အောင်လအန်ဆန်းကို ၃ မိနစ်နဲ့နိုင်ခဲ့သလို နောက်တစ်ပွဲထပ်ထိုးရင် ၂ မိနစ်နဲ့အနိုင်ယူပြမယ် လို့ ခနိုးခနဲ့စကားလုံးတွေနဲ့ တုန့်ပြန်ပြောလာတဲ့ ဒီရိုင်ဒါ
Aung La N Sang vs. Reinier De Ridder ပွဲကို အောက်တွင် ပြည်လည်ကြည့်ရှုနိုင်ပါသည်
Unicode
ပီးခဲ့တဲ့ 2020 မစ်ဒယ်ဝိတ်Champion ခါးပတ်လုပွဲကတော့ အားလုံးသိထားပီးဖြစ်ပါတယ်။ ခါးပတ်ပိုင်ရှင် မြန်မာနိုင်ငံဖွား အောင်လအန်ဆန်းနဲ့ နယ်သာလန်နိုင်ငံသား ရိုင်နီယာတို့ရဲ့ပွဲဟာဆိုရင်တော့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှုအမြင့်ဆုံးပွဲတစ်ပွဲပဲဖြစ်ပါတယ်။ သို့သော်လည်း ခါးပတ်နှစ်ခုပိုင်ရှင် ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းကို အချိန်သုံးမိနစ်ကျော်လေးအတွင်းမှာပဲ အနိုင်ယူပြလိုက်ပါတယ်။ အဲဒီအတွက်လည်း ဝေဖန်သံတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ရိုင်နီယာအနေနဲ့ အောင်လကို အနိုင်ယူရတာ အရမ်းလွယ်ကူလွန်းခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်
ဒီပွဲမထိုးခင်ကတော့ ရိုင်နီယာဟာ ဒီပွဲကို အနိုင်ရခဲ့ရင် မကျေပွဲထိုးခွင့်ကို ချက်ချင်းလက်ခံမယ်လို့ပြောခဲ့ပါတယ်။ သို့သော်လည်း အခု အောင်လက မကျေပွဲထိုးဖို့ ပြန်စိန်ခေါ်တဲ့အခါမှတော့ ရိုင်နီယာက ခနိုးခနဲ့စကားလုံးတွေနဲ့ တုန့်ပြန်လာခဲ့ပါတယ်။ သုံးမိနစ်နဲ့နိုင်ခဲ့တာကို နောက်တစ်ကြိမ် 2 မိနစ်နဲ့ အနိုင်ယူပြရအုံးမလား၊ အရိုးသားဆုံးပြောရရင် ပွဲက အကြိတ်အနယ်တောင်မကားစားလိုက်ရပါဘူး အဲဒီပုံစံမျိုးနဲ့ အဆုံးသတ်ထားတာကို ချက်ချင်းကြီး မကျေပွဲပြန်ထိုးဖို့ဆိုတာ ယုတ္တိမရှိပါဘူး
ဒါကြောင့် ကျွန်တော့်ဘက်က လီယံဒိုနဲ့ထိုးဖို့အကြံပေးခဲ့တာပါ။ အနိုင်ရတဲ့သူနဲ့ပဲ ကျွန်တော်ထိုးချင်ပါတယ်။ အောင်လအန်ဆန်းလို ဖိုက်တာတစ်ယောက်ကို နောက်တစ်ကြိမ်ထပ်ပီးအနိုင်ယူဖို့က လောလောဆယ် ကျွန်တော့ပစ်မှတ်မဟုတ်သေးပါဘူး။ သူ့ကို 2 မိနစ်နဲ့ အနိုင်ယူပြရအုံးမှာလား၊ ကျွန်တော့်စွမ်းဆောင်ရည်တွေကို ဒီထက်ကောင်းအောင်ထုတ်ပြရအုံးမှာလားလို့ တုန့်ပြန်လိုက်ပါတယ်ဗျာ။ 2020 မှာပဲ ရိုင်နီယာဟာ လီယန်ဒိုနဲ့ အောင်လအန်ဆိုင်း တို့ကို အနိုင်ယူပီး ကမ္ဘာ့အကောင်းဆုံးဖိုက်တာအဖြစ် သတ်မှတ်ခြင်းခံလိုက်ရပါတယ် crd