ဇာတ်ကားတွေရိုက်ဖို့ (၁၂)ဧကလောက် ရှိတဲ့ အမိုက်စား စတူဒီယိုခြံကြီးကို တည်ဆောက်နေတဲ့ နေထူးနိုင်

ပရိသတ်ကြီးရေ အရင်ကာလ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားစဉ်က အက်ရှင်ဇာတ်လမ်းကောင်းတွေနဲ့အတူ ပရိသတ်ရဲ့ တစ်ခဲနက် လက်ခံအားပေးမှုကို ရရှိလာခဲ့သူကတော့ သရုပ်ဆောင်နေထူးနိုင် ဖြစ်ပါတယ်။ သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် မြန်မာဗီဒီယိုတစ်ခေတ်မှာ အက်ရှင်ဇာတ်လမ်းကောင်းများမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကစလို့ နေထူးနိုင်ဟာ ဇာတ်ကားထဲက သူ့ရဲ့ ပြောင်မြောက်လှတဲ့ စကားလုံးများနဲ့ စွမ်းအားရှင်သရုပ်ဆောင်ချက်များကြောင့်ပရိသတ်တွေနဲ့ အပြန်အလှန် နောက်ပြောင်ပြောဆိုကြရင်း တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။ အခုဆိုရင် နေထူးနိုင်ဟာ ချစ်ရတဲ့ ဇနီးချောလေး၊ သားသမီးတွေနဲ့အတူ သာသာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ပုံမှန်စဉ်ဆက်မပြတ် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်နေထူးနိုင်က ရေနံချောင်းမြို့မှာ (၁၂)ဧက အကျယ်ရှိတဲ့ Studio ခြံကြီးတစ်ခုကို ဇာတ်ကားတွေရိုက်ကူးလို့ရအောင် တည်ဆောက်ထားပြီး သူ့အနေနဲ့ နိုင်ငံခြားကလူတွေလို လုံလောက်တဲ့ ငွေကြေးနဲ့ ဈေးကွက်မျိုး မရှိပေမယ့် တတ်နိုင်တဲ့ ငွေကြေးနဲ့ တတ်နိုင်တဲ့ ဈေးကွက်မှာ အဆင်ပြေဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်။

အစကတော့ ဇနီးဖြစ်သူရဲ့ ခေတ်တစ်ရာသူ ရှောက်ပေါင်းနဲ့ ဒါဏ်ကြေလိမ်းဆေးအတွက် လိုအပ်တဲ့ အပင်တွေကို စိုက်ပျိုးနိုင်ဖို့ ဝယ်ယူထားခဲ့တာ ဖြစ်ပြီး အခုလို ကိုဗစ်ကပ်ရောဂါကြောင့် နောက် ၁ နှစ်၊ ၂ နှစ်ခန့်မျှ ရပ်ဝေးခရီးထွက်ပြီး ဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲရှိနိုင်တဲ့အတွက် Studio ထဲမှာပဲ ရိုက်ကူးနိုင်အောင် တည်ဆောက်လိုက်တာလို့ နေထူးနိုင်က ရှင်းပြပါတယ်။

ဒီ Studio ထဲမှာဆိုရင် အိမ်တွေ၊ ရွာတွေနဲ့ ရေကန်ကြီးတွေ ပါရှိပြီး မြင်းတွေလည်း မွေးထားတယ်လို့ သိရပါတယ်။ အခုဆိုရင် အိမ် ၄ ၅ လုံးလောက်တော့တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပြီး နိုင်ငံခြားကလူတွေ ရိုက်ကူးပုံကို အတုယူပြီး အိမ်တစ်လုံးမှာ မျက်နှာစာ စသည်ဖြင့် လှည့်ပြောင်းရိုက်ကူးနိုင်ရန် စီစဉ်ထားတဲ့အတွက် တကယ်တမ်းက အိမ် ၄ ၅ လုံး ဆိုပေမယ့် လှည့်ပြောင်းရိုက်မယ်ဆိုရင်တော့ အိမ် ၁၀ လုံးစာလောက် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့ Studio ခြံထဲမှာ ရိုက်ကူးပြီး သူ့ရဲ့ NHN Online Application နဲ့ YouTube Channel မှာ ပြသလိုတဲ့ လုပ်ဖော်ကိုက်ဖက်များ လိုက်နာရမယ့် အနုပညာဖန်တီးခြင်းဆိုင်ရာ ကျင့်ဝတ်များနဲ့ ပတ်သတ်လို့ နေထူးနိုင်က အဓိကကတော့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာများကို မထိခိုက်သောအပြုအမူ အပြောအဆို ရိုက်ပြမှုမျိုးကိုတော့ ကျွန်တော်တို့ လက်ခံမယ်။ အကယ်၍ ဘာသာရေးနဲ့ နိုင်ငံရေးကို ထိခိုက်လာမယ့် ဖန်တီးမှုမျိုးကိုတော့ ကျွန်တော့အနေနဲ့ လက်မခံနိုင်ပါဘူး

နေထူးနိုင်ဟာဆိုရင် အခုဆို လှတောသားရဲ့ ဘဝဝက်ပါ ဆိုတဲ့ ဇာတ်ကိုလမ်းတွဲကို ရိုက်ကူးဖို့ စီစဉ်ထားပြီး အကယ်၍ တကယ့် လှတောရွာမှာ သွားရောက်ရိုက်ကူးဖို့ အဆင်မပြေဘူးဆိုရင်တော့ အဆိုပါ Studio ခြံကြီးထဲမှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ လက်ရှိကိုဗစ်ကာလအနေအထားအရ social distancing ကို လိုက်နာပြီး ဇာတ်လမ်းတွဲ ၂၆ ပိုင်းကို Studio ခြံကြီးထဲမှာပဲ ရိုက်ကူးနိုင်အောင် စီစဉ်ထားတာ အခုဆိုရင်တော့ setting တွေ၊ အိမ်တွေ၊ သူကြီးအိမ်တွေ တည်ဆောက်ပြီးစီးနေပြီလို့ နေထူးနိုင်က ပြောပြပါတယ်။

သူတို့အနေနဲ့ ကျေးရွာတွေမှာ ဇာတ်ကားမျိုးစုံ သွားရောက်ရိုက်ကူးတဲ့အခါ တချို့ကျေးရွာတွေက အယူအစွဲတွေကြီးမားတဲ့အတွက် လူသေတဲ့ ဇာတ်ဝင်ခန်းတွေ၊ ဓားပြတိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို သူတို့ဒေသမှာ လာရောက်ရိုက်ကူးတာကို လက်မခံကြတာတွေကို ကြုံဖူးတယ်လို့ နေထူးနိုင်က ပြောပြပါတယ်။ အခုတော့ Studio ထဲမှာ ရိုက်ကူးနိုင်ပြီ ဖြစ်တဲ့အတွက် အခုလို ပြဿနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်စရာ မလိုတော့ဘူးလို့ နေထူးနိုင်က ဆိုပါတယ်။ ကျေးရွာခန်းတွေ ရိုက်ကူးတဲ့အခါ ပီပြင်သဘာဝကျအောင် ခြံကြီးထဲမှာ ထန်းပင်တွေပါ စိုက်ထားပြီး တချို့ထန်းပင်တွေဆိုရင် အမြစ်ကနေကးနှုတ်​ယူလာပြီး ပြန်စိုက်ထားတာတွေ ရှိတယ်လို့ နေထူးနိုင်က ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးဖြစ်နေပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေအားလုံးကို အိမ်မပြန်ပဲ ရုံးမှာပဲ နေထိုင်စေကာ swab ယူ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပြီး ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ နေထူးနိုင်အနေနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများရဲ့ ရိုက်ကူးပုံနည်းစနစ်တွေကို ဖေ့ဘွတ်ပေါ် မျှဝေလာခဲ့ပြီး ပရိသတ်၊ မိတ်ဆွေတွေကို သိစေချင်တဲ့ စေတနာနဲ့ ဝေမျှခဲ့တာဖြစ်တယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။ crd Sue

Zawgyi

ပရိသတ္ႀကီးေရ အရင္ကာလ ဗီဒီယိုဇာတ္ကားေတြ ေခတ္စားစဥ္က အက္ရွင္ဇာတ္လမ္းေကာင္းေတြနဲ႔အတူ ပရိသတ္ရဲ့ တစ္ခဲနက္ လက္ခံအားေပးမႈကို ရရွိလာခဲ့သူကေတာ့ သ႐ုပ္ေဆာင္ေနထူးနိုင္ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေနထူးနိုင္ဟာဆိုရင္ ျမန္မာဗီဒီယိုတစ္ေခတ္မွာ အက္ရွင္ဇာတ္လမ္းေကာင္းမ်ားမွာ ပါဝင္ရိုက္ကူးခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ (၂) ႏွစ္ေက်ာ္ေလာက္ကစလို႔ ေနထူးနိုင္ဟာ ဇာတ္ကားထဲက သူ႔ရဲ့ ေျပာင္ေျမာက္လွတဲ့ စကားလုံးမ်ားနဲ႔ စြမ္းအားရွင္သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ပရိသတ္ေတြနဲ႔ အျပန္အလွန္ ေနာက္ေျပာင္ေျပာဆိုၾကရင္း တစ္နိုင္ငံလုံးမွာရွိတဲ့ လူထုရဲ့ စိတ္ဝင္စားမႈကို ျပန္လည္ရရွိခဲ့တယ္ဆိုရင္လည္း မမွားပါဘူးေနာ္။ အခုဆိုရင္ ေနထူးနိုင္ဟာ ခ်စ္ရတဲ့ ဇနီးေခ်ာေလး၊ သားသမီးေတြနဲ႔အတူ သာသာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၿပီး အႏုပညာအလုပ္ေတြကိုလည္း ပုံမွန္စဥ္ဆက္မျပတ္ လုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ေနထူးနိုင္က ေရနံေခ်ာင္းၿမိဳ႕မွာ (၁၂)ဧက အက်ယ္ရွိတဲ့ Studio ၿခံႀကီးတစ္ခုကို ဇာတ္ကားေတြရိုက္ကူးလို႔ရေအာင္ တည္ေဆာက္ထားၿပီး သူ႔အေနနဲ႔ နိုင္ငံျခားကလူေတြလို လုံေလာက္တဲ့ ေငြေၾကးနဲ႔ ေဈးကြက္မ်ိဳး မရွိေပမယ့္ တတ္နိုင္တဲ့ ေငြေၾကးနဲ႔ တတ္နိုင္တဲ့ ေဈးကြက္မွာ အဆင္ေျပဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့အေၾကာင္း ေျပာျပပါတယ္။

အစကေတာ့ ဇနီးျဖစ္သူရဲ့ ေခတ္တစ္ရာသူ ေရွာက္ေပါင္းနဲ႔ ဒါဏ္ေၾကလိမ္းေဆးအတြက္ လိုအပ္တဲ့ အပင္ေတြကို စိုက္ပ်ိဳးနိုင္ဖို႔ ဝယ္ယူထားခဲ့တာ ျဖစ္ၿပီး အခုလို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေနာက္ ၁ ႏွစ္၊ ၂ ႏွစ္ခန႔္မၽွ ရပ္ေဝးခရီးထြက္ၿပီး ဇာတ္ကားရိုက္ကူးရာမွာ အခက္အခဲရွိနိုင္တဲ့အတြက္ Studio ထဲမွာပဲ ရိုက္ကူးနိုင္ေအာင္ တည္ေဆာက္လိုက္တာလို႔ ေနထူးနိုင္က ရွင္းျပပါတယ္။

ဒီ Studio ထဲမွာဆိုရင္ အိမ္ေတြ၊ ရြာေတြနဲ႔ ေရကန္ႀကီးေတြ ပါရွိၿပီး ျမင္းေတြလည္း ေမြးထားတယ္လို႔ သိရပါတယ္။ အခုဆိုရင္ အိမ္ ၄ ၅ လုံးေလာက္ေတာ့တည္ေဆာက္ၿပီးစီးသြားၿပီ ျဖစ္ၿပီး နိုင္ငံျခားကလူေတြ ရိုက္ကူးပုံကို အတုယူၿပီး အိမ္တစ္လုံးမွာ မ်က္ႏွာစာ စသည္ျဖင့္ လွည့္ေျပာင္းရိုက္ကူးနိုင္ရန္ စီစဥ္ထားတဲ့အတြက္ တကယ္တမ္းက အိမ္ ၄ ၅ လုံး ဆိုေပမယ့္ လွည့္ေျပာင္းရိုက္မယ္ဆိုရင္ေတာ့ အိမ္ ၁၀ လုံးစာေလာက္ ရိုက္ကူးနိုင္တယ္လို႔ သိရပါတယ္။

သူ႔ရဲ့ Studio ၿခံထဲမွာ ရိုက္ကူးၿပီး သူ႔ရဲ့ NHN Online Application နဲ႔ YouTube Channel မွာ ျပသလိုတဲ့ လုပ္ေဖာ္ကိုက္ဖက္မ်ား လိုက္နာရမယ့္ အႏုပညာဖန္တီးျခင္းဆိုင္ရာ က်င့္ဝတ္မ်ားနဲ႔ ပတ္သတ္လို႔ ေနထူးနိုင္က အဓိကကေတာ့ နိုင္ငံေရး၊ လူမႈေရးနဲ႔ ဘာသာေရးဆိုင္ရာမ်ားကို မထိခိုက္ေသာအျပဳအမူ အေျပာအဆို ရိုက္ျပမႈမ်ိဳးကိုေတာ့ ကၽြန္ေတာ္တို႔ လက္ခံမယ္။ အကယ္၍ ဘာသာေရးနဲ႔ နိုင္ငံေရးကို ထိခိုက္လာမယ့္ ဖန္တီးမႈမ်ိဳးကိုေတာ့ ကၽြန္ေတာ့အေနနဲ႔ လက္မခံနိုင္ပါဘူး

ေနထူးနိုင္ဟာဆိုရင္ အခုဆို လွေတာသားရဲ့ ဘဝဝက္ပါ ဆိုတဲ့ ဇာတ္ကိုလမ္းတြဲကို ရိုက္ကူးဖို႔ စီစဥ္ထားၿပီး အကယ္၍ တကယ့္ လွေတာရြာမွာ သြားေရာက္ရိုက္ကူးဖို႔ အဆင္မေျပဘူးဆိုရင္ေတာ့ အဆိုပါ Studio ၿခံႀကီးထဲမွာ သြားေရာက္ရိုက္ကူးမယ္လို႔ သိရပါတယ္။ လက္ရွိကိုဗစ္ကာလအေနအထားအရ social distancing ကို လိုက္နာၿပီး ဇာတ္လမ္းတြဲ ၂၆ ပိုင္းကို Studio ၿခံႀကီးထဲမွာပဲ ရိုက္ကူးနိုင္ေအာင္ စီစဥ္ထားတာ အခုဆိုရင္ေတာ့ setting ေတြ၊ အိမ္ေတြ၊ သူႀကီးအိမ္ေတြ တည္ေဆာက္ၿပီးစီးေနၿပီလို႔ ေနထူးနိုင္က ေျပာျပပါတယ္။

သူတို႔အေနနဲ႔ ေက်းရြာေတြမွာ ဇာတ္ကားမ်ိဳးစုံ သြားေရာက္ရိုက္ကူးတဲ့အခါ တခ်ိဳ႕ေက်းရြာေတြက အယူအစြဲေတြႀကီးမားတဲ့အတြက္ လူေသတဲ့ ဇာတ္ဝင္ခန္းေတြ၊ ဓားျပတိုက္တဲ့ ဇာတ္ဝင္ခန္းေတြကို သူတို႔ေဒသမွာ လာေရာက္ရိုက္ကူးတာကို လက္မခံၾကတာေတြကို ၾကဳံဖူးတယ္လို႔ ေနထူးနိုင္က ေျပာျပပါတယ္။ အခုေတာ့ Studio ထဲမွာ ရိုက္ကူးနိုင္ၿပီ ျဖစ္တဲ့အတြက္ အခုလို ျပႆနာေတြ ၾကဳံေတြ႕ရမွာကို စိုးရိမ္စရာ မလိုေတာ့ဘူးလို႔ ေနထူးနိုင္က ဆိုပါတယ္။ ေက်းရြာခန္းေတြ ရိုက္ကူးတဲ့အခါ ပီျပင္သဘာဝက်ေအာင္ ၿခံႀကီးထဲမွာ ထန္းပင္ေတြပါ စိုက္ထားၿပီး တခ်ိဳ႕ထန္းပင္ေတြဆိုရင္ အျမစ္ကေနကးႏႈတ္​ယူလာၿပီး ျပန္စိုက္ထားတာေတြ ရွိတယ္လို႔ ေနထူးနိုင္က ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ေနထူးနိုင္ဟာဆိုရင္ လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဇာတ္လမ္းတိုေလးေတြလည္း ရိုက္ကူးျဖစ္ေနၿပီး ရိုက္ကူးေရးအဖြဲ႕ဝင္ေတြအားလုံးကို အိမ္မျပန္ပဲ ႐ုံးမွာပဲ ေနထိုင္ေစကာ swab ယူ စစ္ေဆးမႈမ်ား ပုံမွန္ျပဳလုပ္ၿပီး ရိုက္ကူးေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဒီရက္ပိုင္းမွာ ေနထူးနိုင္အေနနဲ႔ နိုင္ငံျခား႐ုပ္ရွင္ဇာတ္ကားမ်ားရဲ့ ရိုက္ကူးပုံနည္းစနစ္ေတြကို ေဖ့ဘြတ္ေပၚ မၽွေဝလာခဲ့ၿပီး ပရိသတ္၊ မိတ္ေဆြေတြကို သိေစခ်င္တဲ့ ေစတနာနဲ႔ ေဝမၽွခဲ့တာျဖစ္တယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။ crd Sue