္ တားဆီးေရး အတြက္ ေရသယ္ကားမ်ားနဲ႔ ကူညီေပးျခင္း၊ ေရရွားပါးတဲ့ ေက်းရြာေတြမွာ ေရအလႉျပဳျခင္း စတဲ့ ကုသိုလ္ေရးေတြ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဦးေက်ာ္သူ အေနနဲ႔ နာေရးကူညီမႈအသင္း ရန္ကုန္ ကို ၂၀၀၀ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီအသင္းႀကီးဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္လာခဲ့ပါၿပီ။ ဦးေက်ာ္သူဟာ တစ္ခ်ိန္က အကယ္ဒမီဆုေတြ ရရွိခဲ့ဖူးတဲ့ နိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္ ဆယ္လီရပ္ကြက္
Unicode
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် ကူးစက်ရောဂါ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့အတွက် နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဌ ဦးကျော်သူက ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာကွယ်ရေးဆေး အတွက် နာရေးကူညီမှုအသင်း ရန်ကုန် မှနေပြည်တော် သို့ ကျပ်သိန်းတစ်ရာ ၁ဝဝဝဝဝဝဝ လှူဒါန်းခြင်း။ နတ်လူသာဓုခေါ်စေသော် ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်ကဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်
ဦးကျော်သူ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်းဖြစ်သလို ဆီးချို ရောဂါ အခံရှိတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေသာမက ၊ အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ ကိုဗစ် ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ် ဆယ်လီရပ်ကွက်