မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ကန်တော်ကြီးတွင် နှစ်ပေါင်းလေးဆယ် ကျော်အတွင်း ပထမဦးဆုံးအကြိမ် ရေခမ်းခြောက်မှု ဆိုးရွာစွာ ဖြစ်ပေါ်လျက် ရှိ ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာရေးအဖွဲ့တစ်ခု ဖြစ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့ အတွင်း ရေးမှုး ဦးကိုကိုကြီးက ပြောသည်။
ထိုသို့ဖြစ်ပေါ်လာရခြင်းမှာ ရာသီဥတုပြောင်းလဲမှုများအရ မိုးခေါင်ခြင်းများနှင့်အတူ သဘာဝရေထွက် များ ပျက်စီးခြင်းများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ကန်တော်ကြီးရဲ့အရှေ့ဘက်နဲ့ တောင်ဘက်မှာ ရေစီးကြောင်းတွေရှိတယ်၊ အဲဒီဘက်က ၂၇၁ ဧကကို ဘယ်လိုတွေ လုပ်လိုက်လဲတော့မသိဘူး၊ ရေစီးကြောင်းတွေကို ပိတ်ပြီး အုတ်တံတိုင်းတွေ ခတ်၊တိုက် တွေ ဆောက်ထားကြတယ်၊အဲဒီလိုတွေ ဖြစ်တာကြောင့်တောင်ကုန်းပေါ်က စီးလာတဲ့ရေတွေကို တား ထားသလိုဖြစ်ပြီးတော့ ရေတွေက ကန်တော်ကြီး စိမ့်တော ထဲကို မဝင်တော့ဘူး၊ လက်ရှိက ကန် တော်ကြီးအတွင်းထဲမှာရှိတဲ့ ထင်းရှုတောဘက်က ကုန်းဘက်ကနေပဲ စိမ့်ဝင်တော့ တယ်၊ ဟိုဘက်က ဝင်မလာနိုင်တော့ဘူး၊ လက်ရှိဖြစ်နေတဲ့အခြေအနေရဲ့ အဓိကကတော့ ဒါပါပဲ၊ ပြီးတော့ မိုးခေါင်တာ ကြောင့်လည်း ပါတာပေါ့၊ နှစ်ပေါင်း လေးဆယ်ကျော် အတွင်းမှာ ဒီနှစ်က ဆိုးဆိုးရွားရွားဖြစ်တာ ပထမ ဆုံးပဲ”ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့အပြင် ကန်တော်ကြီး အောက်ဘက်ရှိ ကန်တော်လေးအတွင်း ရေဝင်ရောက်မှု ပမာဏ လျော့ နည်းလာခြင်း၊ မိုးရွာသွန်းမှု လျော့နည်းလာခြင်းများကြောင့်လည်း ကန်တော်ကြီးရေခမ်းခြောက် မှုများ ဖြစ်ပေါ်ရခြင်းဟု ရုက္ခဗေဒဥယျာဉ်အုပ်ချုပ်ရေးမှူး ဟောင်း ဦးဇော်ဝင်းက သုံးသပ်ပြောပြသည်။
“ကျနော့်အတွေ့အကြုံနဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ရေဝင်ရေလဲတောတွေပျက်တာရယ်၊ မိုးနည်းတာလည်း ပါတာ ပေါ့၊ ကန်တော်ကြီးရဲ့အောက်က ကန်တော်လေးမှာ ရေမထိန်းနိုင်တာလည်း ရေခမ်းခြောက်တာဖြစ်စေပါတယ်၊ ကန်တော် လေးထဲမှာ ရေရှိနေမှ ကန်တော်ကြီးထဲမှာ ရေရှိမှာဖြစ် ပါတယ်၊ ကန်တော်လေးမှာ ရေစိုစိုစွတ်စွတ်မရှိတာဟာ ကန်တော်ကြီး ရေခမ်းခြောက်မှု ဖြစ်စေ တယ်”ဟု ယင်းက ပြောသည်။
ကန်တော်ကြီး၏ လက်ရှိအကျယ်အဝန်းသည် ဧက ၉၀ ကျော်ထိရှိပြီး ယခုအခါ ကမ်းစပ်များတွင် ရေခမ်းခြောက်မှု ဆိုးဆိုး ရွားရွားဖြစ်ပေါ်နေပြီး အားလုံးပူးပေါင်းပါဝင်ထိန်းသိမ်းကြရန်လိုအပ်သည်ဟု သိရသည်။ ကန်တော်ကြီးရေခမ်းခြောက်မှုကြောင့် နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပြင်ဦးလွင်မြို့ အနိမ့်ပိုင်းကျေးရွာများသို့ ရေပေးပို့ သည့် ဂဲလောင်းချောင်း ရေမရောက်သဖြင့် စိုက်ပျိုးရေရရှိရန် အခက်အခဲများနှင့်အတူ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် ရေတံခွန်များတွင်လည်း ရေခမ်း ခြောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
အဆိုပါအခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြန်လည်ကုစားနိုင်ရန်အတွက် စီမံချက်ရေးဆွဲ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ တင်ပြထားကြောင်း သိရသည်။
“အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို စီမံချက်တစ်ခုအနေနဲ့ ရေးဆွဲပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြ ထားပါတယ်၊ ဘယ်လိုဆိုတဲ့အဖြေထွက်မလာသေးလို့ ဘာမှ လုပ်လို့မရသေး ပါဘူး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင် ရာတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ဖို့အတွက်ပေါ့”ဟု ဦးကိုကိုကြီးက ဆက်လက်ပြောသည်။
ရေးဆွဲတင်ပြထားသည့် စီမံချက်တွင် ကန်တော်လေးအတွင်း ကျောက်ရိုးစီခြင်း၊ ရေထိန်းနိုင်ရန် ရေတံ ခါးတပ်ဆင်ခြင်း၊ ကန် တော်လေးတွင် ရေများထိန်းသိမ်း၍ မြောင်းများ တူးဖော်ကာ ကန် တော်ကြီးအတွင်း ရေများ ထည့်သွင်းခြင်း၊ ကန်တော်လေး အတွင်းမှ ရေများကို သန့်စင်နိုင်ရန် စက်တပ်ဆင်မှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန်တော်ကြီးတည်ရှိရာ ရုက္ခဗေဒဥယျာဉ်ကို ၁၉၁၅ ခုနှစ်က ဗြိတိသျှ သစ်တောဦးစီးအရာရှိ အဲလက်စ် ရော်ဂျာ(Alex Roger) က မေမြို့ရုက္ခဗေဒဥယျာဉ်အဖြစ် စတင် တည်ထောင်ခဲ့ရာ မူလဥယျာဉ်မှ ဧက ၃၀ ကျယ်ဝန်းပြီး အပျော်တမ်း ဥယျာဉ်မှုး လေဒီ ရှားလက်ခပ်ဖ် (Charlotte Wheeler Cuffe) ၏ အကူအညီဖြင့် ဗြိတိန်နိုင်ငံ ကျူဂါးဒင်းဥယျာဉ် (Kew တော်ဝင်ရုက္ခဗေဒ ဥယျာဉ်)ကို အတုယူ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၁၉၁၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအစိုးရက တရားဝင် အသိအမှတ်ပြုခဲ့ကာ ၁၉၂၄ ခုနှစ်တွင် အစိုးရမှ ကာကွယ် ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေညာခဲ့ပြီး ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် သစ်တောရေးရာဝန်ကြီးဌာနမှ ဘေးမဲ့ တောအဖြစ် ရေးဆွဲသတ်မှတ်ခဲ့သည်။
တပ်မတော်အစိုးရလက် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ကန်တော်ကြီးအမျိုးသားရုက္ခဗေဒ ဥယျာဉ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး လက်ရှိအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးကြပ်ဦးစီးလျက်ရှိပြီး ခရီးသွားလုပ်ငန်းအတွက် လည်ပတ်နိုင်သည့်နေရာတစ်ခုအဖြစ်လည်း ထည့်သွင်းသတ်မှတ်ထား သည်။
crd နိုင်ထူး