“ဘီလျံနာ ဘဏ်သူဌေးမဘဝမှ ဗုဒ္ဓဘာသာသီလရှင်တစ်ပါးဖြစ်လာသူ တစ်ဦး” (ရုပ်သံ)

အယ်မာစလိတ် Emma Slade ဆိုတဲ့ ဗြိတိန်သူ ဟာ တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ ဘဏ်သူဌေးမတစ် ယောက်ပါ။ ဘယ်လောက်ချမ်းသာသလဲဆိုရင် အမေရိကန် ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာတာပါ

ဒါပေမယ့် သူဘဝဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ရပါတယ် ၁၉၉၇ခုနှစ် တုန်းက သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်က သူတည်းတဲ့ ဟိုတယ်ခန်းထဲမှာ ဓါးပြတိုက်ခံရတာကစတာပါ။အဲဒီသကောင့်သားက သူ့ဝမ်းဗိုက်ကိုသေနတ်ပြောင်းဝနဲ့ တေ့ထားတယ် အျခားလက္တစ္ဖက္က သူ့ပါးစပ်ပေါ်မှာ ပြီးတော့ သူ့ကို ကော်ဇော ပေါ် တွန်းချတယ်

ဆရာလေးအနေနဲ့ တကယ့်ကို မသေချင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်တယ် ချက်ခြင်းဆိုသလိုပဲ မကြာမီဆုံးရှုံးတော့မယ့် ဘဝနဲ့ပတ်သက်ပြီး အတွေးကြီးကြီး တစ်ခုဝင်လာတယ် လို့ သူကပြောပါတယ်။ဆလိတ်ဟာကံကောင်းထောက်မစွာနဲ့ သေဘေးက လက်မတင်ကလေး လွတ်ခဲ့ရပါတယ် အဲဒီနောက်မှာ သူဟာ ဘဝနဲ့ပတ်သက်လို့ပိုပြီးကြီးမားနက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် တွေကို အငမ်းမရရှာခဲ့တယ်

ဓားပြတွေလက်က အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့သူမရဲ့ စီးပွားရေးကိုရပ်တန့်လိုက်ပြီး ဟိမဝန္တာတောင်တန်းတွေဘက်ကို ခရီးထွက်ခဲ့ပါတယ်။ကမ္ဘာ့အအေးချမ်းဆုံးလို့သိကြတဲ့ ဘူတန်နိုင်ငံကိုရောက်ခဲ့ပြီး လာမားဘုန်းတော်ကြီးတွေနဲ့ တွေ့ခဲ့ပါတယ် လာမားဘုန်းတော်ကြီးတွေဆီကနေ ဗုဒ္ဓဘာသာကို လေ့လာခွင့်ရခဲ့ပြီး ဘဝနေထိုင်မှုတွေကိုပါသင်ယူခဲ့ပါတယ်။အဲဒီနောက်တော့ သူမဟာ ဘူတန်နိုင်ငံရဲ့ ပထမဆုံးသော သီလရင်ဖြစ်လာခဲ့ပါတယ် အဲဒါတွေနဲ့ ပတ်သက်လို့သူဟာ စာအုပ်တစ် အုပ်ရေးတယ်

စာအုပ်နာမည်က လွတ်မြောက်ခြင်း- ဘဏ်သူဋ္ဌေးမှ ဘူတန်ရှိဗုဒ္ဓဘာသာသို့ ဘဝပြောင်းခရီး ဖြစ်ပါတယ် ဆလိတ်ဟာ ဟိမဝန္ဒာတောင်တန်းတွေဆီရောက်သွားတယ်။အဲဒီနေရာမှာ သူဟာ ဘုန်းတော်ကြီးတွေဆီက ဗုဒ္ဓဘာသာလေ့လာသင်ယူခွင့်ရခဲ့တယ်။သူဟာ တရားတွေကို ကိုယ်တိုင်ကျင့်ကြံတယ်။သိပ် မကြာလိုက်ပါဘူး။ဆလိတ်ဟာ ဘူတန်ရဲ့ ပထမဆုံးသော အနောက်နိုင်ငံသူ ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်သွားပါတယ်

သူ့ရဲ့အရင် ဘဏ်သူဋ္ဌေးဘဝအကြောင်းမေးတဲ့အခါ သူက ဆရာလေးအနေနဲ့ ဘာတစ္ခု မှဆုံးရှုံးမသွားဘူး။ အများကြီးထပ်ရလိုက်တာ လို့ပြောပါတယ်။အခုဆလိတ္ကို သီလရှင်ဆရာလေး အနီပီမာဒေကီအနေနဲ့သိကြပါတယ် တိုင်းမ်မဂ္ဂဇင်းက ဆရာလေးကို ဟောင်ကောင်မှာတွေ့ခဲ့ပါတယ်။ဆရာလေးက သူ့ရဲ့ စာအုပ္ကို အရောင်းမြှင့်တင်ဖို့ရောက်နေတာပါ။အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာဟာ သူ့ ဘဝကို လေးလေးနက်နက်အကြီးအကျယ်ပြောင်းလဲစေခဲ့တယ်လို့ ဆရာလေး အနီပီမာ ဒေကီကပြောပါတယ် အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝကိုလိုချင်တဲ့သူတွေကို ဘာအကြံပေးမလဲဆိုတော့ ငြိမ်းအေးတဲ့ စိတ်ကလေးတွေ မွေးတဲ့အလုပ်ကို နည်းနည်းပိုပြီးဦးစားပေးလိုက်ပါ လို့ဆိုပါတယ်။ အခြားသူတွေကိုကြင်နာမှုပြသပါ။လူသားတွေ၊ တိရစ္ဆာန်တွေ၊ဘယ်သူတွေပဲဖြစ်ဖြစ်ပါ ဒီလိုလုပ္တာဟာ တည်ငြိမ်ပြီးကြည်လင်တဲ့ စိတ်အကြည်ဓါတ်ကိုရစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်လို့ ဆရာလေးကပြောပါတယ်

လက်ရှိအချိန်မှာAni PemaDekiလို့ဘွဲ့အမည်ခံယူထားတဲ့ Slade ဟာ သီလရင်ဘဝနဲ့ တရာလေ့လာအားထုတ်သူဖြစ်နေပြီး Opening Your Heart to Bhutan ဆိုတဲ့ပရဟိတအဖွဲ့ကို ထူထောင်ထားပါသေးတယ်။လူတွေက ကျွန်မဘီလျံနာသူဌေးဘဝကနေ အခုဘဝကို ရောက်သွားတာ ဆုံးရှုံးသွားတယ်လို့ထင်ကြတယ်။ တကယ်ကကျွန်မအမြတ်တွေရရှိလိုက်တာပါ။သတိတရားက ကိုယ့်ကိုပိုပြီးတည်ငြိမ်အေးချမ်းစေတယ်။ မေတ္တာတရားက ကိုယ့်ကို ပျော်ရွှင်ချမ်းမြေ့ စေတယ်လို့ ဆရာလေးက ဆိုပါတယ် crd