ဒီနေ့ကတော့ အဆိုတော်ဂရေဟမ်ရဲ့ သမီးချောလေးတွေဖြစ်တဲ့ အသံချိုချိုပိုင်ရှင်လေး အဆိုတော် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်


Happy Birthday ပါ 💗💗







Unicode

ဒီနေ့ ဇန်နဝါရီလ ၁၄ရက် နေ့ကတော့ အသံချိုချိုပိုင်ရှင်လေး အဆိုတော် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်

Happy Birthday ပါ 💗💗

အနုပညာလုပ်ငန်းတွေမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်ပါစေ…

ချစ်ကြတဲ့ ပရိသတ်ကြီးကလည်း ပန်းရောင်တို့ညီအစ်မအတွက် မွေးနေ့ဆုတောင်း စကားလေးတွေ မန့်ခဲ့ပေးပါဦး 😍😍😍

အဆိုတော်ဂရေဟမ်ရဲ့ သမီးချောလေးတွေဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်တို့ကတော့ တကယ့်ကို ချောမောလှပတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ကောင်လေးတွေရဲ့ အသဲကျော် အဆိုတော်၊ကြော်ငြာ မင်းသမီးလေးတစ်ယောက် ဖြစ်ရုံသာမက ဖြူစင်တဲ့မျက်နာလေးကို ပိုင်ဆိုင်ထားလို့ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်မှုရရှိထားသူလေးပါ။

ပန်းရောင်ခြယ်ကတော့ ဒီကနေ့ Jan 14 ရက်မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ ညီမလေးပန်းသွန်းခြယ်နဲ့အတူ English သီချင်းလေးသီဆိုထားပါတယ်။ ၅နှစ်ကြီး ၅နှစ်ငယ် မွေးနေ့တစ်ရက်ထဲဖြစ်တဲ့ ပန်းရောင်နဲ့ ပန်းသွန်းရဲ့ မွေးနေ့အမှတ်တရ “Memories” cover လေးပါဆိုပီး ညီမလေးနဲ့အတူ ငယ်ဘဝပုံရိပ်လေးတွေနဲ့ သီချင်းလေးတင်ထားပါတယ်။ အသံချိုချိုလေးတွေနဲ့ ပေါ့အဆိုတော်မလေးတွေရဲ့ အသံလေးတွေက အရမ်းကိုချိုသာလွန်းပါတယ်နော်။

“ဘယ်လို အစ်မမျိုးလည်းဆိုတော့ သမီးကို ကောင်းကောင်းဆုံးမတတ်တယ်။ လမ်းပြပေးတတ်တဲ့ အစ်မအကြီးတစ်ယောက်ပေါ့နော်” ဆိုပြီး တော့ ပန်းသွေးခြယ်က ပြောပါတယ်။ အဲ့ဒီနောက် ပန်းရောင်ခြယ်ကလည်း “ညီမလေးက လိမ္မာတယ်၊ အိမ်မှာ ပန်းရောင်မှ မဟုတ်ဘူး၊ ဖေဖေ မေမေ စကားတစ်ခုခုပြောလိုက်ပြီဆိုရင် နားထောင်တယ်။ တစ်ခါတလေကျရင် ညီမလေးက ပန်းရောင်ထက် ပိုရင့်ကျက် တာတွေ ရှိတယ်” ဆိုပြီးတော့ ညီမလေး လိမ္မာတဲ့အကြောင်း ပြောပြထားပါတယ်။

ပရိတ်သတ်ကြီးကလည်း ချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ် ပန်းသွေးခြယ်တို့ညီမစ်မတွေရဲ့ မွေးနေ့လေးမှာ သူမတို့အတွက် မွေးနေ့ဆုတောင်းလေး ချီးမြှင့်ပေးခဲ့ကြပါအုံးနော်။