unicode
ပရိသတ်ကြီးရေ မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန်အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကိုထိမှန်စေပြီး အားလုံးရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာလည်းဖြစ်ပါတယ်
အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေဟာဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက် ၃၀ ကျော်လို့ထင်ရက်စရာမရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊အသားအရည်တွေပါ လှပနေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေးလိုက်စားတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ အခုလက်ရှိမှာဆိုရင်လည်း workout လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း အေးမြတ်သူဟာ လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေရင်း ပရိသတ်တွေအတွက် အလန်းစားဗီဒီယိုလေးကို မျှဝေပေးလာခဲ့ပါတယ်။ အေးမြတ်သူဟာ အမြဲလိုလို လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေတာကြောင့် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာလည်း သူမရဲ့ဘော်ဒီလေးဟာ ကျော့ရှင်းလှပနေတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်