Crd Nyein Myat Thu
Unicode
အားလုံးပဲ မင်္ဂလာပါ ရှင့်..
ငြိမ်းမြတ်ဖြေရှင်းချင်တာလေးတစ်ခုရှိလို့ပါ အခု ပြီးခဲ့တဲ့ New Face Model International 2021 City Final Live Show ပွဲမှာ ငြိမ်းမြတ်ကို ဟားခါးကိုယ်စားပြုအလှမယ်ပေးအပ်တဲ့အကြောင်းပါ။
ငြိမ်းမြတ်က ငယ်ငယ်ထဲက Modelတစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့တာပါ… အခုပွဲကိုလဲ သမီးဘဝရဲ့မှတ်တိုင် အနေနဲ့ ဆုလေးတစ်ခုရအောင် အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ…
ငြိမ်းမြတ် ကို ဟားခါးဆုပေးခဲ့တာ မှားယွင်းကြေ ငြာခဲ့တယ်ဆိုပီး စင်ပေါ်မှာပြောပါတယ်။ အောက်ရောက်ရင် ပြန်လဲပေးပြီး နောက့်နေ့ organization ကနေ စာထုတ်ကြေငြာပေးပြီး ငြိမ်းမြတ်နစ်နာမူအတွက် တောင်းပန်ပေးမယ်လို့ပြောခဲ့တာပါ
တကယ်တမ်းငြိမ်းမြတ်ရတာ Special Award ပါရှင့်…ငြိမ်းမြတ်လဲဘာမှမလုပ်ရပါပဲ ငြိမ်းမြတ်ကိုအားလုံးကဝိုင်းအပြစ်တင်နေတော့ ငြိမ်းမြတ်တကယ်စိတ်မကောင်းဖြစ်ရပါတယ်….ပွဲစီစဉ်သူတွေကိုလဲအမှားမမြင်စေချင်ပါဘူးရှင့်
ပွဲစီစဉ်သူတွေမှာလဲ အဖက်ဖက်က ဖိအားတွေနဲ့ အတူ စီစဉ်ရတာမို့လို့ လွဲချော်သွားတာကို ငြိမ်းမြတ် နားလည်ပါတယ်ဒါက☺အားလုံးရဲ့ရင်ထဲမှာအထင်လွဲမှားပြီး ဆရာစိုင်းကိုကိုကိုယ် အကုန်လုံးက ဝိုင်းအပြစ်တင်ပီးဆဲဆိုနေကြတာကိုလဲသမီးစိတ်မကောင်းပါဘူး… သမီး တစ်ယောက်အတွက်နဲ့အများဆဲတာခံနေရတာပါ.. ဘယ်သူမဆို ဆဲခံရတာကို ဝမ်းသာပီတိဖြစ်ပီး ဒီလိုဘယ်လုပ်ချင်ပါ့မလဲ…အားလုံးကိုတောင်းပန်ပါတယ်ရှင့်
Crd Nyein Myat Thu