အခက္အခဲေတြ ဒုကၡေတြကို ဘယ္သူမွမရိပ္မိေအာင္ ႀကိတ္ခံစားေနရေၾကာင္းေျပာျပလာတဲ့ ဦးကင္းေကာင္ရဲ့သားေလး ရဲမြန္ေအာင္

ပရိသတ္ႀကီးေရ ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ဟာသ သ႐ုပ္ေဆာင္ လူရႊင္ေတာ္ ကင္းေကာင္ရဲ့ သားျဖစ္သူ ရဲမြန္ေအာင္ကေတာ့ သူ႔ရဲ့ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္အခ်ိဳ႕ကို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပထားပါတယ္ ။ သူ႔ရဲ့စိတ္ပိုင္းဆိုင္ရာ အဆင္မေျပမႈေတြအတြက္ ေနာင္တရေၾကာင္းနဲ႔အတူ အခ်ိန္အေတာ္ၾကာဟန္ေဆာင္ေနခဲ့ေၾကာင္းေတြကို အခုလိုရင္ဖြင့္လာခဲ့ပါတယ္

အခက္အခဲေတြ ၊ ဒုကၡေတြ အက်ပ္အတည္းေတြ ၊ ဆုံးရႈံးမႈေတြ ဆိုတာကို ႏွစ္နဲ႔ခ်ီပီးခံစားေနရေတာ့ ေပ်ာ္ရႊင္မႈဆိုတာ ေမ့ေနတာေတာ္ေတာ္ၾကာေနပီ။ ကိုယ့္ရဲ့ ေပ်ာ္ရႊင္မႈေတြဟာ အတင္းလုပ္ယူထားတဲ့ ဟန္ေဆာင္မႈျဖစ္တာေၾကာင့္ ျဖစ္နိုင္ရင္ အဆင္ေျပလားလို႔ မေမးပါနဲ႔ဗ်ာ။ ကိုယ့္အထက္က အရာရွိတစ္ေယာက္က လြန္ခဲ့တဲ့ ၂ လေလာက္က ရဲမြန္အဆင္ေျပလားလို႔ ေမးတယ္။ မညာခ်င္တာနဲ႔ မေျပပါဘူးဆရာရယ္လို႔ ေျဖလိုက္မိတာ ခုခ်ိန္ထိေနာင္တ ရလို႔မဆုံးဘူး လို႔လည္း သူ႔ရဲ့စိတ္ခံစားခ်က္ေတြကို ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပခဲ့တာျဖစ္ပါတယ္

ကိုယ့္ျဖစ္တည္မႈတစ္ခုအတြက္ သူတစ္ပါးပါ စိတ္မေကာင္းျဖစ္သြားရတာ စိတ္မေကာင္းဆုံးဘဲ ျဖစ္လို႔ ခင္ရင္ မေမးၾကပါနဲ႔လို႔လည္း ေတာင္းဆိုထားပါေသးတယ္ ။ သူ႔ရဲ့သူငယ္ခ်င္း မိတ္ေဆြ အခ်ိဳ႕ကေတာ့ ရဲမြန္အတြက္ အားေပးစကားေလးေတြ မွတ္ခ်က္ေရးသားခဲ့ၾကပါတယ္

Yaung Chi

Unicode

ပရိသတ်ကြီးရေ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ သားဖြစ်သူ ရဲမွန်အောင်ကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြထားပါတယ် ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေအတွက် နောင်တရကြောင်းနဲ့အတူ အချိန်အတော်ကြာဟန်ဆောင်နေခဲ့ကြောင်းတွေကို အခုလိုရင်ဖွင့်လာခဲ့ပါတယ်

အခက်အခဲတွေ ၊ ဒုက္ခတွေ အကျပ်အတည်းတွေ ၊ ဆုံးရှုံးမှုတွေ ဆိုတာကို နှစ်နဲ့ချီပီးခံစားနေရတော့ ပျော်ရွှင်မှုဆိုတာ မေ့နေတာတော်တော်ကြာနေပီ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဟာ အတင်းလုပ်ယူထားတဲ့ ဟန်ဆောင်မှုဖြစ်တာကြောင့် ဖြစ်နိုင်ရင် အဆင်ပြေလားလို့ မမေးပါနဲ့ဗျာ။ ကိုယ့်အထက်က အရာရှိတစ်ယောက်က လွန်ခဲ့တဲ့ ၂ လလောက်က ရဲမွန်အဆင်ပြေလားလို့ မေးတယ်။ မညာချင်တာနဲ့ မပြေပါဘူးဆရာရယ်လို့ ဖြေလိုက်မိတာ ခုချိန်ထိနောင်တ ရလို့မဆုံးဘူး လို့လည်း သူ့ရဲ့စိတ်ခံစားချက်တွေကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ် ။ ကိုယ့်ဖြစ်တည်မှုတစ်ခုအတွက် သူတစ်ပါးပါ စိတ်မကောင်းဖြစ်သွားရတာ စိတ်မကောင်းဆုံးဘဲ ဖြစ်လို့ ခင်ရင် မမေးကြပါနဲ့လို့လည်း တောင်းဆိုထားပါသေးတယ် ။ သူ့ရဲ့သူငယ်ချင်း မိတ်ဆွေ အချို့ကတော့ ရဲမွန်အတွက် အားပေးစကားလေးတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ Yaung Chi