MRTV4 ကထုတ်လွှင့်ပြသလျက်ရှိတဲ့ မမှီဝဲနဲ့ ကင်းအောင်နေ ဇာတ်လမ်းတွဲလေးကတော့ ဇာတ်သိမ်းပိုင်းထိ ပြီးသွားခဲ့ပါပြီပရိသတ်ကြီးရေ ။ ဒီဇာတ်လမ်းတွဲလေးမှာ ဆောင်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်ခဲ့တဲ့ ဝေလာရီကတော့ ဇာတ်သိမ်းပိုင်းလေးက အဆင်ပြေရဲ့လား လို့ ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မေးခဲ့ပါတယ်
ဝေလာ့ကို ယုံယုံကြည်ကြည်နဲ့ ဒီလို main character တစ်ခုကို ဖန်တီးဖို့ အခွင့်အရေး ပေးပါသော ချစ်ရတဲ့ ဝေလာ့ရဲ့ ဒုတိယ မိသားစု Forever Group နဲ့ ဒီဇာတ်လမ်းတွဲလေးမှာ ယုံယုံကြည်ကြည် နဲ့ ဆောင်း character ကို ပုံဖော်ခွင့်ပေးခဲ့တဲ့ ဆရာ ဦးသီနဲ့ Myanmar Magic Media Production ၊ ဇာတ် စ လယ် ဆုံး တစ်ခန်းမှ မကျန်လေအောင် သွန်သင်ဆုံးမ သင်ပြပြီး မြေတောင်မြောက်ပေးတဲ့ သမီးတို့ရဲ့ ဆရာ ဒါရိုက်တာ ဆရာ ဦးဟိန်းစိုး နဲ့အတူ တာဝန်ရှိသူတွေအားလုံးကိုလည်း သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားရေးသားထားပါသေးတယ်
တူတူတွဲသရုပ်ဆောင်စဉ် ကာလတစ်လျှောက်လုံး ကိုယ့်ညီမလေးလို ချစ်ခင် ပေးကြတဲ့ စီနီယာ အကို ကိုသာထက် နဲ့ ကိုကောင်းစစ်သွေး ၊ အနုပညာ ချစ်သူငယ်ချင်းအကို အမများ နဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ဇာတ်လမ်းတွဲ ကာလတစ်လျှောက် တစ်ပိုင်းမှ မလွတ်ရလေအောင် Theme Song ပါမကျန် အားပေးကြတဲ့ ကျေးဇူးရှင် ချစ် ပရိသတ်များကိုလည်းကျေးဇူးတင်စကားဆိုထားပါသေးတယ် ။ ဒါ့အပြင် သူမရဲ့ ဆောင်းဆိုတဲ့ character လေးကို ပရိသတ် ရင်ထဲ အမြဲသတိရနေပေးပါနော် လို့လည်း ဝေလာရီက တောင်းဆိုခဲ့ပါသေးတယ်
crd Yaung Chi