ဖြူဖြူကို အကြင်နာ အကြည့်လေးတွေနဲ့ ပြန်ကြည့်ရင်း ရိုမန့်တစ်ဆန်ပြလိုက်တဲ့ ကျော်ထက်အောင်





Unicode

Myanmar Idol ရဲ့ပင်တိုင်စံ presenterကြီး ကျော်ထက်အောင်ဟာ ယခုအချိန်တွင် ရုပ်ရှင်ဇာတ်ကားများကိုပါ လက်ခံရိုက်ကူးနေပြီ ဖြစ်ပြီးပရိသတ်အားပေးလက်ခံတဲ့သူတစ်ယောက်ပါနော်။သူရဲ့ဆွဲဆောင်မှုရှိတဲ့ အသံပါဝါနဲ့ရုပ်ရည်ချောမောမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဖြူဖြူဟာဆိုရင်လည်း လူကြီး၊လူငယ်မရွေး အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်နော်။အသံပါဝါလည်း အရမ်းကောင်းပြီး သီချင်းတစ်ပုဒ်ထဲမှာတင် အသံအမျိုးမျိုးနဲ့သီဆိုနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ဖြူဖြူကျော်သိန်းက ယနေ့ထိတိုင် အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်နော်။

သူတို့နှစ်ယောက်ကတော့ လတ်တလောမှာ ပရိသတ်တွေအထူး စိတ်ဝင်စားခြင်းခံနေရသူတွေဆိုလည်း မမှားပါဘူး။ အခုလည်း ဖြူဖြူနဲ့အတူ အမိုက်စားရိုက်ထားတဲ့ ရိုမန့်တစ်ဆန်ဆန် စုံတွဲပုံလေးတွေကို ထပ်မံထုတ်ပြလာတာဖြစ်ပါတယ်။ အရင်ကလည်းနှစ်ယောက်အတူ MTV တွေအတူတူရိုက်ခဲ့ဖူးတာဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရရှိခဲ့တာလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ပုံလေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Yuan – Cele Zone Photo – Kyaw Htet Aung