ဝါရင့္လူရႊင္ေတာ္ႀကီး ဦးစိန္ရိုးကေတာ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ကင္ဆာပိုး စေတြ႕ခဲ့ခ်ိန္က စလို႔ က်န္းမာေရး မေကာင္းျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ကင္ဆာအေျခအေန နဲ႔ ပတ္သက္ၿပီး ခြဲစိတ္ကုသဖို႔ကိုလည္း သေဘာမတူတာေၾကာင့္ အိမ္မွာပဲ ေဆးကုသေနရတယ္လို႔ မိသားစုဝင္ တစ္ဦးျဖစ္တဲ့ သားမက္ျဖစ္သူ ဦးဝင္းျမင့္ က Duwun ကို ေျပာျပခဲ့ပါတယ္။ အေဖက ပူတဲ့ ဒဏ္ကို ခံနိုင္ရည္ရွိတယ္၊ နည္းနည္းေလး ေအးလာလို႔ရွိရင္ သူေနလို႔ မရေတာ့ဘူး ရင္ဘတ္ထဲကေန ၾကပ္လာတာေပါ့ေနာ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က ေရာဂါ စျဖစ္တုန္းကေတာ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ကင္ဆာေရာဂါ စေတြ႕တယ္ေပါ့။ ေသြးအန္လို႔ ေဆး႐ုံ ပို႔လိုက္ရတာေပါ့။ အဲဒီအခ်ိန္မွာ စျဖစ္တာ ခြဲစိတ္မယ္ ဆိုေတာ့ အေဖက မွန္ေျပာင္း အၾကည့္မခံေတာ့ဘူး။ လည္ေခ်ာင္းအရမ္းနာတယ္ဆိုေတာ့ အိမ္မွာပဲ ေဆးကုေနရတယ္
ၿပီးေတာ့ ေအာက္ဆီဂ်င္အားျပဳတဲ့ ဓာတ္ဆားရည္ေလးေတြ လာလႉေပးတဲ့ အလႉရွင္ေတြ ရွိေတာ့ အဲဒါကိုပဲ အျမဲတိုက္ျဖစ္တယ္။ ေသြးအန္တာလည္း ေပ်ာက္တယ္၊ က်န္းမာေရးလည္း နည္းနည္းျပန္ေကာင္းလာတယ္။ ဒါေပမယ့္ တစ္လ၊ ႏွစ္လေလာက္ ထမင္းမစားေတာ့ဘူး။ အန်ရူးဝါးတို႔ ၾကက္ေပါင္းရည္တို႔ေတာ့ တိုက္ေနရပါတယ္ လို႔ ဆိုပါတယ္
ဦးစိန္ရိုးဟာ က်န္းမာေရးမေကာင္းေပမယ့္ အလုပ္ေတြ ျပန္လုပ္ခ်င္တဲ့ စိတ္ကေတာ့ တက္တက္ႂကြႂကြ ရွိေနတုန္းပဲလို႔ ဦးဝင္းျမင့္က ေျပာပါတယ္။ ဦးစိန္ရိုးဆီကို သတိတရ လာတဲ့ ဧည့္သည္ေတြရွိရင္လည္း အျမဲတမ္း ေပ်ာ္ေနတတ္တယ္လို႔ သူကဆိုပါတယ္။ အေဖက အခုဆို အသက္ ၈၇ ႏွစ္ျဖစ္လာၿပီ။ သူ႔ အသက္အရြယ္နဲ႔ အဆင္ေျပမယ့္ အစားအေသာက္ေတြ ေကၽြးရတယ္။ ေထြေထြထူးထူးကေတာ့ အေဖက လူကသာ မထနိုင္တာ သြားခ်င္တဲ့ စိတ္ရွိတယ္၊ လာခ်င္တဲ့ စိတ္ရွိတယ္၊ စိတ္ကေတာ့ မာတယ္။ သူ႔ဆီကို ဧည့္သည္ေတြ လာရင္ အေဖက ေပ်ာ္တယ္။ သေဘာေတြက်ေနတာ က မလားဆို ကမယ္၊ ဆိုမလားဆိုလည္း ဆိုမယ္။ စကားေျပာရင္လည္း ေလ တစ္လုံးနဲ႔ တစ္လုံးက ပ်က္ပ်က္သြားတယ္။ၿပီးေတာ့ အေဖ့ တပည့္ လူရႊင္ေတာ္ေတြကလည္း အေဖ့ဆီ ခဏခဏ လာလည္ၾကေတာ့ သူေပ်ာ္ရတာေပါ့ေလ လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္
ဦးစိန္ရိုးကေတာ့ လူရႊင္ေတာ္ ေလာကမွာ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္လာခဲ့တဲ့ လူရႊင္ေတာ္ႀကီး တစ္ဦးျဖစ္ပါတယ္။ စိန္ရိုး ၊ တိမ္ညႊန႔္ ဟာသညီေနာင္ ဆိုၿပီးေတာ့လည္း ပရိသတ္အမ်ားစုရဲ့ အားေပးမႈကို ခံခဲ့ရဖူးပါတယ္။ ဒါ့အျပင္ ဟာသသ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြလည္း အမ်ားႀကီး ရိုက္ကူးထားသူဆိုလည္း မမွားပါဘူး Crd Duwun Cele Yatkwat
UNICODE
ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာပိုး စတွေ့ခဲ့ချိန်က စလို့ ကျန်းမာရေး မကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကင်ဆာအခြေအနေ နဲ့ ပတ်သက်ပြီး ခွဲစိတ်ကုသဖို့ကိုလည်း သဘောမတူတာကြောင့် အိမ်မှာပဲ ဆေးကုသနေရတယ်လို့ မိသားစုဝင် တစ်ဦးဖြစ်တဲ့ သားမက်ဖြစ်သူ ဦးဝင်းမြင့် က Duwun ကို ပြောပြခဲ့ပါတယ်
အဖေက ပူတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတယ်၊ နည်းနည်းလေး အေးလာလို့ရှိရင် သူနေလို့ မရတော့ဘူး ရင်ဘတ်ထဲကနေ ကြပ်လာတာပေါ့နော်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရောဂါ စဖြစ်တုန်းကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာရောဂါ စတွေ့တယ်ပေါ့။ သွေးအန်လို့ ဆေးရုံ ပို့လိုက်ရတာပေါ့။ အဲဒီအချိန်မှာ စဖြစ်တာ ခွဲစိတ်မယ် ဆိုတော့ အဖေက မှန်ပြောင်း အကြည့်မခံတော့ဘူး။ လည်ချောင်းအရမ်းနာတယ်ဆိုတော့ အိမ်မှာပဲ ဆေးကုနေရတယ်
ပြီးတော့ အောက်ဆီဂျင်အားပြုတဲ့ ဓာတ်ဆားရည်လေးတွေ လာလှူပေးတဲ့ အလှူရှင်တွေ ရှိတော့ အဲဒါကိုပဲ အမြဲတိုက်ဖြစ်တယ်။ သွေးအန်တာလည်း ပျောက်တယ်၊ ကျန်းမာရေးလည်း နည်းနည်းပြန်ကောင်းလာတယ်။ ဒါပေမယ့် တစ်လ၊ နှစ်လလောက် ထမင်းမစားတော့ဘူး။ အန်ရူးဝါး တို့ ကြက်ပေါင်းရည်တို့တော့ တိုက်နေရပါတယ် လို့ ဆိုပါတယ်
ဦးစိန်ရိုးဟာ ကျန်းမာရေးမကောင်းပေမယ့် အလုပ်တွေ ပြန်လုပ်ချင်တဲ့ စိတ်ကတော့ တက်တက်ကြွကြွ ရှိနေတုန်းပဲလို့ ဦးဝင်းမြင့်က ပြောပါတယ်။ ဦးစိန်ရိုးဆီကို သတိတရ လာတဲ့ ဧည့်သည်တွေရှိရင်လည်း အမြဲတမ်း ပျော်နေတတ်တယ်လို့ သူကဆိုပါတယ်။ အဖေက အခုဆို အသက် ၈၇ နှစ်ဖြစ်လာပြီ။ သူ့ အသက်အရွယ်နဲ့ အဆင်ပြေမယ့် အစားအသောက်တွေ ကျွေးရတယ်။ ထွေထွေထူးထူးကတော့ အဖေက လူကသာ မထနိုင်တာ သွားချင်တဲ့ စိတ်ရှိတယ်၊ လာချင်တဲ့ စိတ်ရှိတယ်၊ စိတ်ကတော့ မာတယ်။ သူ့ဆီကို ဧည့်သည်တွေ လာရင် အဖေက ပျော်တယ်။ သဘောတွေကျနေတာ က မလားဆို ကမယ်၊ ဆိုမလားဆိုလည်း ဆိုမယ်။ စကားပြောရင်လည်း လေ တစ်လုံးနဲ့ တစ်လုံးက ပျက်ပျက်သွားတယ်။ပြီးတော့ အဖေ့ တပည့် လူရွှင်တော်တွေကလည်း အဖေ့ဆီ ခဏခဏ လာလည်ကြတော့ သူပျော်ရတာပေါ့လေ လို့ ဆက်လက် ပြောပြခဲ့ပါတယ်
ဦးစိန်ရိုးကတော့ လူရွှင်တော် လောကမှာ နှစ်ပေါင်းများစွာ အောင်မြင်လာခဲ့တဲ့ လူရွှင်တော်ကြီး တစ်ဦးဖြစ်ပါတယ်။ စိန်ရိုး ၊ တိမ်ညွှန့် ဟာသညီနောင် ဆိုပြီးတော့လည်း ပရိသတ်အများစုရဲ့ အားပေးမှုကို ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားသူဆိုလည်း မမှားပါဘူး Crd Duwun Cele Yatkwat