ကွယ်လွန်သွားတာ (၂)နှစ်တောင်ရှိသွားပြီဖြစ်တဲ့ အစ်မဖြစ်သူ ခင်ပြည့်စုံအောင်ကို သတိရဝမ်းနည်းနေတဲ့ ခင်ပိုးပန်းချီ

ဝါးခယ်မရဲမောင်ရဲ့မြေးဖြစ်သလို တေးသံရှင်မေရွက်ဝါရဲ့ တူမလေးလည်းဖြစ်တဲ့ ခင်ပိုးပန်းချီကတော့ အနုပညာမျိုးရိုးကနေ ဆင်းသက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက သူမကိုယ်တိုင်လည်း ဆိုကရေးတီးပြိုင်ပွဲဝင်တွေမှာ ဆုတံဆိပ်တွေများစွာ ရရှိခဲ့သလို သူမရဲ့ အစ်မ ခင်ပြည့်စုံအောင်ကလည်း ဆိုကရေးတီး ရွှေတံဆိပ်ဆုရှင်တစ်ယောက်ပါပဲ။ ဒါပေမယ့် ခင်ပိုးပန်းချီရဲ့အစ်မ ခင်ပြည့်စုံအောင်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ကပဲ (၉၆)ပါးသော ရောဂါဝေဒနာကြောင့် ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ရှာတာပဲ ဖြစ်ပါတယ်။

 

ခင်ပိုးပန်းချီကလည်း သူမအရမ်းချစ်ပြီး သံယောဇဉ်တွယ်ခဲ့ရတဲ့အစ်ကို တစ်ရက်မှမေ့မရသလို ဒီကနေ့မှာလည်း အစ်မဖြစ်သူကို သတိရကြောင်း အခုလိုပဲ ရင်ဖွင့်ပြောပြလာပါတယ်။ “Dec , 17 ဆိုရင် မနိုဆုံးတာ (၂) နှစ်ပြည့်ပါပြီ။ ငယ်ငယ်ထဲက အတူတူကြီးပြင်းလာရပြီး သမီးအတွက်အစ်မပီသတဲ့ အစ်မဖြစ်ခဲ့လို့ ကျေးဇူးအများကြီးလဲတင်ရသလို အရမ်းလဲအားနာရပါတယ် ထင်ထားတာထက်ကို မလုပ်ပေးနိုင်ခဲ့လို့လဲ ဝမ်းနည်းမိပါတယ်။ ကုသိုလ်တွေအမြဲလုပ်ပေးနေပြီး ညတိုင်းအမျှဝေတာမလို့ မနို ကောင်းရာဘုံဘဝမှာ ရှိနေပါစေလို့ဆန္ဒပြုပါတယ်။ သတိရခြင်းတွေနဲ့ စနိုး💗” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိရကြောင်း ပြောလာပါတယ်။

ခင်ပိုးပန်းချီကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားတဲ့ အစ်မကို ဒီနေ့ဒီအချိန်ထိ သတိရနေဆဲ ဖြစ်ပါတယ်။ ခင်ပြည့်စုံအောင်လည်း ကျန်ရစ်သူမိသားစုတွေ ပြုပြုသမျှ ကောင်းမှုတွေကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာရှိနေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်

Zawgyi

ဝါးခယ္မရဲေမာင္ရဲ့ေျမးျဖစ္သလို ေတးသံရွင္ေမရြက္ဝါရဲ့ တူမေလးလည္းျဖစ္တဲ့ ခင္ပိုးပန္းခ်ီကေတာ့ အႏုပညာမ်ိဳးရိုးကေန ဆင္းသက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခင္ပိုးပန္းခ်ီက သူမကိုယ္တိုင္လည္း ဆိုကေရးတီးၿပိဳင္ပြဲဝင္ေတြမွာ ဆုတံဆိပ္ေတြမ်ားစြာ ရရွိခဲ့သလို သူမရဲ့ အစ္မ ခင္ျပည့္စုံေအာင္ကလည္း ဆိုကေရးတီး ေရႊတံဆိပ္ဆုရွင္တစ္ေယာက္ပါပဲ။ ဒါေပမယ့္ ခင္ပိုးပန္းခ်ီရဲ့အစ္မ ခင္ျပည့္စုံေအာင္ကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္ကပဲ (၉၆)ပါးေသာ ေရာဂါေဝဒနာေၾကာင့္ ဘဝတစ္ပါးသို႔ ကူးေျပာင္းကြယ္လြန္သြားခဲ့ရွာတာပဲ ျဖစ္ပါတယ္။

ခင္ပိုးပန္းခ်ီကလည္း သူမအရမ္းခ်စ္ၿပီး သံေယာဇဥ္တြယ္ခဲ့ရတဲ့အစ္ကို တစ္ရက္မွေမ့မရသလို ဒီကေန႔မွာလည္း အစ္မျဖစ္သူကို သတိရေၾကာင္း အခုလိုပဲ ရင္ဖြင့္ေျပာျပလာပါတယ္။ “Dec , 17 ဆိုရင္ မနိုဆုံးတာ (၂) ႏွစ္ျပည့္ပါၿပီ။ ငယ္ငယ္ထဲက အတူတူႀကီးျပင္းလာရၿပီး သမီးအတြက္အစ္မပီသတဲ့ အစ္မျဖစ္ခဲ့လို႔ ေက်းဇူးအမ်ားႀကီးလဲတင္ရသလို အရမ္းလဲအားနာရပါတယ္ ထင္ထားတာထက္ကို မလုပ္ေပးနိုင္ခဲ့လို႔လဲ ဝမ္းနည္းမိပါတယ္။ ကုသိုလ္ေတြအျမဲလုပ္ေပးေနၿပီး ညတိုင္းအမၽွေဝတာမလို႔ မနို ေကာင္းရာဘုံဘဝမွာ ရွိေနပါေစလို႔ဆႏၵျပဳပါတယ္။ သတိရျခင္းေတြနဲ႔ စနိုး💗” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ သတိရေၾကာင္း ေျပာလာပါတယ္။

ခင္ပိုးပန္းခ်ီကေတာ့ ဘဝတစ္ပါးသို႔ ကူးေျပာင္းကြယ္လြန္သြားတဲ့ အစ္မကို ဒီေန႔ဒီအခ်ိန္ထိ သတိရေနဆဲ ျဖစ္ပါတယ္။ ခင္ျပည့္စုံေအာင္လည္း က်န္ရစ္သူမိသားစုေတြ ျပဳျပဳသမၽွ ေကာင္းမႈေတြေၾကာင့္ ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာရွိေနမွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္