ဒူးနာသူတိုင်းကို ကိုယ်ချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်

ဒူးနာဖူးသူမှ သိလို့ ကိုယ်ချင်း စာစိတ်နဲ့ ဆေးနည်း၊ တင်ပေးလိုက် ပါတယ်နော် ဒီနည်းလမ်းကစာရေးဆရာမ လှိုင်း တောင်ကြီး ရဲ့ လက်တွေ့ ဒူးနာပျောက် ဆေးနည်းတစ်ခုပါ

ဒူးနာပျောက်တဲ့ ဆေးနည်းပြော ပြမယ် နော် လက်တွေ့သက်၊ သာခဲ့တာမို့ ဒူးနာနေတဲ့ မိတ်ဆွေ တွေလုပ်ကြည့် စေချင်ပါတယ် ကျမညာ ဖက်ဒူးက တစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီး နာနေတာ တော်တော်ကြာပေါ့

နာလာရင် အော်နေရတယ်ဆေးမျိုးစုံလိမ်း ကြည့်တာ ပူပြီးနံတယ် ခဏသက်သာ၊ တယ်ပြန်ဖြစ် ရော ဒါနဲ့ ခြေဖနောင့် နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်း၊ အတိုင်း လုပ်ကြည့် မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ ပျောက်သွားလို့ ရန်ကုန်မှာ၊ ချော်လဲလို့ရတဲ့ ဒဏ်ရာနာ နေတာကြောင့် ခုပြန်လုပ်ထား ပါတယ် ခြေသလုံးပုံပါ နေလို့ကန်တော့ပါရှင်

ရှားစောင်းလက်ပတ်၊ လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီး အပြားလိုက် နှစ်ခြမ်းခြမ်း လိုက်ပါ ပြီးရင် မီးနွေးနွေး လေးကင်ပါ အပူခံနိုင် သလောက်ကင်ပြီးရင်၊ဒူးခေါင်းပေါ်မှာ ဖြေးဖြေး ခြင်းတင်ပါ

ပြီးရင်ရှား စောင်းလက်ပတ် ပြုတ်ကျမှာ စိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ်၊ ကိုအနေတော် ညှပ်ပြီ အပြင်မှာပြန် ကပ်ထားပါ ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့ မလျှော့မတင်းစီးပြီးထားပါ၊ သွားစရာ မရှိရင်တော့ နေလည်လဲ၊ လုပ်ထားလို့ ရပါတယ်

ညအိပ်ရာဝင်၊ လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီး အိပ်လိုက် မနက်ကျတော့ ပြန်ဖြေ နောက် ရက်ည အိပ်ရာဝင် တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီး၊ပျောက်ပါမယ်ကျမတော့ ၃ ရက်ဆက် လုပ်တာနဲ့ ခုပျောက်သွားပြီ

ခုတော့ ချော်လဲထားတဲ့ ဘယ်ဖက်ဒူးက ဒဏ်ကိုပြန် လုပ်ထားတာပါခြေဖနောင့်၊ နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်၊ မနာတော့ပါဘူး ဒူးနာတဲ့ သူတွေကို ကိုယ်ခြင်းစာလို့တင်ပေး လိုက်တာပါ လုပ်ကြည့် ကြပါနော် Crd မူရင်းရေးသားသူ