အဆိုတော် J Fire နဲ့ လက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသတ်မယ့် သရုပ်ဆောင် မိုးအောင်ရင်(ရုပ်သံ)

Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ်

ကိုဗစ်​ကာကွယ်​​ရေး​ဆေးဝါး​တွေလှူဒါန်းဖို့အတွက်​ ရည်​ရွယ်​ပြီး Burmese Street Boxing BSB ရဲ့ Celebrity Exhibition Fight Boxing သရုပ်ပြပွဲမှာ ပါဝင်​အားဖြည့်မယ့် မိုး​​အောင်​ရင်​က​တော့ J Fire နဲ့ထိုးကြိတ်​ဖို့ ပြင်​ဆင်​​နေတဲ့အ​ကြောင်းကို Myanmar Celebrity အင်တာဗျူးမှာ အခုလိုပဲ ​ဖြေဆိုထားပါတယ်

ဟိုအရင်​တုန်းက​လေ့ကျင့်​ပေးတဲ့ဆရာ​တွေက​နေဆက်​သွယ်​လာတာ ကျွန်​​တော်​က​တော့ ဆရာရယ်​ဘယ်​လိုထိုးမှာလဲဆို​တော့ သရုပ်​​ပြပဲတဲ့ covid ကာကွယ်​​ဆေးလှူဖို့ရန်​ပုံ​ငွေလိုချင်​တယ်​​ပေါ့ အဲဒီ့​တော့ကိုယ်​လည်းလှူချင်​​ပေမယ့် မတတ်​နိုင်​ဘူး​လေ ကိုယ်​လုပ်​​ပေးလိုက်​တာ​လေး​ကြောင့် သူတို့ရန်​ပုံ​ငွေရသွားမယ်​ဆိုရင်​​တော့ ကျွန်​​တော်​လည်းလှူတဲ့သ​​ဘောပဲဆိုပြီး လက်​ခံဖြစ်​သွားတာ

သရုပ်​ပြဆိုတဲ့သ​ဘောမှာ​တော့ တကယ်​ထိုးတာမဟုတ်​ဘူးလို့ သတ်​မှတ်​တာ​ပေါ့​နော်​ သူ့ဘာသာသရုပ်​ပြတယ်​​ပြော​ပြော ရုပ်​ရှင်​ရိုက်​​နေတာမဟုတ်​​တော့ ထိမိမှာ​တွေရှိတယ်​ နာကျင်​ထိခိုက်​မှာ​တွေရှိတယ်​ ဒါ​ပေမဲ့ဒါ​တွေကိုကိုယ်​သိရက်​နဲ့လက်​ခံထားတာပဲ​လေ လက်​​ဝှေ့ထိုးတာ ပန်းနဲ့​ပေါက်​​နေတာမှမဟုတ်​တာ ဒါကို​တော့အ​စောကြီးကတည်းကသိပြီးသားပါ

ကိုယ်ကိုတိုင်လည်းရူးရူးသွပ်သွပ်လေ့ကျင့်ဖူးတယ်ဆိုတော့ အဲဒီ့ကတည်းကဆရာတွေကလည်း စင်ပေါ်တတ်လို့ရပြီလို့မွှောက်ပေးကြတယ် လက်ဝွေ့ရုပ်ရွင်ဖြဈဖြဈရိုက်လိုက်တော့ပေါ့ အခုတော့အဲ့ဒါလေးအေကာင်အထည်ဖော်လို့ရတယ်လို့ပြောရင်လည်းမမွားဘူးပေါ့ သူငယ်ချင်းတွေကလည်း အားပေးကြတယ် စိတ်ဝင်စားနေကြတယ်

စိတ်​ပူ​တဲ့သူ​တွေရှိတာ​ပေါ့ အ​ဖေဆိုရင်​လည်းစိတ်​ပူတယ်​ ငါ့သား မင်းဘာလို့ဒါကြီးကိုလက်​ခံလိုက်​တာလဲ​ပေါ့ အ​ဖေကဒါမျိုး​တွေအရမ်းစိတ်​ပူတယ်​ မိဘ၂ပါးလုံးကစိတ်​ပူတယ်​ အ​မေကလည်းရုပ်​ရှင်​မင်းသမီး​လေသံနဲ့ ငါ့သား​လေးရယ်​ဆိုပြီးဖြစ်​​နေတာ အခုအင်္ဂလန်​မှာရှိ​နေလို့ ဒီမှာသာဆိုရင်​အပီအပြင်​တားမှာ​သေချာတယ်​ ကျွန်​​တော်​ကတော့​ယောက်ျားပဲဗျာ ချမယ်​​ပေါ့

အခုမှစပြီး​လေ့ကျင့်ရမှာ ကျွန်​​တော်​ပျက်​​နေတာ​တော်​​တော်​ကြာပြီ အလယ်​မှာ body buliding လုပ်​ချင်​​တော့ ဒါကဝိတ်​ကျ​စေ​တော့ရပ်​လိုက်​ရတာ​ပေါ့ အဲဒီ့​တော့မ​ဆော့ဖြစ်​ဘူး အခုကလိုအပ်​လာပြီ​လေ စင်​​ပေါ်မှာ၂​ယောက်​ထဲ​တွေ့မှထွက်​​ပြေးလို့မရဘူး​လေ  တစ်​ဖက်​က J Fire ​လေ သူကအဆို​တော်​ ကျွန်​​တော်​ကသရုပ်​​ဆောင်​ဆို​တော့ နည်းနည်းအလှမ်း​ဝေး​နေ​သေးတာ​ပေါ့​နော်​ ဘယ်​လိုဖြစ်​လာမလဲ​တော့မသိဘူး သူနဲ့​တော့ဒါပထမဆုံးဆုံဖူးတာ​ပေါ့ အဲဒီ့​တော့ အ​ကောင်းဆုံးဖြစ်​​စေဖို့ပဲဆု​တောင်းတယ်​ အခု​တော့ ကိုယ်​အဆင်​​ပြေတဲ့ Gym မှာ ကိုယ်​​ဆော့​နေကြတာ​ပေါ့ ပြီး​တော့မှ သူလာJoinမလား မသိဘူး​ပေါ့ လို့​ဖြေဆိုထားတာပါ

မိုး​အောင်​ရင်​က​တော့ စင်​​ပေါ်တတ်​ရမှာကို​ စိတ်​​ကျေနပ်​မှုရှိလား​ဆိုတဲ့​မေးခွန်းကို​  ​ကျေနပ်​မှုရှိပါ့မလားဗျာ ​ကြောက်​တာ​ပေါ့ ခုနက ​လေ့ကျင့်မယ်​ဆိုတုန်းက​တောင်​ ခဏ​လေး​ကြောက်​​သေး​ပေါက်​လိုက်​ဦးမယ်​ဆိုပြီး အိမ်​သာထဲ​ရောက်​သွား​သေးတယ်​ ငါတလွဲဖြစ်​ရင်​ ငါခံရမှာပဲဆိုပြီး ​ကြောက်​စိတ်​​တော့ရှိမှာပဲ

ဂိမ်း​ဆော့ရင်​လည်း နိုင်​ချင်​လို့​ဆော့တာပဲ​လေ သူရယ်​ကိုယ်​ရယ်​အပြိုင်​​ဆော့ရမှာက​တော့ အပြင်​မှာ ​သွေးထွက်​သံယိုမဖြစ်​ပါ​စေနဲ့လို့ပဲဆု​တောင်းတယ်​ စင်​​ပေါ်ထိုးတာ​တွေကြည့်ရင်​ သူတို့အရမ်းလျှင်​တယ်​ ကိုယ့်ဆီထိုးတာမြင်​ရင်​​ရှောင်​လိုက်​တယ်​ အားနည်းချက်​ကိုရှာတယ်​ ဒါ​တွေက ကျွန်​​တော်​အရင်​​လေ့ကျင့်တာမျိုးနဲ့​တောင်​ ရမှာမဟုတ်​ဘူး မ​လေ့ကျင့်ခဲ့တာက ထိခိုက်​ရှနာဖြစ်​မှာစိုးလို့​ပေါ့ အခုကျ​တော့ဒီမှာမ​လေ့ကျင့်ရင်​ ဟိုမှာထိရင်​ပိုဆိုးမယ်​​ဆို​တော့ ဒီတစ်​ခါ​သေချာလုပ်​ရမယ်​ မကွဲ​အောင်​​ပေါ့

ကိုဗစ်​ရန်​ပုံ​ငွေအတွက်​ အနုပညာရှင်​​တွေပါ ပါဝင်​အားဖြည့်ထားမယ့် ဒီပွဲကို​တော့ စပွန်​ဆာကိစ္စ​နဲ့ ရက်​အတိအကျညှိလို့မရ​သေး​ပေမယ့် ​နောက်​လဆန်း​လောက်​မှာ ကျင်းပသွားမယ်​လို့သိရပါတယ်​။ မိုး​အောင်​ရင်​​က​တော့ သူ့ကိုစိတ်​ပူ​နေမယ့်ပရိသတ်​အတွက်​ အားလုံးစိတ်မပူကြပါနဲ့ အ‌ကောင်းဆုံးဖြစ်‌အောင်ကြိုးစားပါမယ် နိုင်စေချင်သူတွေအတွက်လည်း နိုင်အောင်လေ့ကျင့်ပေးပါမယ် လို့ ဆိုထားပါတယ်

crd Shwe Yaung Myanmar