သရုပ်ဆောင် ဦးကျော်သူ ရေဝေးအသွားတွင် ကားငါးစီးဆင့်တိုက်ခံရ

ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား . ဘာမှ မပူပါနဲ့ ဘာမှ မဖြစ်ဘူး ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ် ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ် ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍

ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက်သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်

လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ် ရှေ့ နောက် ၊ လိုက်ထရပ် ရှေ့ နောက် ၊ နာကူယာဉ် ရှေ့ ဘယ် ညာ ၊ဘတ်စ်ကားကြီး နောက်ဖက်ဘယ်ဖက်ခြမ်းပွန်း အသီးသီးထိသွားခဲ့သည် ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်

 

မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာ မည်ကို အထူးသတိထားရန် အသိတရား တစ်ခုရှိခဲ့ရသည် နိဗ္ဗာန်ယာဉ်ပေါ် ပါလာသောဘဝကူးသွားသည့် ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်


အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်

ဘာမှမဖြစ် ဘာမှမတွေ့ မိမိတွင် ဗုဒ္ဓရှိနေသည် ဘုန်းဘုန်းရှိနေသည် မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် ဘယ်လောက်မှန်မှန်ဘယ်လောက်ဖြေးဖြေး ဘယ်လောက်သတိထားထားတစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည် Crd Kyaw Thu