ATM စက္ထဲ မေတာ္တဆ ကဒ္ဝင္သြားၿပီး ျပန္မထြက္လာခဲ့ရင္ ခ်က္ျခင္းျပန္ရမယ့္ နည္းလမ္းပါ..
ညေန ၅ နာရီေက်ာ္ေလာက္က ေစ်းဝယ္ဖို႔ ပိုက္ဆံလိုလို႔ ATM ကဒ္ထုတ္ပါတယ္။ ေငြလည္း ထြက္မလာ၊ ကဒ္လည္း ျပန္ထြက္မလာေတာ့ လူလည္း ထူပူသြားတယ္။
နီးစပ္ရာဘဏ္ ဖုန္းဆက္ေတာ့ အခုက ဘဏ္ေတြပိတ္ခ်ိန္ ျဖစ္ေနတာမို႔ မနက္ျဖန္မနက္မွ လုပ္ေပးလို႔ရေတာ့မယ္။ စိတ္မပူနဲ႔ေနာ္။ မနက္ျဖန္ ၉ နာရီခြဲေလာက္ ကဒ္လာယူ တဲ့။
သူကသာ စိတ္မပူနဲ႔ ေျပာတာ။ ကိုယ္မွာေတာ့ ေဆးခန္းျပဖို႔လည္း ပိုက္ဆံမရွိ။ ကဒ္ကလည္း မေတာ္လို႔ ျပန္ထြက္ၿပီး ေငြပါ ထြက္လာရင္ အေခ်ာင္ ငါးေသာင္းက ပါသြားမွာ။ ကဲ အႀကံထုတ္စမ္းဆိုၿပီး ထြက္လာတဲ့ အႀကံ..
ေနာက္ဖုန္းတလုံးနဲ႔ နီးစပ္ရာ ဘဏ္ဖုန္း ဆက္လိုက္တယ္။ ညီမေရ အကို ညီမတို႔ ဘဏ္နားက ATM စက္မွာ ငါးေသာင္း ထုတ္တာ သုံးသိန္း ထြက္လာတယ္။
အဲဒါ အကို ATM ကဒ္ထဲမွာ ေျခာက္ေသာင္းပဲ ရွိတာ။ ဘယ္လို ျပန္ေပးရမလဲ ဆိုၿပီးဆက္လိုက္တာ။ ၁၅ မိနစ္ေတာင္ မၾကာဘူး။ ဘဏ္ကားနဲ႔ လာၾကေရာ။
ကိုယ္လည္း ခပ္တည္တည္ပဲ။ ကဒ္ ျပန္ထုတ္၊ ေငြလည္း ထုတ္ၿပီး ။ ညည္းတို႔က ေလ ညည္းတို႔ဟာေလး ပါသြားၿပီဆိုေတာ့ ေျပးလာၾကလိုက္တာ။ ငါ့ဟာေလးညည္းတို႔ထဲ ညပ္က်န္ေနေတာ့ တစ္ည အိပ္ခိုင္းတယ္ေနာ္ လို႔။ ေနာက္ဘဝ ခုထက္ပိုလည္သြားေအာင္ ဘုန္းႀကီးေက်ာင္းမွာ ပန္ကာေလး ဘာေလး သြားလႉလိုက္ၾကအုန္း သလား။ ဘယ္ရမလဲ ေရႊညဏ္ေတာ္စူးေရာက္တဲ့ ငါပါဟဲ့..
အဲ့လိုလုပ္ရင္ေကာင္းမလား ေတြးမိတာေလးပါ.. တကယ္မလုပ္ဖူးဘူးေနာ္..
မူရင္းေရးသား သူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Unicode
ATM စက်ထဲ မတော်တဆ ကဒ်ဝင်သွားပြီး ပြန်မထွက်လာခဲ့ရင် ချက်ခြင်းပြန်ရမယ့် နည်းလမ်းပါ..
ညနေ ၅ နာရီကျော်လောက်က စျေးဝယ်ဖို့ ပိုက်ဆံလိုလို့ ATM ကဒ်ထုတ်ပါတယ်။ ငွေလည်း ထွက်မလာ၊ ကဒ်လည်း ပြန်ထွက်မလာတော့ လူလည်း ထူပူသွားတယ်။
နီးစပ်ရာဘဏ် ဖုန်းဆက်တော့ အခုက ဘဏ်တွေပိတ်ချိန် ဖြစ်နေတာမို့ မနက်ဖြန်မနက်မှ လုပ်ပေးလို့ရတော့မယ်။ စိတ်မပူနဲ့နော်။ မနက်ဖြန် ၉ နာရီခွဲလောက် ကဒ်လာယူ တဲ့။
သူကသာ စိတ်မပူနဲ့ ပြောတာ။ ကိုယ်မှာတော့ ဆေးခန်းပြဖို့လည်း ပိုက်ဆံမရှိ။ ကဒ်ကလည်း မတော်လို့ ပြန်ထွက်ပြီး ငွေပါ ထွက်လာရင် အချောင် ငါးသောင်းက ပါသွားမှာ။ ကဲ အကြံထုတ်စမ်းဆိုပြီး ထွက်လာတဲ့ အကြံ..
နောက်ဖုန်းတလုံးနဲ့ နီးစပ်ရာ ဘဏ်ဖုန်း ဆက်လိုက်တယ်။ ညီမရေ အကို ညီမတို့ ဘဏ်နားက ATM စက်မှာ ငါးသောင်း ထုတ်တာ သုံးသိန်း ထွက်လာတယ်။
အဲဒါ အကို ATM ကဒ်ထဲမှာ ခြောက်သောင်းပဲ ရှိတာ။ ဘယ်လို ပြန်ပေးရမလဲ ဆိုပြီးဆက်လိုက်တာ။ ၁၅ မိနစ်တောင် မကြာဘူး။ ဘဏ်ကားနဲ့ လာကြရော။
ကိုယ်လည်း ခပ်တည်တည်ပဲ။ ကဒ် ပြန်ထုတ်၊ ငွေလည်း ထုတ်ပြီး ။ ညည်းတို့က လေ ညည်းတို့ဟာလေး ပါသွားပြီဆိုတော့ ပြေးလာကြလိုက်တာ။ ငါ့ဟာလေးညည်းတို့ထဲ ညပ်ကျန်နေတော့ တစ်ည အိပ်ခိုင်းတယ်နော် လို့။ နောက်ဘဝ ခုထက်ပိုလည်သွားအောင် ဘုန်းကြီးကျောင်းမှာ ပန်ကာလေး ဘာလေး သွားလှူလိုက်ကြအုန်း သလား။ ဘယ်ရမလဲ ရွှေညဏ်တော်စူးရောက်တဲ့ ငါပါဟဲ့..
အဲ့လိုလုပ်ရင်ကောင်းမလား တွေးမိတာလေးပါ.. တကယ်မလုပ်ဖူးဘူးနော်..
မူရင်းရေးသား သူအား လေးစားစွာဖြင့် Credit ပေးပါသည်။