Unicode
ပရိတ်သတ်တွေရင်ထဲမှာ တဖြည်းဖြည်းနေရာယူလာပြီး ပုရိသတွေရဲ့အသဲကို သိမ်းပိုက်ထားတဲ့ ဖိုတိုမော်ဒယ် သရုပ်ဆောင် နော်ဖောအယ်ထားဟာ ၂၀၁၈ကစလို့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး MV၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြောငြာများရိုက်ကူးလျက်ရှိပါတယ်။
ကရင်တိုင်းရင်းသူလေး နော်ဖောဟာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုပြုလုပ်နေပြီး သူမကို ချစ်ခင်တဲ့ ပရိတ်သတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် ပုံလှလှလေးတွေ အမြဲတင်ပေးလေ့ရှိပါတယ်။
အခုတစ်ခါမှာလည်း နော်ဖောက မြန်မာဝတ်စုံလေးတွေ ဝတ်ရတာ သဘောကျတဲ့သူပါ ဆိုပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အချစ်ပိုစေဖို့ မျှဝေပေးခဲ့ပါတယ်။
MUFL တက္ကသိုလ်မှာကတည်းက Queen ဖြစ်ခဲ့တဲ့ သူမရဲ့အလှ၊ ကျော့ရှင်းပြေပြစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ မြန်မာဝတ်စုံဟာ အရမ်းကို လိုက်ဖက်လို့နေပါတယ်။ ဒါကြောင့် ကရင်မလေး နော်ဖောကို ဝန်းရံကြတဲ့ ပုရိသကြီးနဲ့ နှုတ်ခမ်းနီမလေးတွေအတွက် မြန်မာဆန်ဆန် ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
source; Naw Phaw Eh Htar Fb