ဒီေန႔ ေက်ာက္စိမ္းေတာင္ကို သြားရတဲ့ အေၾကာင္းရင္းက သတင္းမွန္နဲ႔ ထူးျခားတဲ့ အေၾကာင္းကိစၥနဲ႔ ေရာက္ျဖစ္သြားျခင္းပါ။

နာမည္ႀကီးေနတဲ့ မိုးေကာင္းမွ ေက်ာက္စိမ္းေတာင္ အေၾကာင္း

ဒီေန႔ ေက်ာက္စိမ္းေတာင္ကို သြားရတဲ့ အေၾကာင္းရင္းက သတင္းမွန္နဲ႔ ထူးျခားတဲ့ အေၾကာင္းကိစၥနဲ႔ ေရာက္ျဖစ္သြားျခင္းပါ။

ေက်ာက္စိမ္းထြက္တဲ့ ေတာင္က ေက်ာက္မီးေတာင္လို႔ေခၚပါတယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ အင္းၾကင္းကုန္းေက်းရြာ ၊ ေခ်ာင္းဝ ( အင္းေတာ္ႀကီး )

အေနာက္ဘက္သြားတဲ့လမ္းကေန႔ ၆ မိုင္ ခရီးကို ေတာင္တက္၊ ေတာင္ဆင္း ခပ္ၾကမ္းၾကမ္း ဆိုင္ကယ္စီးရပါမယ္၊ တစ္ခ်ိဳ႕ေနရာ အဆင္းေဇာက္သလို႔ အတက္မတ္ပါတယ္၊

၎ေက်ာက္သည္ ကညင္ၿမိဳင္ေက်းရြာ မွာ မဟုတ္ပါ၊ ကညင္ၿမိဳင္မွ ေတာင္ဘက္သို႔ ျပည္ေထာင္စု လမ္းမ အတိုင္းသြားရပါတယ္၊ ၿပီးမွ ပင္ေဘာအနီးက

အင္းၾကင္းကုန္းေက်းရြာ ကိုေရာက္ရင္ ေခ်ာင္းဝဘက္လမ္းကေနသြားရျခင္း ျဖစ္ပါသည္။ အင္းၾကင္းကုန္မွ ၆မိုင္ေလာက္ ခရီးႏွင့္ၿပီးမွ ဇလြန္ကြင္းေရာက္ရင္

လမ္းဘယ္ဘက္မွ အခင္းတဲမ်ားေတြ႕ရင္ ဦးေအာင္ခိုင္ + မခင္ခ်ိဳဦး တဲကို ေမးၿပီး ခရီးဆက္နိူင္ပါသည္။ ေတာင္တက္ဖို႔ တစ္နာရီနီးပါး အခ်ိန္ေပးရပါမယ္၊ ေတာင္ေပၚမွာ သဘာဝဓါတ္ေငြ႕ထြက္ရွိေနေသာေၾကာင့္ ေဆးလိပ္မီး ေလၽွာက္မပစ္ဖို႔ ေျပာပါရေစ၊ ေက်ာက္စိမ္းတုံးကို မေတြ႕ရခင္ သဘာဝ ဓါတ္ေငြ႕ ေျမႀကီးထဲမွာ ထြက္ေနတာကို ေတြ႕ရပါလိမ့္မယ္၊ သဘာဝ ဓါတ္ေငြ႕ထြက္တဲ့ ေနရာရဲ့ ဘယ္ဘက္ေအာက္ဆင္းရင္ ေက်ာက္မ႑ပ္ေခၚ ေက်ာက္စိမ္းေတာင္ကို ေတြ႕ရမွာပါ။

ကာလာ အေနအထားက ေက်ာက္စိမ္းနဲ႔ အေတာ္တူပါတယ္၊ သို႔ေပသည္ ေက်ာက္စိမ္းအႏြယ္ဝင္မဟုတ္ပါ။ ေက်ာက္စိမ္းမွ ပေထာ့ ၊ ပလြမ့္ အဆင့္ ကိုေတာင္ မမီပါ၊ အဓိက ထြက္ေနတာက သဘာဝ ဓါတ္ေငြ႕ပါ။ တစ္ေတာင္လုံး ေနရာ ေတာ္ေတာ္မ်ားမ်ား ထြက္ေနတာပါ။ တာဝန္ရွိသူမ်ား အျမန္ဆုံး ထိန္းသိမ္းကာကြယ္ဖို႔လဲ ေျပာၾကားလိုပါတယ္။

တစ္စိမ့္စိမ့္ကို ထြက္ေနလို႔ပါ။ဒါေၾကာင့္ ေက်ာက္မီးေတာင္ဟု ေခၚပါသည္။ အဂၤလိပ္ေခတ္က ( ဒုတိယ ကမၻာစစ္ ) ေက်ာက္မ႑ပ္ ေဘးက ေတာင္မွာ စစ္စခန္း တည္ေဆာက္ထားေသာ စခန္းကုန္းရွိေနပါတယ္၊ ( ေဒသခံ အေျပာ ) သံတို ၊ သံစ အမ်ား အျပားရွိေနေသးတယ္ ေျပာျပပါတယ္။

ဒီေန႔ည အိမ္ျပန္ခရီးက ည ၉ နာရီေက်ာ္ပါတယ္၊ ခုမွ ေက်ာက္စိမ္းေတာင္ကိစၥ ဖြင့္ခ်ျပခ်င္လို႔ ေရာက္ေရာက္ခ်င္း ရွင္းျပရျခင္းျဖစ္ပါသည္။ လိုက္ပါ ပို႔ေဆာင္ေပးေသာဦးစိန္ေအာင္အင္းၾကင္းကုန္ ေက်းရြာဦးစိုးစိုး အုပ္ခ်ဳပ္ေရးမႈး အင္းၾကင္းကုန္ ေက်းရြာတို႔အား ေက်းဇူးတင္ရွိပါသည္။

crd ေစာမင္းျဖဴ မိုးေကာင္းေက်ာက္စိမ္းေတာင္ အင္းၾကင္းကုန္းေက်းရြာ ကခ်င္ျပည္နယ္ ၁၃/၁/၂၀၂၁

Unicode

နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း

ဒီနေ့ ကျောက်စိမ်းတောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ ရောက်ဖြစ်သွားခြင်းပါ။

ကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ခေါ်ပါတယ်၊ မိုးကောင်းမြို့နယ်၊ အင်းကြင်းကုန်းကျေးရွာ ၊ ချောင်းဝ ( အင်းတော်ကြီး )

အနောက်ဘက်သွားတဲ့လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်စီးရပါမယ်၊ တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၊

၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာ မှာ မဟုတ်ပါ၊ ကညင်မြိုင်မှ တောင်ဘက်သို့ ပြည်ထောင်စု လမ်းမ အတိုင်းသွားရပါတယ်၊ ပြီးမှ ပင်ဘောအနီးက

အင်းကြင်းကုန်းကျေးရွာ ကိုရောက်ရင် ချောင်းဝဘက်လမ်းကနေသွားရခြင်း ဖြစ်ပါသည်။ အင်းကြင်းကုန်မှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင်

လမ်းဘယ်ဘက်မှ အခင်းတဲများတွေ့ရင် ဦးအောင်ခိုင် + မခင်ချိုဦး တဲကို မေးပြီး ခရီးဆက်နိူင်ပါသည်။ တောင်တက်ဖို့ တစ်နာရီနီးပါး အချိန်ပေးရပါမယ်၊

တောင်ပေါ်မှာ သဘာဝဓါတ်ငွေ့ထွက်ရှိနေသောကြောင့် ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ၊ ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝ ဓါတ်ငွေ့ မြေကြီးထဲမှာ ထွက်နေတာကို တွေ့ရပါလိမ့်မယ်၊ သဘာဝ ဓါတ်ငွေ့ထွက်တဲ့ နေရာရဲ့ ဘယ်ဘက်အောက်ဆင်းရင် ကျောက်မဏ္ဍပ်ခေါ် ကျောက်စိမ်းတောင်ကို တွေ့ရမှာပါ။

ကာလာ အနေအထားက ကျောက်စိမ်းနဲ့ အတော်တူပါတယ်၊ သို့ပေသည် ကျောက်စိမ်းအနွယ်ဝင်မဟုတ်ပါ။ ကျောက်စိမ်းမှ ပထော့ ၊ ပလွမ့် အဆင့် ကိုတောင် မမီပါ၊ အဓိက ထွက်နေတာက သဘာဝ ဓါတ်ငွေ့ပါ။ တစ်တောင်လုံး နေရာ တော်တော်များများ ထွက်နေတာပါ။ တာဝန်ရှိသူများ အမြန်ဆုံး ထိန်းသိမ်းကာကွယ်ဖို့လဲ ပြောကြားလိုပါတယ်။

တစ်စိမ့်စိမ့်ကို ထွက်နေလို့ပါ။ဒါကြောင့် ကျောက်မီးတောင်ဟု ခေါ်ပါသည်။ အင်္ဂလိပ်ခေတ်က ( ဒုတိယ ကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက တောင်မှာ စစ်စခန်း တည်ဆောက်ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြော ) သံတို ၊ သံစ အများ အပြားရှိနေသေးတယ် ပြောပြပါတယ်။

ဒီနေ့ည အိမ်ပြန်ခရီးက ည ၉ နာရီကျော်ပါတယ်၊ ခုမှ ကျောက်စိမ်းတောင်ကိစ္စ ဖွင့်ချပြချင်လို့ ရောက်ရောက်ချင်း ရှင်းပြရခြင်းဖြစ်ပါသည်။ လိုက်ပါ ပို့ဆောင်ပေးသောဦးစိန်အောင်အင်းကြင်းကုန် ကျေးရွာဦးစိုးစိုး အုပ်ချုပ်ရေးမှုး အင်းကြင်းကုန်း ကျေးရွာတို့အား ကျေးဇူးတင်ရှိပါသည်။

crd စောမင်းဖြူ မိုးကောင်းကျောက်စိမ်းတောင် အင်းကြင်းကုန်းကျေးရွာ ကချင်ပြည်နယ် ၁၃/၁/၂၀၂၁