သင့်အိမ်ကို ကြွက်မလာအောင် ဒီနည်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလို ကူညီနိုင်မှာမ ဟုတ် ။ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို
သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီး မင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ်
အစားအစာ ရှိ တဲ့ နေရာမှာ ကြွက်တွေ ပျော်ကြပါတယ် ။ အထူးသဖြင့် ၎င်းတို့အတွက် အစားအစာ လွယ်ကူတဲ့ နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်
။ကြွက်က လူတွေအတွက် ကျန်းမာ ရေးကို ထိခိုက်စေနိုင်တယ်လို့ အား လုံးက သိပြီးသားပါ ။ အ ကုသိုလ် ကင်းကင်းနဲ့ အိမ်မှာ ကြွက် မနေ နိုင် အောင် လုပ် ဖို့ အလွယ်ဆုံး နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်
ဂွမ်းစတွေကို အလုံးကလေးတွေလုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကျင်လည်ရာ နေရာ တစ်လျှောက်မှာ ချထားလိုက်ပါ ။ ကြွက်တွေ က ငရုတ်ဆီကို ကြောက်ကြပါတယ်
။ကြွက်တွေမခံနိုင်တဲ့ အနံ့ထဲမှာတော့ လေးညှင်းနံ့လည်း ပါဝင်ပါတယ် ။ လေးညှင်းနံ့ ရှိတဲ့ နေရာဆို ရင် ကြွက်တွေက နောက်တစ်ကြိမ် ထပ်မလာတော့ဘူးလို့ တောင် သိရှိရပါတယ်
လေးညှင်းပွင့် လေးညှင်းဆီကတော့ အိမ်အ တွက် အကောင်း ဆုံး ဖြစ်ပါတယ် ။ပရုတ်လုံးထည့်တဲ့ သေတ္တာ လေးတွေကို ကြွက်နေတတ်တဲ့ နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ
ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့် စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ် ။ ဆပ်ပြာမှုန့်ကို ရေနဲ့ နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ
ငရုတ်ဆီ အနည်းငယ်ထည့်ပြီး စပရေးဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖျန်းပေးပါ ။သုံးလေးရက် တစ်ခါလောက်မှ သည်နည်းကို သုံးလို့ရပါတယ် ။ ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်
အထက်ဖော်ပြပါ ကြွက်ပြေးနည်းကို ကျွန်တော်၊ကျွန်မတို့အား ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။ ယခုလို အချိန်ပေး ဖတ်ရှု ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် Crd