ၿမိတ္တြင္ အသက္မျပည့္မိန္းကေလးအား ေသြးေဆာင္ျဖားေယာင္းၿပီး ေဖာင္းဒိုင္းလုပ္ ဗီဒီယို လိုင္းေပၚတင္သူကို ဖမ္းဆီးအေရးယူ

ၿမိတ္တြင္ အသက္မျပည့္မိန္းကေလးအား ေသြးေဆာင္ျဖားေယာင္းၿပီး သားမယားျပဳက်င့္သူကို ရဲတပ္ဖြဲ႕မွဖမ္းဆီးအေရးယူထားေၾကာင္းသိရပါတယ္။ပုေလာၿမိဳ႕နယ္၊ အမွတ္ ၁ ရပ္ကြက္ ၊စပါယ္လမ္းတြင္ ဓါတ္ပုံလုပ္ငန္း လုပ္ကိုင္ေနတဲ့ ကိုထက္ ခ ထက္ဝင္းၿဖိဳး ၂၇ ႏွစ္၊ႏွင့္ ၎ ရဲ့ တပည့္ ၂ ဦးျဖစ္တဲ့ မင္းခန႔္ထူး ခ မင္းခန႔္ဦး ႏွင့္ေအာင္မင္းခန႔္ ခ ေအးခ်မ္းေအာင္ ခ ၾကက္ဥ တို႔မွ ၂၀၂၀ ခုႏွစ္၊ဒီဇင္ဘာလ ၂၆ ရက္ေန႔က ၿမိတ္ၿမိဳ႕မွ မ-ရဲ့ ေနအိမ္က အလုပ္သမား မမ အမည္လြဲ အားဆက္သြယ္ၿပီး မ- အား ေမာ္ဒယ္ဓါတ္ပုံရိုက္မည္ျဖစ္ေၾကာင္းႏွင့္ တစ္ခါရိုက္လၽွင္ ရိုက္ကူးခ ၅ ေသာင္းက်ပ္ ေပးမည္ဆိုသျဖင့္ မ- ၏ မိခင္မွ ခြင့္ျပဳၿပီး ေမာ္ဒယ္ဓါတ္ပုံရိုက္ရန္ မမ အား အေဖာ္အျဖစ္ထည့္ေပးလိုက္ေၾကာင္းသိရပါတယ္

အစပိုင္းမွာ ေရကန္ေဘာင္တြင္ ဓါတ္ပုံမ်ားရိုက္ေနစဥ္မွာပဲ မိုးရြာလာတာေၾကာင့္ ထက္ဝင္းၿဖိဳး ႏွင့္ ၎ရဲ့တပည့္မ်ား တည္းခိုတဲ့ ၾကယ္ပ်ံဟိုတယ္တြင္ သြားနားမည္ဟုေျပာဆိုၿပီး ေခၚေဆာင္သြားေၾကာင္း၊ ဟိုတယ္သို႔ေရာက္ရွိစဥ္ မမ အမည္လြဲ မွာ ၎ရဲ့သူငယ္ခ်င္းမွ ကိစၥရွိ၍ဖုန္းဆက္ေခၚသျဖင့္ အျပင္သို႔ထြက္သြားေၾကာင္း ၊ ဟိုတယ္တြင္ မ- ႏွင့္ ကိုထက္ ၊မင္းခန႔္ထူး၊ ေအာင္မင္းခန႔္တို႔သာ က်န္ေနခဲ့စဥ္ ကိုထက္ မွ ဟိုတယ္အခန္းတြင္းေခၚေဆာင္သြား ေၾကာင္းသိရပါတယ္

အခန္းတြင္းသို႔ေရာက္စဥ္ မင္းခန႔္ထူး၊ ေအာင္မင္းခန႔္တို႔မွ အခန္းျပင္သို႔ျပန္လည္ထြက္ခြာသြားရာ မ-ႏွင့္ ကိုထက္တို႔ ႏွစ္ဦးတည္းက်န္ရွိေနစဥ္မွာပဲ သားမယားအျဖစ္ ၂ ႀကိမ္ျပဳက်င့္ခံခဲ့ရေၾကာင္း၊ ထိုသို႔ျပဳက်င့္ေနစဥ္မွာပဲ မင္းခန႔္ထူး၊ ေအာင္မင္းခန႔္တို႔မွအခန္းထဲသို႔ဝင္ေရာက္လာၿပီး ဓါတ္ပုံ ႏွင့္ video ရိုက္ကူးခဲ့ၿပီး ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလ ၉ ရက္ေန႔တြင္ အြန္လိုင္းေပၚျဖန႔္ေဝခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရပါတယ္။ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး သားမယားအျဖစ္ျပဳက်င့္ဆက္ဆံခဲ့သူ ကိုထက္ ခ ထက္ဝင္းၿဖိဳး ၂၇ ႏွစ္၊ ဓါတ္ပုံဆရာ ၊မင္းခန႔္ထူး ႏွင့္ ေအာင္မင္းခန႔္ တို႔ကို ၿမိတ္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၆၃၊ ၃၇၆ ၊ ၁၁၄ ျဖင့္ အေရးယူထားေၾကာင္းသိရပါတယ္ crd မြန္ျပည္နယ္ သတင္းစုံ

Unicode

မြိတ်တွင် အသက်မပြည့်မိန်းကလေးအား သွေးဆောင်ဖြားယောင်းပြီး သားမယားပြုကျင့်သူကို ရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။ပုလောမြို့နယ်၊အမှတ် ၁ ရပ်ကွက် ၊စပါယ်လမ်းတွင် ဓါတ်ပုံလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုထက် ခ ထက်ဝင်းဖြိုး ၂၇ နှစ်၊နှင့် ၎င်း ရဲ့ တပည့် ၂ ဦးဖြစ်တဲ့ မင်းခန့်ထူး ခ မင်းခန့်ဦး နှင့်အောင်မင်းခန့် ခ အေးချမ်းအောင် ခ ကြက်ဥ တို့မှ ၂၀၂၀ ခုနှစ်၊ဒီဇင်ဘာလ ၂၆ ရက်နေ့က မြိတ်မြို့မှ မ-ရဲ့ နေအိမ်က အလုပ်သမား မမ အမည်လွဲ အားဆက်သွယ်ပြီး မ-အား မော်ဒယ်ဓါတ်ပုံရိုက်မည်ဖြစ်ကြောင်းနှင့် တစ်ခါရိုက်လျှင် ရိုက်ကူးခ ၅ သောင်းကျပ် ပေးမည်ဆိုသဖြင့် မ- ၏ မိခင်မှ ခွင့်ပြုပြီး မော်ဒယ်ဓါတ်ပုံရိုက်ရန် မမ အားအဖော်အဖြစ်ထည့်ပေးလိုက်ကြောင်းသိရပါတယ်

အစပိုင်းမှာ ရေကန်ဘောင်တွင် ဓါတ်ပုံများရိုက်နေစဉ်မှာပဲ မိုးရွာလာတာကြောင့် ထက်ဝင်းဖြိုး နှင့် ၎င်းရဲ့တပည့်များ တည်းခိုတဲ့ ကြယ်ပျံဟိုတယ်တွင် သွားနားမည်ဟုပြောဆိုပြီး ခေါ်ဆောင်သွားကြောင်း၊ ဟိုတယ်သို့ရောက်ရှိစဉ် မမ အမည်လွဲ မှာ ၎င်းရဲ့သူငယ်ချင်းမှ ကိစ္စရှိ၍ဖုန်းဆက်ခေါ်သဖြင့် အပြင်သို့ထွက်သွားကြောင်း ၊ဟိုတယ်တွင် မ- နှင့် ကိုထက် ၊မင်းခန့်ထူး၊ အောင်မင်းခန့်တို့သာ ကျန်နေခဲ့စဉ် ကိုထက် မှ ဟိုတယ်အခန်းတွင်းခေါ်ဆောင်သွား ကြောင်းသိရပါတယ်

အခန်းတွင်းသို့ရောက်စဉ် မင်းခန့်ထူး၊ အောင်မင်းခန့်တို့မှ အခန်းပြင်သို့ပြန်လည်ထွက်ခွာသွားရာ မ- နှင့် ကိုထက်တို့ နှစ်ဦးတည်းကျန်ရှိနေစဉ်မှာပဲ သားမယားအဖြစ် ၂ကြိမ်ပြုကျင့်ခံခဲ့ရကြောင်း၊ ထိုသို့ပြုကျင့်နေစဉ်မှာပဲ မင်းခန့်ထူး၊ အောင်မင်းခန့်တို့မှအခန်းထဲသို့ဝင်ရောက်လာပြီး ဓါတ်ပုံ နှင့် video ရိုက်ကူးခဲ့ပြီး ၂၀၂၁ခုနှစ်ဇန်နဝါရီလ ၉ ရက်နေ့တွင် အွန်လိုင်းပေါ်ဖြန့်ဝေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သားမယားအဖြစ်ပြုကျင့်ဆက်ဆံခဲ့သူ ကိုထက် ခထက်ဝင်းဖြိုး ၂၇ နှစ်၊ ဓါတ်ပုံဆရာ ၊မင်းခန့်ထူး နှင့် အောင်မင်းခန့် တို့ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၇၆ ၊ ၁၁၄ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။ crd မွန်ပြည်နယ် သတင်းစုံ