Unicode
အသက်အငယ်ဆုံးအဘိဓမ္မာမဟာဘွဲ့ရ၁၅နှစ်သလေး မောင်ဟန်ထွန်းအောင်
ဓမ္မရသနောက်တစ်ကောက်ကောက်လိုက်ခဲ့သူသို့မဟု တ်အသက်ငယ်ဆုံးအဘိဓမ္မာမဟာဘွဲ့ရ၁၅နှစ်သားသူလိုလူ၅၂ကြိမ်မြောက်အဘိဓမ္မာစာတော်ပြန်ပွဲရဲ့ထူးခြ ားချက်ထဲမှာ၁၅နှစ်သားတစ်ဦးရဲ့မဟာဘွဲ့ရရှိမှုဟာဘ ယ်လိုမှ ချန်လှပ်ခဲ့လို့မရနိုင်ပါဘူး။လူပုဂ္ဂိုလ်များအတွက်သတ် မှတ်ပြဌာန်းထားတဲ့ကျမ်းအစိတ်အပိုင်း၁၅ပိုင်းကိုမေင်ဟန်ထွန်းအောင်ဟာဒီကနှစ်မှာရေးဖြေဘာသာစုံဂုဏ် ထူးနဲ့အတူလှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်
၁၅ကျမ်းကို၄နှစ်အတွင် းထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့တာမို့ကြားသိရတို င်းအံ့သြဝမ်းသာကြမယ်လို့ထင်ပါတယ်။တစ်ကယ်တေ ာ့မောင်ဟန်ထွန်းအောင်ဟာအသက်၁၁နှစ်အရွယ်ကထည်းကအစိုးရအဘိဓမ္မာ၃ဆင့်လုံးကိုအောင်မြင်ကာ အဘိဓမ္မာ ဥယျာဉ်ကြီးထဲကိုစတင်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်ဓ မ္မရသကိုသိရှိခံစားဖူးတဲ့ပျားပိတုန်းလေးတစ်ကောင်အဖို့ဒီဥယျာဉ်ကြီးထဲကနေပြီးပြန်မထွက်နိုင်တော့တာ သိပ်တော့လဲမဆန်းလှပါဘူး။အဲဒီနှစ်မှာပဲဓမ္မသာကစ္ဆာအဘိဓမ္မာ ၃ဆင့်လုံးကိုလည်းအောင်မြင်ခဲ့တယ်၁၂နှစ်အရွယ်ရတ န်းနှစ်မှာအစိုးရဝိသုဒ္ဓိမဂ်၃ဆင့်နဲ့ဓမ္မသာကစ္ဆာဝိသုဒ္ဓိမဂ်၃ဆင့်လုံးကိုနှစ်ချင်းပေါက်အံ့ဖွယ်အောင်မြင်ခဲ့သ လိုအဘိဓမ္မာစာတော်ပြန်ပွဲကိုလည်းစတင်ဝရောက်ပူ ဇော်ခဲ့ပါတယ်
၁၃နှစ်ရွယ်၈တန်းမှာပထမပြန်စာမေးပွဲအခြေပြုမူလတ န်းကိုအောင်မြင်ခဲ့ပြီးအဘိဓမ္မာပြန့်ပွားရေအသင်းကြီးရဲစူဠအာဘိဓမ္မိကဝိသိဋ္ဌကလာဏဉာဏဓဇဘွဲ့ကိုရရှိ ခဲ့ပါတယ်။၁၄နှစ်အရွယ်နဝမတန်းမှာအစိုးရ အဘိဓမ္မာဂုဏ်ထူးဆောင် ဋီကာကျော် ၃ဆင့်ကိုအော င်မြင်ကာမဇ္ဈိမအာဘိဓမ္မိကကလျာဏဉာဏဓဇဘွဲ့ကိုထပ်မံရရှိပြန်ပါတယ်တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့အခုနှစ်မှာလည်းလုံးဝရပ်နားခြင်းမပြုဘဲဆက်လက်ကြိုစား ပူဇော်ခဲ့ တဲ့အတွက်မဟာအာဘိဓမ္မိကဥက္ကဋ္ဌကလျာဏဉာဏဓဇဘွဲ့ကိုအပြီးသတ်ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။အထ က်မှာဖော်ပြခဲ့တဲ့ကျမ်းတွေဆိုတာတစ်ကျမ်းတစ်ကျမ်းကိုပဲအောင်မြင်အောင်မနည်းလေ့လာပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်းကောင်းစွာသိရှိကြပါတယ်
ဒီ၅နှစ်တွင်းမှာအဘိဓမ္မာရိုးရိုး၃ဆင့်အဘိဓမ္မာဂုဏ်ထူဆောင်၃ဆင့်၊ဝိသုဒ္ဓိမဂ်၃ဆင့်၊အခြေပြုမူလတန်းနဲ့ စာတော်ပြန်ပွဲ၁၅ကျမ်းတို့ကိုဖြေဆိုအောင်မြင်ကာစူဠ အာဘိဓမ္မိကကလျာဏ ဉာဏဓဇမဇ္ဈိမအာဘိဓမ္မိကဝိသိဋ္ဌကလျာဏဉာဏဓဇမဟာအာဘိဓမ္မိကဥက္ကဌကလျာဏဉာဏဓဇဘွဲ့ကြီး ၃ဘွဲ့ကိုချီးမြှင့်ခြင်းခံရတဲ့သမိုင်းတလျောက်အသက်အ ငယ်ဆုံးစာပြန်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ဒါမို့ဒီအရွယ်နဲ့ဒီလောက်လုပ်နိုင်တာကိုအတော်ပဲလက်ဖျားခါမိပါတယ်
ဒါမို့ကျွန်တော့်အနေနဲ့ကတော့မောင်ဟန်ထွန်းအောင်ကို ဓမ္မရသနောက်တစ်ကောက်ကောက်လိုက်ခဲ့သူဆင်ခြေ ဆင်လက်တွေကိုမထီမဲ့မြင်ပြုနိုင်တဲ့သူအခက်ခဲတွေကို အခွင့်အရေးအဖြစ်ပြောင်းလဲနိုင်သူအားကျအတုယူသ င့်သူ ဂုဏ်ပြုချီးကျူးမှုတွေနဲ့ အထူးကိုထိုက်တန်တဲ့သူအဖြစ် နှစ်ဆန်းအမှတ်တရဝိသေသပြုမှတ်တမ်းတင်ဂုဏ်ပြု လိုက်ရပါတော့တယ်။သာဓုသာဓုသာဓု