အသားအရည် ထိန်းသိမ်းမှု အကြောင်း၊ ပလတ်စတစ်ဆာဂျရီ နှင့် မိတ်ကပ် လိမ်းခြယ်မှုတွေ အကြောင်း ဗဟုသုတ ဝေမျှပေးလာတဲ့ အဆိုတော် Mikis Weber၊ စုစုဝေ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမန် သံအမတ်ရဲ့ သမီး ဖြစ်သူ ဒေါက်တာ Dr.Sophia Neisinger တို့နှင့် ခဏတာ။ မြန်မာသနပ်ခါးကိုလည်း အရမ်းသဘောကျပါတယ်တဲ့
သနပ်ခါးရဲ့ ကျန်းမာရေးအာနိသင် ၇ မျိုး
နေလောင်ဒဏ်၊ အမာရွတ်၊ အစက်အပျောက်တွေကို ပျောက်ကင်းစေတယ်-သနပ်ခါးဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အလှပြင်စရာ ဖြစ်ပါတယ်။ သနပ်ခါးမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေကြောင့် နေလောင်ဒဏ်အပြင် အမာရွတ်/ ဝက်ခြံတင်းတိပ်မှဲ့ခြောက် စတာတွေကိုပါ အချိန်တိုအတွင်း ပျောက်ကင်းစေပါတယ်
အသားရေကို အေးမြစေတယ်- သနပ်ခါးဟာ နွေရာသီနဲ့ အထူးသင့်တော်တဲ့ ဆေးဘက်ဝင် အပင်ဖြစ်ပါတယ်။ အသားအရေး ပူလောင်ခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ မိတ်ထွက်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်
အရေအပြားကင်ဆာကို ကာကွယ်ပေးနိုင်တယ်-အရေအပြား မှိုစွဲခြင်းမှတစ်ဆင့် နောက်ဆက်တွဲ ရောဂါတွေအတွက် သနပ်ခါးကို လိမ်းပေးရုံနဲ့ ကာကွယ်နိုင်ပါတယ်ပွေး၊ ဝဲ၊ ညှင်း၊ ဂျွတ်၊ ဒက် စတာတွေကို ပျောက်ကင်းစေတယ် သနပ်ခါးမှာ ပါဝင်တဲ့ဓာတ်တွေဟာ အရေးပြားကို တွယ်ကပ်လာတဲ့ ဘက်တီးရီးယားပိုးတွေကို ထိထိရောက်ရောက် နှိမ်နင်း နိုင်ပါတယ်။ ဒါကြောင့် ပွေး၊ ဝဲ၊ညှင်း ဂျွတ်၊ ဒက် စတာတွေကို အထူးပျောက်ကင်းစေပါတယ်
အရွယ်တင် နုပျိုစေတယ်- သနပ်ခါးကို ပုံမှန်လိမ်းပေးခြင်းဖြင့် အသားရေ တွန့်ခြင်း တွဲခြင်း စတာတွေကို သက်သာစေပါတယ်။ အရေးပြားဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးပြီးလက်ရှိအသက်ထက် ပိုပြီး နုပျိုစေပါတယ်
ရောဂါစုံ ကင်းဝေးတဲ့ဆေးတဲ့ သနပ်ခါး- ကျွန်တော်တို့ ငယ်စဉ်က အမေဖြစ်သူဟာ သနပ်ခါးလိမ်းပေးရင်း လက်ကျန်သနပ်ခါးကို ပါးစပ်ထဲ ခွံ့လေ့ရှိပါတယ်။ ဒါဟာ ရှေးဟောင်း နန်းတွင်း ဆေးနည်းလို့သိရပြီး ဗိုက်အောင့်၊ ဗိုက်နာ၊ ခေါင်းမူး၊ အော့အန်၊ နေမကောင်းဖြစ်ခြင်းအပြင်၊ သူငယ်နာ၊ ဖက်ခွက်နာ၊ ထိပ်ကပ်နာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်
ခန္ဓာကိုယ်အလှကို လေ့ကျင့်ပြီးသား ဖြစ်စေတယ်-မြန်မာအမျိုးသမီးများ သနပ်ခါးသွေးတဲ့အခါ ခါးကို ဟန်ချက်ထိန်းပြီး သွေးကြပါတယ်။ ဒါဟာ ခါးလေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်ပြီး လက်မောင်းကြွက်သားတွေ တွဲလျှားကျခြင်း၊ ပျော့အိခြင်းအတွက်လည်း သဘာဝလေ့ကျင့်ခန်း ဖြစ်စေပါတယ်။ သက်တောင့်သက်သာနဲ့ အားစိုက်ထုတ်မှု အလွန်နည်းပေမယ့်ခန္ဓာကိုယ်ကို သွယ်လျှ လှပစေပါတယ်