၁၆ ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔ ႏွင့္ သမီးေလး ေမြးေန႔ အမွတ္တရ အေနနဲ႔ နိုင္ငံေတာ္၏ လိုအပ္ခ်က္အရ ကိုဗစ္ ကုသေရးစင္တာအျဖစ္ လႉဒါန္းထားသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္ရွိ Fortune Plaza We Love Yangon Happy Co vid Center တြင္
ကၽြန္ေတာ္တို႔နိုင္ငံရဲ့ ကိုဗစ္ ေရာဂါတိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္ တစ္ရပ္အေနနဲ႔ ခံယူၿပီး ကိုယ္က်ိဳးစြန႔္၊ အနစ္နာခံကာ စြမ္းစြမ္းတမံ တာဝန္ထမ္းေဆာင္ တိုက္ပြဲဝင္ေနၾကတဲ့ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ က်န္းမာေရးဦးစီးဌာနမွ နိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ We Love Yangon, လူထုအေျချပဳ ပရဟိတအသင္းတို႔မွ ပရဟိတ ေဆာင္ရြက္ေနသူမ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္တဲ့အေနနဲ႔ အေထာက္အပံ့ပစၥည္းမ်ားႏွင့္ ေငြသားအပါအဝင္ က်ပ္သိန္းေပါင္း ၆၀၀ ကို လႉဒါန္းခဲ့ ေၾကာင္း Fortune Development Group က ဦးစိုင္းမ်ိဳးဝင္းက ေျပာၾကားပါတယ္
လႉဒါန္းမႈ ျပဳရာတြင္ Fortune Plaza We Love Yangon Happy Co vid Center ရွိ က်န္းမာေရး ဝန္ထမ္းမ်ားအတြက္ အစိုးရလစာ၏ ၁ လစာအား တစ္ဦးခ်င္းစီအလိုက္ ဂုဏ္ျပဳေပးအပ္ျခင္း၊ ေစတနာ့ဝန္ထမ္း မ်ားအတြက္ တစ္ဦးလၽွင္ ၁ သိန္းက်ပ္စီ ဂုဏ္ျပဳေပးအပ္ျခင္း၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ေစတနာ့ဝန္ထမ္းမ်ား ေပ်ာ္ရႊင္၍ စိတ္ဖိစီးမႈ ေလ်ာ့နည္းသက္သာေစရန္ ေပ်ာ္ရႊင္ဖြယ္ရာ ဗလာမပါကံစမ္းမဲမ်ား ေဖာက္ေပးျခင္းႏွင့္ ကၽြန္ေတာ္တို႔၏ Fortune Plaza We Love Yangon Happy Co vid Center တြင္ တက္ေရာက္၍ ေဆးကုသမႈ ခံယူေနသည့္ တစ္ဦးတစ္ေယာက္ခ်င္းတို႔ကိုလည္း အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္းသိရပါတယ္
ဒါအျပင္ ကၽြန္ေတာ္တို႔ နိုင္ငံရဲ့ ေရွ႕တန္းကေန တိုက္ပြဲဝင္ေနၾကတဲ့ လူစြမ္းေကာင္းမ်ား ျဖစ္ၾကေသာ က်န္းမာေရး ဦးစီးဌာနမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ား ကိုဗစ္ တိုက္ပြဲမွာ ေဘးမသီရန္မခပဲ အားလုံးရာႏႈန္းျပည့္ က်န္းမာစြာ၊ ခ်မ္းသာစြာျဖင့္ ေအာင္ျမင္ၿပီးဆုံးသည္အထိ တိုက္ပြဲဝင္နိုင္ၾကၿပီး နိုင္ငံ့အက်ိဳး၊ အမ်ားေကာင္းက်ိဳးကို ဆက္လက္၍ ေဆာင္ရြက္ နိုင္ပါေစ လို႔ ဦးစိုင္းမ်ိဳးဝင္းက ဆိုထားပါတယ္ Crd living myanmar
Unicode
၁၆ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ နှင့် သမီးလေး မွေးနေ့ အမှတ်တရ အနေနဲ့ နိုင်ငံတော်၏ လိုအပ်ချက်အရ ကိုဗစ် ကုသရေးစင်တာအဖြစ် လှူဒါန်းထားသည့်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza We Love Yangon Happy Co vid Center တွင် ကျွန်တော်တို့နိုင်ငံရဲ့ ကိုဗစ် ရောဂါတိုက်ဖျက်ရေးကိုအမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ခံယူပြီး ကိုယ်ကျိုးစွန့်၊ အနစ်နာခံကာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများနှင့် We Love Yangon, လူထုအခြေပြု ပရဟိတအသင်းတို့မှ ပရဟိတ ဆောင်ရွက်နေသူများကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ အထောက်အပံ့ပစ္စည်းများနှင့် ငွေသားအပါအဝင် ကျပ်သိန်းပေါင်း ၆၀၀ ကို လှူဒါန်းခဲ့ ကြောင်း Fortune Development Group က ဦးစိုင်းမျိုးဝင်းကပြောကြားပါတယ်
လှူဒါန်းမှု ပြုရာတွင် Fortune Plaza We Love Yangon Happy Co vid Center ရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် အစိုးရလစာ၏ ၁ လစာအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း များအတွက် တစ်ဦးလျှင် ၁ သိန်းကျပ်စီ ဂုဏ်ပြုပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများပျော်ရွှင်၍ စိတ်ဖိစီးမှု လျော့နည်းသက်သာစေရန် ပျော်ရွှင်ဖွယ်ရာ ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းနှင့် ကျွန်တော်တို့၏ Fortune Plaza We Love Yangon Happy Co vid Center တွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် တစ်ဦးတစ်ယောက်ချင်းတို့ကိုလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရပါတယ်
ဒါအပြင် ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူစွမ်းကောင်းများ ဖြစ်ကြသော ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့်စေတနာ့ဝန်ထမ်းများ ကိုဗစ် တိုက်ပွဲမှာ ဘေးမသီရန်မခပဲ အားလုံးရာနှုန်းပြည့် ကျန်းမာစွာ၊ ချမ်းသာစွာဖြင့် အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်ကြပြီး နိုင်ငံ့အကျိုး၊ အများကောင်းကျိုးကို ဆက်လက်၍ ဆောင်ရွက် နိုင်ပါစေ လို့ ဦးစိုင်းမျိုးဝင်းက ဆိုထားပါတယ် Crd living myanmar