Unicode
ကိုဗစ်တိုက်ဖျက်ရေးမှာ လှိုင်ကျန်းမာရေး သူရဲကောင်းတစ်ဦးကြွေလွင့်ခြင်း
Hlaing Quarantine Center မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်းမာရေးဆရာမကြီး ကွယ်လွန်ခဲ့ရပါပြီ။Hlaing Quarantine Center မှာ စေတနာ့ဝန်ထမ်းလုပ်နေသူများက ဝမ်းနည်းစွာနဲ့ ယခုလို Post တင်ထားပါတယ်
မမေ့နိုင်တဲ့တွေ့ဆုံမှုတွေကို အမြဲအမှတ်ရလွမ်းဆွတ်နေမှာပါ ဆရာမကြီးရေ။မိဘတစ်ယောက်လို အမြဲသွန်သင်ဆုံးမတတ်တဲ့ဆရာမကြီးသားတို့ယူကြုံးမရဖြစ်ရပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးမှာ ရှေ့တန်းက တက်ကြွစွာ တာဝန်ထမ်းဆောင်စဉ်က ပုံရိပ်လေး မိသားစုညီအကိုမောင်နှမများ လုပ်ဖော်ကိုင်ဖက်များ မြို့နယ်သူမြို့နယ်သားများနဲ့ထပ်တူဝမ်းနည်းရပါတယ် ဆရာမကြီးဒေါ်သန်းသန်းရီ ကောင်းရာသုဂတိလားပါစေ ဆိုပြီး တင်ထားတာဖြစ်ပါတယ်
ကိုဗစ်ရောဂါကို ရှေ့တန်းက တိုက်ထုတ်နေသူတစ်ဦးယခုလို ကွယ်လွန်သွားရတာဟာ တကယ်ကို စိတ်မကောင်းစရာဖြစ်ပါတယ်။ ပြင်ဆင်ချက်။ ။ဆရာမကြီး ဒေါ်သန်းသန်းရီ ကွယ်လွန်ရတာဟာ ကိုဗစ်ကြောင့် မဟုတ်ဘဲ ခေါင်းမှာသွေးကြောထုံးပြီး ခေါင်းကိုက်နေလို့ ဆရာဝန်သွားပြရာမှ မခွဲစိတ်ခင် ခေါင်းလျှော်ရာမှ သွေးကြောပိတ်ပြီး ကွယ်လွန်ခဲ့ရတာလို့ သိရပါတယ်
Hlaing Quarantine Center Volunteer