အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ ကိုဗစ္ကာကြယ္ေဆးဝယ္ရန္ က်ပ္သိန္း ၅၀၀ ထည့္ဝင္လႉဒါန္း

အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ ကိုဗစ္ကာကြယ္ေဆးဝယ္ရန္ က်ပ္သိန္း ၅၀၀ ထည့္ဝင္လႉဒါန္း

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးဝယ္ယူ‌ေရးရန္ပုံေငြအတြက္ အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ အလႉေငြ က်ပ္သိန္း ၅၀၀ ထည့္ဝင္လႉဒါန္းခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာ သည္။

အလႉေငြကို အင္းစိန္ရြာမပရိယတၱိစာသင္တိုက္ ဦးစီးပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲတိေလာကဆရာ ေတာ္ဘုရားမွ ေပးအပ္လႉဒါန္းရာ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးႏွင့္ တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝၿဖိဳးဟန္တို႔က အလႉေတာ္ေငြမ်ား လက္ခံခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အလႉေငြမ်ားကို ၿမိဳ႕နယ္ကိုဗစ္ေကာ္မတီမွတဆင့္ ျမန္မာ့စီးပြားေရးဘဏ္ ( ကိုဗစ္ကာကြယ္ေဆးဝယ္ ယူေရးရန္ပုံေငြစာရင္း)သို႔ လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ပါေၾကာင္း ဝမ္းေျမာက္စြာ အသိေပးအပ္ေၾကာင္း ၎၏လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ အသိေပးထားသည္။

 

crd ေမသက္, ျပည္ျမန္မာ

Unicode

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ ကိုဗစ်ကာကွယ်ဆေးဝယ်ရန် ကျပ်သိန်း ၅၀၀ ထည့်ဝင်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူ‌ရေးရန်ပုံငွေအတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ အလှူငွေ ကျပ်သိန်း ၅၀၀ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြော သည်။

အလှူငွေကို အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တတိလောကဆရာ တော်ဘုရားမှ ပေးအပ်လှူဒါန်းရာ အင်းစိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်တို့က အလှူတော်ငွေများ လက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလှူငွေများကို မြို့နယ်ကိုဗစ်ကော်မတီမှတဆင့် မြန်မာ့စီးပွားရေးဘဏ် ( ကိုဗစ်ကာကွယ်ဆေးဝယ် ယူရေးရန်ပုံငွေစာရင်း)သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

crd မေသက်, ပြည်မြန်မာ