






NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းတွေ စတင်ပေးလာ

အောက်တိုဘာ ၂၆၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ စစ်ပညာသင်တန်းတွေ စတင်ပေးလာတာကို တွေ့ရပါတယ်

စစ်ရေးလှုပ်ရှားမှုကင်းထောက်တဲ့ ဒရုန်းအသုံးပြုနည်းတွေ သင်တန်းပေးနေသလို အခြေခံစစ်နည်းဗျူဟာသင်တန်းတွေပါ ပို့ချသင်ကြားပေးလာတာဖြစ်ပါတယ်

NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အခြခံစစ်နည်းဗျူဟာသင်တန်း တစ်ခုကို ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပို့ချသင်ကြားပေးခဲ့ပြီး အောက်တိုဘာ ၂၄ ရက်ကသင်တန်းဆင်းပွဲလုပ်ခဲ့တယ်လို့ ဒီးမော့ဆို PDF ဆီကသိရပါတယ်

အဲဒီသင်တန်းမှာ ဒီးမော့ဆို PDF တပ်ရင်း I က ရဲဘော်တွေ တက်ရောက်ခဲ့ပါတယ်၊ ဒီးမော့ဆို PDF တပ်ရင်း i တပ်ဖွဲ့ဝင် ရဲဘော်တွေအတွက် လိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကိုလည်း လူထုအနေနဲ့ ကူညီပေးနိုင်ကြဖို့ တိုက်တွန်းထားပါတယ်

ဒီးမော့ဆို PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ ဖက်ဒရယ်တပ်မတော် အမြုတေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေနဲ့လှုပ်ရှားတဲ့ ဒေသ PDF တစ်ခုဖြစ်ပါတယ် Photos-DMO PDF, Ref: RiSE_News